Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ကိုရှုံးနိမ့်တဲ့ပွဲမှာ ပယ်နယ်တီမရလို့ လီဗာပူးလ်နည်းပြ အီရာအိုလာ ပေါက်ကွဲနေပါတယ်။

နောက်တစ်ခါဆိုရင် သူ့ကစားသမားတွေကို ဒိုင်ပင်ထိုးတက်အောင်သင်ပေးရမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ကိုင်ဟာဗတ်ဇ်ရဲ့ပွဲချိန် ၁၆ မိနစ် ဦးဆောင်ဂိုးကြောင့် အာဆင်နယ်အသင်း တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ

အာဆင်နယ်နောက်ခံလူ တင်မ်ဘာက လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ကို ဆွဲခဲ့တာပါ။ အီဆက်ခ်က ဘာကိုလာရဲ့

ဖြတ်တင်ဘောကိုခေါင်းတိုက်အဆုံးသ-တ်ဖို့အခွင့်အရေးကောင်းနေချိန်မှာ တင်မ်ဘာက ဆွဲခဲ့တာဖြစ်ပါတယ်။

တင်မ်ဘာဆွဲထားချိန်မှာ အီဆက်ခ်က လဲကျမသွားဘဲ ဂိုးသွင်းနိုင်အောင်ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်ဒိုင် မက်ဒလေနဲ့ VAR ဒိုင် စတူးဝပ်အက်ဝဲလ်က ဖြစ်ရပ်ကိုပြန်လည်မစစ်ဆေးခဲ့ပါဘူး။

လီဗာပူးလ်နည်းပြ အီရာအိုလာက " အီဆက်ခ်ကို ဆွဲခဲ့တာထင်ရှားပါတယ်။ အီဆက်ခ်က ခေါင်းတိုက်ဂိုးသွင်းဖို့အခွင့်အရေးကောင်း ပိုင်ဆိုင်ထားတာပါ။

ဒါပေမဲ့ ဆွဲခံရလို့ အခွင့်အရေးမရခဲ့ပါဘူး။ တကယ်လို့များ အီဆက်ခ်လဲကျသွားမယ်ဆိုရင် ကျိန်းသေပေါက်ပယ်နယ်တီရမှာပါ။

နောက်တစ်ခါဆိုရင်အီဆက်ခ်ကိုဒိုင်ပင်ထိုးခိုင်းရမယ်" လို့ ပြောဆိုခဲ့ပါတယ်။

အီဆက်ခ်က တင်မ်ဘာဆွဲခဲ့ချိန်မှာ ရိုးသားလွန်းခဲ့ပါတယ်။ ပယ်နယ်တီမတောင်းခဲ့ဘဲ တင်မ်ဘာကို ပြစ်တင်ပြောဆိုနေပုံမျိုးတွေ့ခဲ့ရတယ်။

နောက်တစ်ခါဆိုရင် ပယ်နယ်တီရအောင်လှဲချခိုင်းမှာလားလို့မေးတဲ့အခါ အီရာအိုလာက "သေချာတာပေါ့၊ လှဲချခိုင်းမယ်"ဆိုပြီးတုံ့ပြန်ခဲ့တယ်။

အီဆက်ခ်က လှဲမချဘဲ ဂိုးသွင်းနိုင်ဖို့သာ ရည်ရွယ်ခဲ့တာအတွက်လည်း အီရာအိုလာအားမလိုအားမရဖြစ်ခဲ့ပါတယ်။

" အီဆက်ခ်ကရိုးသားလွန်းအားကြီးတယ်" လို့ အီရာအိုလာပြောခဲ့တာပါ။

အခုအဖြစ်အပျက်ကို Minimal contact လို့သတ်မှတ်ကာပယ်နယ်တီမပေးခဲ့တာအတွက် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ကတောင်းပန်စာထုတ်သင့်တယ်ဆိုပြီး

အီရာအိုလာပြောခဲ့ပါတယ်။ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါရင်းကန်က " တင်မ်ဘာက စွန့်စားပြီး အီဆက်ခ်ကိုဆွဲခဲ့ပါတယ်။

ဒါက ပယ်နယ်တီပေးရမယ့်ဖြစ်ရပ်ပါ" လို့သုံးသပ်ခဲ့တယ်။

လီဗာပူးလ်ကအာဆင်နယ်နဲ့ပွဲမှာ နောက်ထပ်ပယ်နယ်တီ ရမယ့်အခြေအနေပိုင်ဆိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဂိုးဧရိယာထဲမှာ ဂက်ပိုဘောလုံးရနေချိန် ဇိုလစ်ကြောင့်လဲကျခဲ့တာပါ။

ဗန်ဒိုက်က " ကင်မရာအလုံး ၅၀ လောက်ရှိပေမယ့် ပယ်နယ်တီ မရခဲ့ပါဘူး။ အဆုံးသ-တ်မှာ ကျွန်တော်တို့အသင်း ကံဆိုးစွာရှုံးနိမ့်ခဲ့ပါတယ်" လို့ဝေဖန်ခဲ့တယ်။

လီဗာပူးလ်ကပယ်နယ်တီမရခဲ့တာ တကယ်နစ်နာလွန်းပါတယ်။

ဆက်စပ်သတင်းများ

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

မန်စီးတီး ဘာတွေ မှားနေလဲ?
Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?
Football News

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: