မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။ ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။ တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။
