မန်စီးတီးနောက်ခံရှိပြီး ဒန်အက်ရှ်ဝေါ့သ်ကို ထုတ်ပယ်ကာ အပြောင်းအရွှေ့ကို တာဝန်ယူခဲ့ပေမဲ့ ကစားသမားခေါ်ယူမှု အမှားတွေကြောင့် တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းမှာ ပရိသတ်တွေရဲ့ ဒေါသပုံချခံနေရတဲ့ ဂျေဆန်ဝီလ်ကော့စ်အကြောင်း သုံးသပ်ချက်။
ဝီလ်ကော့စ်က အင်္ဂလန်လက်ရွေးစင်အသင်းတောင်ပံကစားသမားဟောင်းဖြစ်ပြီး ၁၉၉၄-၉၅ ရာသီမွာ
ဘလက်ဘန်းအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးတယ်။
သူဟာ မန်ယူအသင်းရဲ့ခါးသီးတဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ လူငယ်အကယ်ဒမီတာဝန်ခံအဖြစ် ၁၅ လကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။
အဲဒီအချက်ကလည်းမန်ယူပရိသတ်တွေ သူ့ကို သံသယဝင်ရတဲ့အကြောင်းရင်းတစ်ခုပါ။ရယ်စရာအနေနဲ့ ပြောရရင် ဝီလ်ကော့စ်က
မန်ယူအသင်းပျက်စီးသထက်ပျက်စီးအောင် မန်််စီးတီးက လွှတ်လိုက်တဲ့ ဒလန်လိုဖြစ်နေတာပါ။
၂၀၂၄ ခုနှစ် ဧပြီလမှာ သူက မန်ယူအသင်းကို စတင်ရောက်ရှိခဲ့ပါတယ်။ အစပိုင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက္တာ (Technical Director) အဖြစ် တာဝန်ယူခဲ့ဖူးတယ်။
မန်ယူအသင်းရဲ့အမှုဆောင်အရာရှိချုပ် အိုမာဘာရာဒါကလည်း မန်််စီးတီးကနေ ရောက်လာသူဖြစ်သလို၊ ဝီလ်ကော့စ်နဲ့အတူတူအလုပ်လုပ်ခဲ့သူတွေပါ။
ပြီးတော့ ၂၀၂၅ ခုနှစ် ဩဂုတ်််လမှာ မန်ယူအသင်း လူငယ်အကယ်ဒမီအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ စတီဖင် တော်ပီနဲ့လည်း သူတို့နှစ်ဦးအတူ လုပ်ကိုင်ခဲ့ဖူးပါတယ်။
မန်ယူကို စတင်ရောက်ရှိလာချိန်မှာ ဝီလ်ကော့စ်က အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကဏ္႑အားလုံးမှာ ပါဝင်လုပ်ကိုင်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံးအဆင့် ရရှိအောင်
ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့တယ်။ ဒါ့အပြင် သူဟာ အားကစားဒါရိုက္တာရာထူးအတွက်လည်း ပူးတွဲတာဝန်ယူထားရပါတယ်။
အဲရစ်တန်ဟက်ဂ်ကို ထုတ်ပယ်ပြီးနောက် ဘယ်သူ့ကို နည်းပြအဖြစ်ခန့်အပ်မလဲဆိုတာ သဘောထားကွဲလွဲပြီး
ဝီလ်ကော့စ်နဲ့ အိုမာဘာရာဒါက အားကစားဒါရိုက်တာဟောင်း ဒန်အက်ရှ်ဝေါ့သ်ကို ထုတ်ပယ်ခဲ့ဖူးတယ်။
ဒန်အက်ရှ်ဝေါ့သ်ထွက်သွားလို့ ဝီလ်ကော့စ်က ကစားသမား ခေါ် ယူတဲ့ကိစ္စတွေ ဦးဆောင်ခဲ့ရပြီး တလွဲတွေဖြစ်လာလို့ မန်ယူပရိသတ်တွေရဲ့ဒေါသနဲ့ စတင်ရင်ဆိုင်လာရတယ်။
ဒါပေမဲ့ ဝီလ်ကော့စ်က ကစားသမားဝယ်ယူမယ့် ဘတ်ဂျက်ကို ကိုယ်တိုင်စီမံခွင့်မရှိပါဘူး။ အူဂါတေးနဲ့ ရပ်ရှ်ဖို့ဒ်ကို မရောင်းထုတ်နိုင်တာက
မန်ယူရဲ့နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ကို အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။
အူဂါတေးက ဒဏ်ရာရ၊ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာက မလိုချင်တဲ့အခြေအနေကြောင့် ရောင်းမထုတ်နိုင်ခဲ့တာဟာ
ဝီလ်ကော့စ်တစ်ယောက်တည်းအပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။
ဒါပေမဲ့ ဘာကြောင့် ကွင်းလယ်လူတွေပဲ ခေါ်ခဲ့တာလဲ?
လုခ်ရှောနဲ့ဆက်ရှ်ကိုနေရာအတွက် ကစားသမားအသစ် ဘာလို့ မခေါ် တာလဲဆိုတဲ့မန်ယူပရိသတ်တွေရဲ့
ဒေါသမေးခွန်းက ဝီလ်ကော့စ်ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။
ရလဒ်တွေဆိုးရွားလွန်းပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်ပဲကွာတဲ့အခြေအနေမှာ မန်ယူပရိသတ်တွေက ဒေါသကဝီလ်ကော့စ်ဆီပိုပြီးပြိုကျလာပြန်တယ်။
ကာရစ်ကို အပြစ်မမြင်ကြတဲ့ မန်ယူပရိသတ်တွေက ညံ့ဖျင်းလွန်းတဲ့ကစားသမားတွေနဲ့ ဝီလ်ကော့စ်ကို ဆက်တိုက်ဝေဖန်နေကြတာပါ။