Football News

စပါး ရွှေဝါဝင်းလာပြီ

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

ကာလရှည်ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးကနေ စပါးအသင်း လွတ်မြောက်ခဲ့ပါပြီ။

ကပ်ဘေးကို ၂၁ လနီးပါးကြာ ခါးစည်းခံရပြီးနောက် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက် ပြန်လည်အနိုင်ရတဲ့အထိ တည်ငြိမ်လာပါတယ်။

တစ်ယောက်လျော့ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် စပါးရဲ့ယုံကြည်စိတ်က ပိုလို့မြင့်မားလာပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ အတွင်းရောက်ရှိခဲ့ပါတယ်။

ကိုဗင်ထရီကို အိမ်ကွင်းမှာ အနိုင်ယူပြီး စပါးက နိုင်ပွဲလာဘ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီနောက် ချယ်လ်ဆီးအသင်းကို စပါးထက်ပြီး ကျော်ဖြတ်ပြခဲ့ပါတယ်။

အဲဒီနိုင်ပွဲဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ပေါင်း၃၆ နှစ်အတွင်း စပါးအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးကိုနိုင်ပြီးတဲ့အချိန်အထိ စပါးအသင်းပရိသတ်တွေက သူတို့အသင်းကို သိပ်ပြီးမယုံရဲခဲ့ဘူး။

စပါးရဲ့ Banana Skin (ခြေစွမ်းမကောင်းတဲ့အသင်းတွေဆိုရင်အနိုင်မရတဲ့အစဥ်အလာ)ကြောင့် ပရိသတ်တွေယုံကြည်စိတ်မရဲခဲ့တာပါ။

ဒါပေမဲ့ စပါးကစားသမားတွေရဲ့ယုံကြည်စိတ်ကတော့ ရဲရင့်နေပါတယ်။ ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ယူပြီး သူတို့ပြန်လာပြီလို့အသံပြုလိုက်တယ်။

အခုလို ပရီးမီးယားလိဂ်သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ ရက်ပေါင်း ၆၀၀ ကျော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီဝက်ကာလကစတင်ပြီး ပရီးမီးယားလိဂ်လိဂ် ၂၆ ပွဲမှာ ၃ ပွဲသာအနိုင်ရရှိခဲ့တဲ့ စပါးက သုံးပွဲဆက်အနိုင်ရတဲ့ ပြောင်းလဲတိုးတက်ခဲ့တယ်။

ပြီးတော့ ၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းနှစ်ပွဲဆက်အနိုင်ရခဲ့တာပါ။

ပရီးမီးယားလိဂ် နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နေရာသာ ရခဲ့တာဟာ Big Six စာရင်းဝင်စပါးအတွက် သိက္ခာကျစရာကောင်းလွန်းပါတယ်။

နိုင်ပွဲတွေအပြင် စပါးရဲ့တိုက်စစ်ကစားဟန်ကလည်း ထက်မြက်လာတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ စပါးက ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်ရပြီး

ဂိုးပေါက်ကန်သွင်းခံရတာ ၂ ကြိမ်သာရှိလို့ Shot difference စံချိန်တင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနီးပါး စပါးရခဲ့ပြီး

၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းကစားတဲ့ နယူးကာဆယ်နဲ့ပွဲအပြီးဘောလုံးပိုင်ဆိုင်မှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပါးက နိုင်ပွဲတွေသာမကဘဲ နည်းပြ ဒီဇာဘီရဲ့ဟန်အတိုင်းထက်မြက်တိုက်စစ်ကိုပါ သရုပ်ဖော်နေပါတယ်။

ဆက်စပ်သတင်းများ

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

မန်စီးတီး ဘာတွေ မှားနေလဲ?
Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?
Football News

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: