Football News

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မက်ဒရစ်ဒါဘီ ရှုံးပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲမှာ A4 စာရွက်တွေပြပြီး ပေါက်ကွဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုရဲ့ အကြောင်း။

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မက်ဒရစ်ဒါဘီပွဲအပြီး သတင်းစာရှင်းလင်းပွဲကို မော်ရင်ဟိုက A4 စာရွက်တွေနဲ့ ရောက်လာတယ်။

မီဒီယာတွေနဲ့တွေ့တော့ " သတင်းစာရှင်းလင်းပွဲ မလုပ်လည်း ရပါတယ်။ ဟောဒီမှာ၊ ပွဲနဲ့ပတ်သက်သမျှ အကုန်ပါတယ်" ဆိုပြီး

မော်ရင်ဟိုက သူ့မကျေနပ်ချက်တွေရေးထားတဲ့ A4 စာရွက်တွေ ပြတယ်။

မက်ဒရစ်ဒါဘီမှာ မော်ရင်ဟိုရဲ့ရီးယဲလ်အသင်း ဒူးထောက်ခဲ့ရတယ်။ လက်ရှိရာသီလာလီဂါမှာ ရီးယဲလ်ရဲ့ဒုတိယမြောက်အရှုံး ဖြစ်ခဲ့ပါတယ်။

မက်ဒရစ်ဒါဘီထုံးစံအတိုင်း ပွဲချိန်အတွင်းမှာ ထိကြငြိကြ အငြင်းပွားကြပါတယ်။ မော်ရင်ဟိုနဲ့ ဆီမြွန်နီကြား တစ်ချိန်က အမုန်းတရားတွေ ပြန်လည်ဆူပွက်ခဲ့ပါတယ်။

မော်ရင်ဟိုက ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို မကျေနပ်ဘူး။ အက်သလက်တီကိုအသင်းကစားသမား နှစ်ယောက်ထုတ်ခံရသင့်တယ်ဆိုပြီး ဝေဖန်ခဲ့တယ်။

ပွဲချိန် ၃၇ မိနစ်မှာ ရီးယဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ အက်သလက်တီကို နောက်ခံလူရိုမဲရိုးတို့ ဘောလုံးယှဉ်လုရင်း ငြိကြပါတယ်။

ရိုမဲရိုးက ဘယ်လင်ဂမ်ရဲ့ဒူးကို နင်းခဲ့တာ အနှေးပြကွက်တွေမှာ မြင်ခဲ့ရတယ်။ ဒါပေမဲ့ကွင်းလယ်ဒိုင်က အဝါကတ်သာပြလို့ မော်ရင်ဟိုပေါက်ကွဲနေတာပါ။

နောက်တစ်ခါ အက်သလက်တီကိုက လီကန်အင်က ရီးယဲလ်ကွင်းလယ်လူ ဗယ်ဗာဒီကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ပေမယ့်

အနီကတ်မပြလို့ မော်ရင်ဟို ဒေါသပိုထွက်ခဲ့ရတယ်။

မော်ရင်ဟိုက " ဒိုင်တွေ ရိုးရိုးသားသား မှားတာလို့ ကျွန်တော်ယုံကြည်ပါတယ်" ဆိုပြီးအရွဲ့တိုက်ပြောဆိုခဲ့တယ်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက မော်ရင်ဟိုဟာ ပြိုင်ဘက်ကိုလေးစားမှုမရှိဘူးလို့ ပြစ်တင်ခဲ့သလို၊ ပွဲအပြီးမှာ လက်ဆွဲမနှုတ်ဆက်ခဲ့ပါဘူး။

ရီးယဲလ်အသင်းက အက်သလက်တီကိုနဲ့ပွဲမှာ နောက်ခံလူ ရူဒီဂါထုတ်ပယ်ခံရပြီးပယ်နယ်တီလည်းပေးခဲ့ရတယ်။

ဆက်စပ်သတင်းများ

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ
Football News

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ

ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဥရောပကလပ်တွေဟာ လူငယ်ကြယ်ပွင့် (Hidden Gems) တွေကို ရှာဖွေရာမှာ Data Analytics တွေနဲ့ Eyeball Platform တို့ကို ပေါင်းစပ်ပြီး ဘယ်လိုအသုံးပြုနေလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်
Football News

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။

ဒေးဗစ်ဘက်ခမ်ဆီသို့
Football News

ဒေးဗစ်ဘက်ခမ်ဆီသို့

ပြိုင်ဘက်ကင်း ဖရီးကစ်သွင်းဂိုးများ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောများနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် သူချန်ရစ်ခဲ့တဲ့ မေ့ဖျောက်မရနိုင်တဲ့ အနုပညာဆန်ဆန် ခြေစွမ်းများအကြောင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...
Players News

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...

၂၀၁၇ ခုနှစ်က မိုနာကိုကနေ ထွက်ခွာချိန်မှာ အမေဖြစ်သူရဲ့ တိုက်တွန်းချက်ကို လွန်ဆန်ပြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအစား PSG ကို ရွေးချယ်ခဲ့တဲ့ ဘာပေရဲ့ အပြောင်းအရွှေ့ ဇာတ်ကြောင်း။

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"
Football News

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
Football News

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း

ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး
Football News

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး

၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။

ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?
Football News

ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?

ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

ပရီးမီးယားလိဂ် ဖတ်စာ
Football News

ပရီးမီးယားလိဂ် ဖတ်စာ

ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။

တရားဝင်ချန်နယ်များ:

ONEX2 banner