တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။
နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးရှားဆုံးရာသီအစရလဒ်နဲ့ ရေစက်မဆုံအောင် မန်ယူအသင်း ရုန်းကန်ရပါမယ်။ ချယ်လ်ဆီးနဲ့ပွဲဟာ မိုက်ကယ်ကာရစ်အတွက်
သေရေးရှင်ရေးဖြစ်သလို၊ မန်ယူအတွက်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ၉ ပွဲဆက်နိုင်ပွဲပျောက်ဆုံးတဲ့မှတ်တမ်းဆိုးရင်မဆိုင်ရအောင် ရုန်းကန်ရမှာပါ။
မိုက်ကယ်ကာရစ်က အခုအချိန်မှာ ရလဒ်ဆိုးတွေကြောင့်ခေါင်းမဖော်နိုင်ပေမယ့် ဖာဂီခေတ်လွန်မန်ယူနည်းပြတွေထဲ နိုင်ပွဲရာခိုင်နှုန်းဒုတိယအများဆုံး အဖြစ်
ရပ်တည်နေတာပါ။ ဖာဂီခေတ်လွန်မှာ မော်ရင်ဟိုက နိုင်ပွဲရာခိုင်နှုန်း ၅၃ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး မိုက်ကယ်ကာရစ်က ၅၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ
ရပ်တည်နေတာပါ။ ဒါပေမဲ့ မိုက်ကယ်ကာရစ်လက်ထက်မှာ မန်ယူက ခံစစ်စွမ်းရည်ကျဆင်းနေပြီး အာမိုရင်မ်ပြီးရင် Clean Sheet ရာခိုင်နှုန်းအနည်းဆုံးနည်းပြအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်ယူအတွက် စိတ်အားတက်စရာက ဘရူနိုဖာနန်ဒက်စ်နဲ့ မိုက်ကယ်ကာရစ်ကြား ငြိမ်းချမ်းရေးပြန်ရခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်မပါဝင်တဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ နိုင်ပွဲရာခိုင်နှုန်း ၂၉ ရာခိုင်နှုန်း သာရှိခဲ့တယ်။
၂၀၂၀ ခုနှစ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ရောက်လာပြီးနောက် ၂၃၃ ပွဲကစားကာ နိုင်ပွဲ ၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ပြန်လည်သင့်မြတ်သွားတာ မန်ယူအတွက် မိုက်ကယ်ကာရစ်နဲ့ ဘရူနိုဖာနန်ဒက်စ် ပြန်လည်သင့်မြတ်သွားတာ လေပြေလေညှင်းပါပဲ။
ဘုရင့်နောင် ဖောင်ဖျက်ထုံး နှလုံးမူပြီး ချယ်လ်ဆီးကို မန်ယူ ရင်ဆိုင်ရမှာပါ။
မိုက်ကယ်ကာရစ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘုရင့်နောင်လိုကျင့်ကြံရပါမယ်။
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။
တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။
အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။
၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။
နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။
မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။
အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။
တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။