Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

အဆုံးသတ်ပိုင်း အားနည်းပြီး ခံစစ်အမှားကြောင့် မာရက်စ်ကာရဲ့မန်စီးတီးက ဟန်းနီးမွန်းကာလ ကုန်ဆုံးခဲ့ပါတယ်။

ဘရိုက်တန်က လက်ရှိရာသီမှာ အာဆင်နယ်ကိုဂိုးပြတ် အနိုင်ယူပြီး  အခုမန်စီးတီးကွင်းမှာ အနိုင်ရခဲ့ပြန်တယ်။ Giant Killer ဘရိုက်တန်ဆိုပြီး တင်စားချင်ပါတယ်။

ပွဲအစ ၁၁ မိနစ်မှာပဲ မာသီးယက်စ်နူးနက်စ်ရဲ့အမှားကနေ ဘရိုက်တန်ဂိုးရခဲ့တာပါ။ အဲဒီနောက်ဂိုးပြန်ရအောင် ဘရိုက်တန်ဘက်ကို ကို မန်စီးတီး အလုံးအရင်း တိုက်စစ်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ မန်စီးတီးက အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ဘူး။ ဟာလန်းဆီက သွင်းဂိုးတွေမမြင်ခဲ့ရဘူး။

မန်စီးတီးက ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်အထိ ပိုင်ဆိုင်ပေမယ့် တစ်ဂိုးမှမရခဲ့တာပါ။ ဘရိုက်တန် ဂိုးသမား ဗာဘရပ်ဂျန်ကလည်း

ဂိုးပေါက်ကာကွယ်မှု ၇ ကြိမ်အထိလုပ်ပြီး လက်စွမ်းပြခဲ့ပါတယ်။ မန်စီးတီးက ဂိုးဖြစ်နိုင်ခြေ ၁.၉၂% ရှိပေမယ့် တစ်ဂိုးမှ မရခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ခံစစ်ကနေ ကစားကွက်စတင် စတင်တည်ဆောက်ချိန်မှာ အမှားနည်းအောင်လုပ်ရမှာဖြစ်ပြီး ဟာလန်းဆီကို ဖန်တီးမှုတွေပိုကောင်းလာအောင်

ပြင်ဆင်ရပါမယ်။ ပြိုင်ဘက်အသင်း ရဲ့Low Block တွေကို အခုထက်ပိုပြီး ထက်ထက်မြက်မြက်  ကျော်ဖြတ်နိုင်အောင် ပြင်ဆင်ရပါမယ်။

မန်စီးတီးတိုက်စစ်မှာ ဟာလန်းတစ်ယောက်တည်း ဖြစ်နေချိန်တွေမြင်ရပြီး တောင်ပံတိုက်စစ်ကစားပုံကလည်းလိုအပ်ချက်များပါတယ်။

ဒိုကူကတစ်ဦးချင်းကျော်ဖြတ်ပုံတွေကောင်းမွန်ပေမယ့် End Product အားနည်းလာလို့ဟာလန်းအခွင့်အရေး သိပ်မရပါဘူး။

ကွင်းလယ်မှာ အန်ဒါဆန်၊ အန်ဇိုတို့က Possession Game ကို ပီပြင်စွာသရုပ်ဖော်နိုင်ပေမယ့် ဖန်တီးနိုင်စွမ်း နည်းပါတယ်။

ချာကီမှ အစွမ်းမပြရင် မန်စီးတီး ဂိုးရဖို့မလွယ်သလိုဖြစ်လာပါတယ်။

မာရက်စ်ကာရဲ့မန်စီးတီးက ရာသီအစမှာ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ ထည်ဝါပေမယ့် လက်ရှိအချိန်မှာ ဟာကွက်တွေ များလာပါတယ်။

ချန်ပီယံဆုပြေးလမ်းထက်မှာ အာဆင်နယ်ကို အခွင့်အရေးကောင်းတွေပေးနေပါတယ်။

ဆက်စပ်သတင်းများ

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

နောက်ထပ် သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?
Football News

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: