၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။
မန််စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် လီဗာပူးလ််က လေးပွဲဆက် အနိုင်ရခဲ့တယ်။ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ် (၆)မှတ်သာကွာပါတော့တယ်။
တကယ်လို့များ အာဆင်နယ်ကိုသာ အနိုင်ရမယ်ဆိုရင် နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထဲ ရောက်လာမှာပါ။
အာဆင်နယ်က အန်ဖီးလ်မှာ အိပ်မက်ဆိုးတွေ မက်လေ့ရှိပါတယ်။ အန်ဖီးလ်မှာကစားတဲ့နောက်ဆုံး (၁၃) ပွဲမွာ လီဗာပူးလ်က (၈)ပွဲနိုင်ထားပြီး တစ်ပွဲမှမရှုံးခဲ့ပါဘူး။
အန်ဖီးလ်မှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်နိုင်ပွဲ နောက်ဆုံးရခဲ့တာ ၂၀၁၂ ခုနှစ်ကဆိုတော့ နှစ်ကာလအားဖြင့် (၁၄)နှစ်တိုင်ခဲ့ပါပြီ။
အတိတ်အိပ်မက်ဆိုးအပြင် အာဆင်နယ်ကို လက်ရှိအချိန်မှာ အိပ်မက်ဆိုးပေးမယ့်သူက အန်ဖီးလ်ရပ်၀န်းမှာ ရှင်သန်နေတယ်။ အီဆက်ခ်ပါ။
လက်ရှိရာသီမှာ အီဆက်ခ်က penalty-box play ပိုထက်မြက်လာတယ်။ ပရီးမီးယားလိဂ်မှာ (၆) ဂိုးသွင်းထားပြီး ဟာလန်းပြီးရင် သွင်းဂိုးအများဆုံး၊
ထိချက်အနည်းဆုံးနဲ့ ဂိုးသွင်းနိုင်သူအဖြစ် ဂုဏ်ယူဖွယ်ရာရပ်တည်နေပါတယ်။
အန်ဖီးလ်မှတ်တမ်းရယ်၊ အီဆက်ခ်ဂိုးသွင်းစွမ်းရည်ရယ်က အာဆင်နယ်ကို အကြီးမားဆုံးခြောက်လှန့်နေပါတယ်။
အာဆင်နယ်က လိဂ္ဖလားမွာ ဖလက်၀ုဒ်အသင်းကို အံ့အားသင့်ဖွယ်အညံ့ခံရပြီး ယုံကြည်စိတ်ပျက်ပြားနေတယ်။
ဒါပေမဲ့ အာဆင်နယ်ရဲ့ အကြီးမားဆုံးအားသာချက်က ခံစစ်စွမ်းရည်ပါ။ ဆာလီဘာ မကစားနိုင်ပေမယ့်
အာဆင်နယ်ခံစစ်မှာ ဂါဘရီယဲလ်နဲ့ အက်ဇ်ရီ ကွန်ဆာ ပေါင်းစပ်ပြီး အစွမ်းပြနေပါတယ်။
လက်ရှိရာသီပရီးမီးယားလိဂ်မှာ (၅)ဂိုးသာပေးထားရပြီးပေးဂိုးအနည်းဆုံးအသင်းအဖြစ် အာဆင်နယ် ထည်ဝါနေပါတယ်။
ပြီးတော့ အာဆင်နယ်က အဲဗာတန်နဲ့နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ တည်ကန်ဘောကနေ ဂိုးပြန်ရခဲ့တာဟာ အားသာချက်အဖြစ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က တည်ကန်ဘောဘုရင်ဘွဲ့ပိုင်ဆိုင်ခဲ့ပြီး တည်ကန်ဘောသွင်းဂိုးတွေဟာ အာတီတာနဲ့ အာဆင်နယ်ရဲ့ မဟာဗျူဟာ ဖြစ်ခဲ့ပါတယ်။
အခုလည်း တည်ကန်ဘောကနေ ဂိုးလာဘ်ပွင့်ထားတဲ့ အာဆင်နယ်က တည်ကန်ဘောကာကွယ်တာညံ့တဲ့ လီဗာပူးလ္ကို တည်ကန်ဘောတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားပါလိမ့်မယ်။
အာဆင်နယ်က နှစ်ပေါင်း (၂၀)အတွင်းမှာ ချန်ပီယံအသင်းအဖြစ် ပထမဆုံးအကြိမ် အန္ဖီးလ္ကို ရောက်လာတာပါ။
လီဗာပူးလ်နည်းပြ အီရာအိုလာက အာဆင်နယ်ကို နည်းနည်းလေးမှ ကြောက်မနေပါဘူး။
အီရာအိုလာက " အာဆင်နယ်ပရိသတ်တွေက လီဗာပူးလ််််ကို အနိုင်ရမယ်ဆိုပြီး ယုံကြည်စိတ်လွန်ကဲနေပါတယ်။
လီဗာပူးလ်ကလည်း အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဘာကိုလာ၊ အီဆက်ခ်တို့ အတွဲမိလာသလို၊ ဖလော်ရီယန်ဗက်ဇ်ကလည်း အရင်ကထက်ပိုကောင်းလာပါပြီ" လို့
သတိပေးထားပါတယ်။
အာတီတာကလည်း" အန်ဖီးလ်မှာ (၁၄)နှစ်ကြာမနိုင်ခဲ့ပါဘူး။ အခုတော့ အနိုင်ယူရမယ့်အချိန်တန်ပြီ" လို့ ကြွေးကြော်လိုက်ပါတယ်။