တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။
မာတီနက်ဇ်ရဲ့၈၃ စက္ကန့်ကြာ အရူးထမှုဟာ မန်ယူကို တန်းဆင်းအန္တရာယ်ထဲထပ်ပြီးတွန်းပို့လိုက်တယ်။
မာတီနက်ဇ်က မူကြိုကလေးတစ်ယောက်လိုမျိုး မော်ဂန်ရော်ဂျာစ်ဆီကနေ ဘောလုံးလိုက်လုတယ်။
မရဘူး၊ မော်ဂန်ရော်ဂျာစ်က ဟောင်းလောင်းပေါက် မန်ယူခံစစ်ကို အလှူအိမ်လိုသဘောထားပြီး အေးအေးဆေးဆေးဝင်သွားကာဂိုးသွင်းခဲ့ပါတယ်။
အဲဒီနောက် မာတီနက်ဇ်က ရှက်ရမ်း ရမ်းပြီး အီစတီဗာအိုကိုလိုက်ဆွဲပြန်တယ်။
ညစ်ပြီးရင်းညစ်၊အရှက်ကွဲပြီးရင်းကွဲလာတဲ့ မာတီနက်ဇ်က နောက်ဆုံးကြံရာမရဘဲ လူမိုက်ဇ ပြလိုက်ပါတယ်။
ချယ်လ်ဆီးနောက်ခံလူ ဖိုဖာနာကို သိသိသာသာပဲတံတောင်စာ ကျွေးလိုက်တာပါ။
မာတီနက်ဇ်လုပ်ရပ်ကရပ်ကွက်ဆန်လွန်းပြီး ဘောလုံးကိုမရည်ရွယ်ဘဲလူကိုရည်ရွယ်ခဲ့တာပါ။
သူ့လုပ်ရပ်ကြောင့် နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံလိုက်ရတယ် ပယ်နယ်တီပေးလိုက်ရတယ်။ ဒုတိယဂိုးပေးလိုက်ရပြီးမန်ယူရဲ့တစ်မှတ်တန်မျှော်လင့်ချက်လည်း အဆုံးသတ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် မန်ယူက ၉ ပွဲဆက်နိုင်ပွဲပျောက်ပြီး တန်းဆင်းအန္တရာယ် စိုးရိမ်လာရတယ်။
မာတီနက်ဇ်က မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်ကို အပြီးတိုင်ဖြတ်ချလိုက်သလိုပါပဲ။
မာတီနက်ဇ်ထုတ်ခံရပြီး ကွင်းထဲကနေ ထွက်လာချိန်မှာ မိုက်ကယ်ကာရစ်ကမသိချင်ယောင်ဆောင်ပြီး သူ့ဒေါသကိုဖော်ကျူးခဲ့တယ်။
လှောင်ပြောင်အော်ဟစ်နေတဲ့ ချယ်လ်ဆီးအသင်းပရိသတ်တွေရဲ့အသံကို မာတီနက်ဇ်လစ်လျှူရှုပြီး ခေါင်းငိုက်စိုက်ကာကွင်းထဲကနေ ထွက်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က " မာတီနက်ဇ်ဖြစ်ရပ်ကို ကျွန်တော်ပြန်မကြည့်ရသေးပါဘူး။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကြောင့် ပွဲအဖြေပြောင်းလဲခဲ့ပါတယ်။
ဒုတိယဂိုးပေးလိုက်ရပြီး ကစားသမားတစ်ယောက်လျော့သွားတာက အခုလိုပွဲမျိုးမှာ သက်ရောက်မှုကြီးမားလွန်းပါတယ်" လို့ပြောဆိုခဲ့ပါတယ်။
၁၉၈၈-၈၉ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူအသင်းအတွက် ဖွေဆေးမရှိတော့ဘူးထင်ပါရဲ့။
ပွဲတိုင်းမှာ ကစားသမားတစ်ယောက်မဟုတ်တစ်ယောက် ဗွေဖောက်နေတာဟာ မန်ယူရဲ့ ဆိုးရွားလွန်းတဲ့ကံကြမ္မာလားလို့လည်း တွေးမိပါတယ်။
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။
တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။
အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။
၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။
နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။
မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။
အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။
တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။