အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။
ဗီလာအသင်းဉက္ကဌ နာဆစ်ဆာဝီရစ်က Pundit ကာရေဂါကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
ကာရေဂါက နည်းပြအူနိုင်းအမ်မရီအနေနဲ့ ဗီလာကိုစွန့်ခွာပြီး မန်ယူအသင်းဆီသွားသင့်တယ်လို့ ပြောခဲ့တာပါ။
ပြီးတော့ကာရေဂါက ဗီလာအသင်းဟာမန်ယူလိုအဆင့်အတန်းမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့တယ်။
အဲဒီမှတ်ချက်ကြောင့် ဗီလာအသင်းဘက်က အတော်လေးဒေါသထွက်ပြီးတရားစွဲဖို့စီစဥ်နေတာဖြစ်ပါတယ်။
ကာရေဂါက " အူနိုင်းအမ်မရီက လက်ရှိပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြတစ်ဦးပါ။ မန်ယူကနည်းပြသစ်အဖြစ်အမ်မရီကို ရွေးချယ်သင့်ပါတယ်။
အမ်မရီအတွက်လည်း မန်ယူကိုရွေးချယ်လိုက်ရင် ထိပ်တန်းအဆင့်အသင်းတစ်သင်းကို နည်းပြခွင့်ရသွားမှာပါ။ သေချာတာက ဗီလာဟာမန်ယူလိုဖြစ်လာမှာ
မဟုတ်ဘူး" လို့ ပြောခဲ့တယ်။
ကာရေဂါက ရီးယဲလ်အသင်းဟာ မန်ယူရဲ့အကောင်းဆုံး စီရော်နယ်လ်ဒိုကို သိမ်းပိုက်ပြီး Ballon d'Or ဆုတွေ အများကြီးရအောင် ပြောင်းလဲပေးခဲ့သလိုမျိုးပဲ
အမ်မရီလည်းမန်ယူရောက်ရင်ပိုပြီးခမ်းနားကြီးကျယ်သွားလိမ့်မယ်လို့သုံးသပ်ခဲ့ပါတယ်။
ဗီလာအသင်းဘက်ကတော့ ကာရေဂါရဲ့စကားတွေဟာ စော်ကားလွန်းရာကျပြီး အဓိပ္ပါယ်ကင်းမဲ့လွန်းတယ်လို့ ယူဆနေပါတယ်။
အူနိုင်းအမ်မရီကလည်း ဗီလာကလွဲပြီး ဘယ်အသင်းမှစိတ်မဝင်စားဘူးလို့ ပြောထားပါတယ်။
မန်ယူလို တန်းဆင်းဇုန်အနားရောက်နေတဲ့ အသင်းနဲ့နှိုင်းယှဥ်တာ ဗီလာအတွက်ရင်နာစရာကောင်းပါတယ်။