Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

အာနိုးလ်အတွက် ရီးယဲလ္ကစားသမားဘ၀က မလြယ္ကူခဲ့ပါဘူး။ ၂၀၂၅ ခုနှစ်၊ ဇွန် လမှာ ရီးယဲလ််််ကို ရောက်လာပြီးနောက် အာနိုးလ်ရဲ့ လောကဓံဟာ

ကြမ်းတမ်းခက်ခဲချိန်များခဲ့တယ်။ ရီးယဲလ်ရဲ့  ဦးစားပေးကစားသမားအဖြစ် အာနိုးလ်မျှော်လင့်ချက်ကြီးခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာပါဘူး။

လက်ရှိရာသီမှာ အင်တာမီလန်ကနေ ဒမ်ဖရိုင်းစ်ရောက်လာလို့ အာနိုးလ်အတွက် ပထမဦးစားပေးနေရာ ရရှိရေးပြိုင်ဆိုင်မှုလမ်းဟာ ပိုပြီးကြီးမားကျယ်ပြန့်ခဲ့ရတယ်။

ပိုဆိုးတာက မော်ရင်ဟိုက ညာနောက်ခံလူအဖြစ် ကွင်းလယ်လူ ဗယ်လ်ဗာဒီကို အသွင်ပြောင်းကစားခိုင်းထားလို့

အာနိုးလ်က ရီးယဲလ်ရဲ့ ညာနောက်ခံလူနေရာအတွက် တတိယဦးစားပေးဖြစ်သွားပါတယ်။

လက်ရှိရာသီမှာ ရီးယဲလ်အတွက် အာနိုးလ် ၀ငျကစားခွင့် ရတာ (၇)ပွဲပဲရှိသေးပြီး ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရတာ (၄)ပွဲပဲရှိတယ်။

ပုံမှန်ပွဲထွက်ခွင့်မရတဲ့ အာနိုးလ်က ရီးယဲလ်အတွက် ဂိုးဖန်တီးမှု (၁) ကြိမ်သာ လုပ်ထားနိုင်ပါတယ်။

အာနိုးလ်က ရိုးမား၊ ဆီဗီလာ၊ လိုက်ပ်ဇစ်အသင်းတို့ရဲ့ပွဲတွေမှာ သုံးပွဲဆက် ကစားခွင့်မရသလို၊ ဘာစီလိုနာနဲ့ Clasico ပွဲမှာလည်း ပွဲပြီးခါနီးမှ ကစားခွင့်ရခဲ့တာပါ။

ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ အာနိုးလ်က " အိပ်မက်တွေ တကယ်ဖြစ်လာပြီ" ဆိုပြီး ကြွေးကြော်ခဲ့တယ်။

ရီးယဲလ်အသင်းပရိသတ်တွေက ကာဗာဟယ်လ်ရဲ့နေရာအစား၀င်မယ့်သူအဖြစ် အာနိုးလ်ကို အကြီးအကျယ်မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ ပထမဆုံးရာသီမှာပဲ ဒဏ်ရာပြဿနာကြောင့် အာနိုးလ် အရောင်မှိန်ခဲ့ရတယ်။ တံကောက်ကြောနဲ့ ပေါင်ခြံဒဏ်ရာပြဿနာကြောင့်

အာနိုးလ် ပုံမှန်ခြေစွမ်းရအောင် ရုန်းကန်ခဲ့ရပါတယ်။ ရီးယဲလ်နည်းပြအပြောင်းအလဲတွေကြောင့်လည်း

အာနိုးလ်ရဲ့ ရီးယဲလ်ကစားသမားဘ၀က ပိုပြီးမတည်မငြိမ်ဖြစ်ခဲ့ပါတယ်။

မော်ရင်ဟိုက အာနိုးလ်ရဲ့ အရည်အသွေးကို သဘောမကျတာမဟုတ်ပေမယ့် နေရာတစ်နေရာအတွက် ကစားသမားသုံးဦးလောက် ရှိနေတာမျိုး မကြိုက်ဘူးလို့ ပြောဖူးတယ်။

မော်ရင်ဟိုက " နေရာတစ်နေရာအတွက် ကစားသမားသုံးယောက်လောက်ရှိနေတာမျိုးကို ကျွန်တော် သဘောမကျ ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ခံစားချက်ထက်

အသင်းအတွက်အကျိုးရှိမယ့်အရာကိုပဲ ရွေးချယ်ပါတယ်။ ဗယ်လ်ဗာဒီကို ညာနောက်ခံလူအဖြစ် ထားကစားနေတာက

အာနိုးလ်နဲ့ ဒမ်ဖရိုင်းစ်ကို မကြိုက်လို့မဟုတ်ပါဘူး" လို့ ပြောဖူးတာပါ။

ရီးယဲလ်မှာ ဘုံပျောက်သလိုဖြစ်နေတဲ့ အာနိုးလ်ကို လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက လီဗာပူးလ်အသင်းဆီ ပြန်လာစေချင်နေပါတယ်။

ကာရေဂါက ရီးယဲလ်ကိုပြောင်းသွားတာဟာ အာနိုးလ်ရဲ့ အကြီးမားဆုံးအမှားလို့ ဝေဖန်ခဲ့တယ်။

ပြီးတော့ အာနိုးလ်ရဲ့ ဖန်တီးနိုင်စွမ်းက လီဗာပူးလ်အသင်းအတွက် လွမ်းစရာသိပ်ကောင်းတယ်လို့လည်း ကာရေဂါ သုံးသပ်ပါတယ်။

အာနိုးလ်က အင်္ဂလန်အသင်းအတွက် ကစားခွင့်ရချင်နေတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ-အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်မှာ အင်္ဂလန်အသင်းအတွက်

ကိုယ်စားပြုခွင့်ရပေမယ့် လာမယ့်နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မှာ ရွေးချယ်ခံရဖို့မသေချာပါဘူး။

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဖန်တီးနိုင်သူတစ်ဦးဘဝကနေ အာနိုးလ်က တတိယဦးစားပေးကစားသမားဘဝ ရောက်သွားတာ နာကျင်စရာပါ။

ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးအချိန်ဆိုပြီး တင်စားကြတဲ့ အသက် ၂၈ နှစ်အရွယ်မှာ အာနိုးလ်လို

အရည်အသွေးမြင့်ကစားသမားကို အရန်ခုံမှာအချိန်မကုန်စေချင်ပါဘူး။

ဆက်စပ်သတင်းများ

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

မန်စီးတီး ဘာတွေ မှားနေလဲ?
Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?
Football News

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: