၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။
Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး
ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းက အရာအားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့တယ်။
ဒီတော့ Ballon d'Or ဆုဆန်ခါတင်စာရင်းမှာ PSG ကစားသမား ၁၀ ဉီးအထိပါလာတာ သိပ်ပြီးမထူးဆန်းဘူး။
Ballon d'Or ဆုအတွက် ရေပန်းအစားဆုံး PSG ကစားသမားနှစ်ဦးက ဒမ်ဘီလီနဲ့ ခွာရတ်စကယ်လီယာပါ။
သူတိုနှစ်ဉီးဟာ Ballon d'or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီးလို့တင်စားနိုင်တယ်။
ဒါပေမဲ့ သူတို့နှစ်ဉီးက တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်အဖြစ် သဘောမထားဘူး။
ဒမ်ဘီလီက ခွာရတ်စကယ်လီယာကို ရစေချင်တယ်။ ခွာရတ်စကယ်လီယာကလည်း ဒမ်ဘီလီကိုရစေချင်တယ်။
တစ်ယောက်ကိုတစ်ယောက် ဒီပလိုမေစီ ဆန်ဆန် ချီးကျူးနေတာမဟုတ်ပါဘူး။
ဒမ်ဘီလီက " ဘယ်သူရရ ဒီဆုကို နှစ်ခြမ်းခွဲပြီး ယူကြမှာပဲ" လို့ ဟာသလုပ်ပြောတယ်။
ပြီးတော့ " ရိုးရိုးသားသားပြောရရင် ခွာရတ်စကယ်လီယာက Ballon d'Or ဆုနဲ့ ပိုပြီးထိုက်တန်ပါတယ်။
သူလုပ်ပြခဲ့တာတွေက အံ့မခန်းပါ" လို့ ဒမ်ဘီလီ ချီးကျူးပါတယ်။
ခွာရတ်စကယ်လီယာကလည်း " ပြီးခဲ့တဲ့ရာသီ ဒမ်ဘီလီရဲ့စွမ်းရည်က Ballon d'Or ဆုနဲ့ ထိုက်တန်ပါတယ်" လို့ ပြောပါတယ်။
ဒမ်ဘီလီနဲ့ ခွာရတ်စကယ်လီယာကြား အတ္တအားပြိုင်ပွဲမရှိပါဘူး၊ တစ်ကိုယ်ကောင်းစိတ် မရှိပါဘူး။
PSG အသင်းကောင်းစားရေးအတွက်ပဲ တွေးထားကြတယ်။ ညီအစ်ကိုလိုစိတ်ဓာတ်နဲ့ လက်တွဲညီခဲ့ကြတယ်။
ခွာရတ်စကယ်လီယာက PSG ရဲ့ချန်ပီယံလိဂ်အောင်ပွဲတွေအတွက် နောက်ဆုံးဂျစ်ဆောပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလမှာ PSG အသင်းက ခွာရတ်စကယ်လီယာတစ်ဉီးတည်း သိမ်းပိုက်ပြီး
ချန်ပီယံလိဂ်အောင်ပွဲကို သရုပ်ဖော်နိုင်ခဲ့တယ်။
နေပယ်လ်မြို့ရဲ့သူရဲကောင်း၊ Kvaradona လို့တင်စားခံရသူ၊ ခွာရတ်စကယ်လီယာက ပါရီမြို့မှာလည်း Poster Boy ဖြစ်ခဲ့တယ်။
နည်းစနစ်ပိုင်နိုင်သူ၊ တိုက်စစ်အတွေးအမြင်ရင့်သန်သူ၊ ခွာရတ်စကယ်လီယာကို အီတလီဂန္ထဝင် ဇိုလာက ဂျော့ချ်ဘတ်စ်နဲ့ နှိုင်းယှဉ်ခဲ့တယ်။
ခွာရတ်စကယ်လီယာကတော့ သူ့ကိုယ်သူ စီရော်နယ်လ်ဒိုလိုမျိုး ဖြစ်ချင်နေတာပါ။
Work-rate နဲ့ Winning mentality ပြင်းပြစွာခရီးနှင်နေပါတယ်။
ခွာရတ်စကယ်လီယာ ရောက်လာပြီးနောက် PSG က ရနိုင်တဲ့ဆုဖလား ၁၂ ခုထဲက ၁၀ ခုအထိ ပိုင်ဆိုင်ခဲ့တယ်။
ဒမ်ဘီလီက " ခွာရတ်စကယ်လီယာက လျှပ်စစ်လိုမြန်ပါတယ်" လို့ အမွှမ်းတင်တယ်။
ခွာရတ်စကယ်လီယာ ဘောလုံးရသွားချိန်တိုင်း တစ်ခုခုဖြစ်လာတာပဲ။
ပြိုင်ဘက်တွေအရူးဖြစ်အောင်လုပ်ပြနိုင်တယ်။ အနုပညာဆန်တဲ့ကစားဟန်ကို မြင်ရတယ်။
ဒမ်ဘီလီက " ပရီးမီးယားလိဂ်ကို သူရောက်မသွားတာ ကံကောင်းတယ်" လို့ ပြောတယ်။
ခွာရတ်စကယ်လီယာက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တယ်။
ချန်ပီယံလိဂ်မှာ ပျမ်းမျှ ၇၂ မိနစ်တိုင်း ခွာရတ်စကယ်လီယာက သွင်းဂိုးပါဝင်ပတ်သက်မှု တစ်ကြိမ်ရှိပြီး ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်လုပ်နိုင်ခဲ့တယ်။
ချန်ပီယံလိဂ်ရှုံးထွက် ၇ ပွဲဆက် သွင်းဂိုးပါဝင်ပတ်သက်မှု လုပ်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
" ဂျော်ဂျီယာလိုနိုင်ငံငယ်လေးကနေ Ballon dOr ရသူ ထွက်လာရင် နိုင်ငံကြီးတွေအတွက် နားလည်ရခက်သွားမှာပါ။
ဂျော်ဂျီယာကစားသမားတစ်ယောက်အတွက် Ballon d'or ဆုဆိုတာ အလှမ်းဝေးလွန်းပါတယ်။ မဖြစ်နိုင်သလောက်ပါပဲ။
ကျွန်တော့်မိသားစုအတွက် ကျွန်တော့်နိုင်ငံအတွက် Ballon d'Or ရချင်ပါတယ်" လို့ ခွာရတ်စကယ်လီယာပြောတယ်။
တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုးပါဝင်ပတ်သက်မှု ၃၁ ဂိုးရှိခဲ့သူအသင်းဖော် ဒမ်ဘီလီအတွက် ခွာရတ်စကယ်လီယာ ဂုဏ်ယူနေတယ်။
" ဒမ်ဘီလီကြောင့် PSG တိုက်စစ်ကပိုကောင်းလာတာပါ။ သူ့ရဲ့ဉီးဆောင်နိုင်စွမ်း၊ သူ့ရဲ့ပေးဆပ်မှုတွေက သူမတူအောင်ပါပဲ။
ကျွန်တော်တို့နှစ်ဉီးကြား နားလည်မှုကသိပ်ပြီးကောင်းမွန်ပါတယ်။ သူဘာလိုချင်လဲဆိုတာ ကျွန်တော်သိနားလည်သလို၊
ကျွန်တော် ဘာလိုချင်သလဲဆိုတာလည်း သူကောင်းကောင်းသိတယ်။ သူက Ballon d'Or နဲ့ထိုက်တန်ပါတယ်"လို့ ခွာရတ်စကယ်လီယာ ပြောတယ်။