တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။
ဘာပေက တရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းကို အာဏာရှင်ဆိုပြီးသုံးနှုန်းခဲ့လို့ ပွဲဆူခဲ့တယ်။
တရုတ်အစိုးရနဲ့ဘာပေကို စပွန်ဆာပေးထားတဲ့တရုတ်ကုမ္ပဏီတွေက ဘာပေကိုအကြီးအကျယ်ကန့်ကွက်ခဲ့ကြပြီး စပွန်ဆာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ ဘာပေရုပ်ပုံတွေကိုဖုံးအုပ်ခဲ့သလိုတရုတ်လူမှုကွန်ရက်မှာလည်း ဘာပေနဲ့ပတ်သက်တာတွေ ပိတ်ပင်ခဲ့ပါတယ်။
လာလီဂါပြိုင်ပွဲကိုလည်းမပြတော့ဘူးလို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံကကြေညာခဲ့တယ်။ ဒါကြောင့်ပဲ
ဘာပေ၊ လာလီဂါအဖွဲ့ချုပ်နဲ့ ရီးယဲလ်အသင်းက ပြန်လည်တောင်းပန်ခဲ့ရတယ်။
အခုဆိုရင် တရုတ်အစိုးရက ဘာပေရဲ့တောင်းပန်စကားကြောင့် လာလီဂါပွဲတွေပြန်လည်ပြသဖို့စဉ်းစားဖွယ်ရှိပေမယ့်
တရုတ်နိုင်ငံအတွင်းက လူတချို့ကတော့ ဒေါသထွက်လို့ကောင်းနေဆဲပါ။
ရယ်စရာကောင်းတာက ဒေါသထွက်နေတဲ့ တရုတ်ပြည်သူတွေထဲ ဘာပေဘာပြောခဲ့မှန်းမသိဘဲဒေါသထွက်သူတွေလည်းရှိပါတယ်။
တရုတ်အစိုးရရဲ့ အင်တာနက်ထိန်းချုပ်မှုစည်းမျဥ်းကြောင့် မော်စီတုန်းကို အာဏာရှင်ဆိုပြီးပြောခဲ့တဲ့ ဘာပေရဲ့လုပ်ရပ်ကို မသိသူများစွာရှိခဲ့ပါတယ်။
ဒါပေမဲတဆင့်စကားတဆင့်ကြားဆိုသလိုပဲ တရုတ်ပြည်တွင်းလူမှုကွန်ရက် Weibo မှာ ဘာပေကိုအမုန်းကြီးမုန်းနေသူတွေ မြင်ရပါတယ်။
" ဘာပေကပြန်တောင်းပန်လည်း တသက်လုံးခွင့်မလွှတ်ဘူး။ သူ့ကိုတရုတ်နိုင်ငံအတွင်းမှာ Ban တာလက်ခံတယ်"လို့ Weibo သုံးစွဲသူတရုတ်နိုင်ငံသားတစ်ဦးက ပြောပါတယ်။
နောက်ထပ်တရုတ်ပြည်သူတစ်တစ်ဦးကလည်း" မင်းဝေဖန်လိုက်တာ ဘယ်သူလဲသိလား၊ တရုတ်ပြည်သူတွေကဲအနှိုင်းမဲ့ခေါင်းဆောင်" ဆိုပြီး
Weibo မှာ ရေးသားခဲ့သလို၊ နောက်ထပ်တစ်ယောက်ကလည်း " တရုတ်နိုင်ငံသမိုင်းမှာ အရေးကြီးဆုံးပုဂ္ဂိုလ်ကို
စော်ကားပြီးမှ တောင်းပန်လိုက်ရုံနဲ့ အားလုံးအဆင်ပြေသွားမယ်ထင်နေတာလား" လို့ ရေးသားခဲ့ပါတယ်။
အခုလို ပြောဆိုသူတွေရှိနေသလို၊ အခြားတစ်ဘက်မှာလည်းဘာပေဘာပြောမှန်းမသိလို အင်တာနက်မှာလိုက်ရှာသူတွေ၊
AI ကိုမေးနေသူ တရုတ်နိုင်ငံသားများစွာရှိနေဆဲပါ။ တရုတ်အစိုးရရဲ့အင်တာနက်ထိန်းချုပ်မှုစည်းမျဥ်းကြောင့် မော်စီတုန်းကို ဘာပေပြောခဲ့တဲ့အင်တာဗျူးနဲ့
ဘာပေမျက်နှာပြောင်းလဲထားတဲ့မော်စီတုန်းဓာတ်ပုံက တရုတ်လူမှုကွန်ရက်မှာ Screenshot တွေအဖြစ်
မြင်ရပေမယ့် ဘာပေရဲ့မျက်နှာနဲ့ မော်စီတုန်းကို အာဏာရှင်ဆိုပြီးပြောထားတဲ့စကားလုံးကို ဖျက်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ ဘာပေကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးရှိပါတယ်။
အဲဒီလူအုပ်ကြီးထဲမှာ အကြောင်းရင်းမယ်မယ်ရရမသိဘဲ ဘာပေကို ဒေါသထွက်သူများစွာ ရှိနေပါတယ်။
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။
နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။
အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။
၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။
နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။
မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။
အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။
တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။