Football News

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

ချယ်လ်ဆီးကို မန်ယူ ဘယ်လိုအနိုင်ယူမလဲ?

တန်းဆင်းဇုန်အနီး ရောက်နေတဲ့ မန်ယူအသင်းနဲ့ ရာထူးလှုပ်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ဖြစ်လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ အသုံးပြုသင့်တဲ့ နည်းစနစ်ပိုင်းနဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်း သုံးသပ်ချက်။

လာမယ့်ချယ်လ်ဆီးနဲ့ပွဲဟာ မန်ယူနည်းပြကာရစ်အတွက် ရွှေရောင်ကောက်ရိုးတမျှင်ပါ။

အဲဒီပွဲမှာသာ မန်ယူရဲ့ကံကြမ္မာထပ်ပြီးတိမ်းမှောက်ခဲ့ရင် ကာရစ်တစ်ယောက် အဝေးဆုံးလွင့်သွားလိမ့်မယ်။

မန်ယူကဒုက္ခတွေသိပ်များခဲ့ပါတယ်။ တန်းဆင်းဇုန်နဲ့ ရမှတ်တစ်မှတ်သာကွာတဲ့အနေအထားက သိပ်ပြီးရှက်စရာကောင်းတယ်။

မန်ယူပရိသတ်တွေက ဘာမှပြောစရာမရှိသလိုမျိုး နှုတ်ဆိတ်နေရ၊ ပျော်စရာတွေအေးခဲနေရတယ်။

ချယ်လ်ဆီးနဲ့ပွဲဟာ ကာရစ်အတွက်သာမကဘဲ မန်ယူအသိုင်းအဝိုင်းတစ်ခုလုံးအတွက် သိက္ခာဆယ်ပွဲပါ။

အခုတလောချယ်လ်ဆီးကရလဒ်တွေ ဆိုးနေပေမယ့် မန်ယူလောက်မညံ့ပါဘူး။

အထူးသဖြင့် ချယ်လ်ဆီးရဲ့ ထက်မြက်လွန်းတဲ့တိုက်စစ်အရည်အသွေးဟာ မန်ယူအတွက် ငရဲခန်းလိုဖြစ်နေမှာပါ။

ချယ်လ်ဆီးက ကွင်းလယ်ကနေ တိုက်စစ်ကို လျင်မြန်စွာ ချိတ်ဆက်နိုင်ပြီး ထိန်းချုပ်ရခက်တဲ့ ပါလ်မာကို ပိုင်ဆိုင်ထားတယ်။

ပေါက်ကွဲအားပြင်းထန်တဲ့ မော်ဂန်ရော်ဂျာစ်ကို ပိုင်ဆိုင်ထားပါတယ်။

မန်ယူအဓိကထိန်းချုပ်ရမှာ ပါလ်မာ၊ သူ့ဆီကနေ ဘောလုံးလမ်းကြောင်းတွေထွက်မလာအောင် ဖိအားပေးရပါမယ်။

ဘယ်လာဘာနဲ့ မာတီနက်ဇ်က ပါလ်မာဆီဘောလုံးမရောက်အောင် ကြားဖြတ်လုယူတာတွေလုပ်ရပါမယ်။ ခံစစ်နဲ့ ကွင်းလယ်ကြားမှာ နေရာလွတ်မရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။

မန်ယူအတွက် နောက်ထပ်အရေးကြီးတာက နေတိုကိုဘယ်လိုထိန်းချုပ်မလဲဆိုတာပါ။ နေတိုကလျင်မြန်တဲ့ အရှိန်နဲ့ ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

သူ့ကိုထိန်းချုပ်ရအောင် ဒါလော့တ်က သတိထားရမယ်။ ဒါလော့တ်နဲ့တောင်ပံကစားသမားနှစ်ဦးပေါင်းပြီး Double Defence ကစားသင့်ပါတယ်။

တောင်ပံကစားသမားနဲ့ နောက်ခံလူ နှစ်ဦးပေါင်းပြီး ပိတ်ဆို့ရမယ်။

မန်ယူက တိုက်စစ်လုပ်အားနှုန်းလျော့ကျနေတယ်။ ပြီးခဲ့တဲ့ရာသီက အမ်ဘူမို၊ အာမက်ဒီယာလို၊ ကူညာ၊ ဘရူနိုဖာနန်ဒက်စ်အစုအဖွဲ့နဲ့ မန်ယူတိုက်စစ်

ထက်မြက်ခဲ့ပေမယ့် လက်ရှိရာသီမှာ သုံးစားမရ ဖြစ်နေတယ်။ ချယ်လ်ဆီး FB တွေ တိုက်စစ်လိုက်သွားတဲ့အချိန်မှာ  ဖြစ်လာမယ့် နေရာလွတ်ကို အသုံးချသင့်ပါတယ်။

Pressing ကို တစ်ပွဲလုံး မလုပ်ခိုင်းဘဲ 4-4-2 Mid-block Pressing ကို အသုံးပြုစေချင်ပါတယ်။

ချယ်လ်ဆီးရဲ့တောင်ပံတိုက်စစ်ကို ထိန်းချုပ်နိုင်အောင်  ဖိအားပေးရမယ်။

ကွင်းလယ်ကစားသမားတွေက ချယ်လ်ဆီးရဲ့ ဘောလုံးလက်ခံနိုင်မယ့် နေရာတွေကို ကြိုတင်ပိတ်ထားရမယ်။

ဘောလုံးပြန်ရတာနဲ့ တိုက်စစ်ကို အမြန်ကူးပြောင်းရမယ်။

ရှင်းအောင်ပြောရရင် ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲ မန်ယူက လျင်မြန်တဲ့ခံစစ်-တိုက်စစ်အကူးအပြောင်းတွေ၊ ဘရူနိုဖာနန်ဒက်စ်ရဲ့Through Ball တွေနဲ့

အမ်ဘူမို၊ အာမက်ဒီယာလိုတို့ရဲ့ပြေးလမ်းကြောင်းထဲ ပေးပို့တဲ့ဗျူဟာသုံးသင့်ပါတယ်။

ဆက်စပ်သတင်းများ

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

နောက်ထပ် သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

မန်စီးတီး ဘာတွေ မှားနေလဲ?
Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: