ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဥရောပကလပ်တွေဟာ လူငယ်ကြယ်ပွင့် (Hidden Gems) တွေကို ရှာဖွေရာမှာ Data Analytics တွေနဲ့ Eyeball Platform တို့ကို ပေါင်းစပ်ပြီး ဘယ်လိုအသုံးပြုနေလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။
ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ
အလက်ဆစ်ဆန်းချက်ဇ်လက်သစ်ကို ဉရောပထိပ်သီးအသင်းတွေစောင့်ကြည့်ခဲ့ကြတယ်။
Universidad de Chile ကနေ လင်းပလာတဲ့ အလက်ဆစ်ဆန်းချက်ဇ်လက်သစ်ဆိုပြီး တင်စားခံရသူ နာမည်က အော်ဆိုရီယိုပါ။
အော်ဆိုရီယိုရဲ့ပါရမီကိုသိပြီးခပ်မြန်မြန်သိမ်းပိုက်ခဲ့တာ မစ်ဂျေးလန်းအသင်းပါ။ အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်အရွယ် အော်ဆိုရီယိုကို လိုချင်ခဲ့တာ
မစ်ဂျေးလန်းတစ်သင်းတည်းမဟုတ်ပါဘူး။ အေစီမီလန်၊ လိုက်ပ်ဇစ်၊ ဆာဇ်ဘာ့ဂ်အသင်းတွေကလည်း စောင့်ကြည့်ခဲ့တယ်။
မစ်ဂျေးလန်းမှာ သုံးရာသီကြာကျင်လည်ပြီးနောက် အော်ဆိုရီယိုက ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ရောက်လာတယ်။
သူ့ကို မစ်ဂျေးလန်းက ပေါင် ၂၄ သန်းတန် အပြီးသတ်ရောင်းချခွင့်စာချုပ်နဲ့ အငှားစေလွှတ်ထားပါတယ်။
ဒါဟာ မစ်ဂျေးလန်း သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်မားဆုံး ကစားသမားရောင်းချရမှုဖြစ်ပါတယ်။
မစ်ဂျေးလန်းက Data Analytics ကို အသုံးပြုပြီး Hidden Gem တွေရှာဖွေရာမှာ နာမည်ကြီးတယ်။
ရှေးရိုးဆန်တဲ့ Classic video scouting ကိုအခြေခံပြီး Subjective Scouting ၊ Data Scouting တွေနဲ့ ရှာဖွေတာပါ။
Subjective Scouting မှာ ကစားသမားရဲ့ဗီဒီယိုတွေကြည့်မယ်၊ Live ကစားတာကြည့်မယ်၊
Data Scouting မှာ ကစားသမားရဲ့စွမ်းရည်ကို အချက်အလက်တွေနဲ့တိုင်းတာမယ်၊ AI သုံးပြီး စစ်ဆေးမယ်စတာတွေ ဖြစ်ပါတယ်။
မစ်ဂျေးလန်းအသင်းကလည်း အော်ဆိုရီယိုကို အဲဒီအချက်အလက်တွေနဲ့ စောင့်ကြည့်လေ့လာခဲ့တာပါ။
Hidden Gem တွေရှာရာမှာ အရေးပါတဲ့စနစ်က Eye Ball ပါ။
Eyeball ဆိုတဲ့ Platform ကနေ အသက် ၁၃ နှစ်ကနေ ၂၁ နှစ်ကြားလူငယ်ကစားသမား လေးသိန်းကျော်ကို စောင့်ကြည့်လေ့လာနေပါတယ်။
Eyeball ကို ဉရောပထိပ်တန်းလိဂ် ငါးခုက ကလပ်အသင်းအများစုအသုံးပြုနေတယ်။ အထူးသဖြင့်ပရီးမီးယားလိဂ်အသင်းတွေ အဓိကအသုံးပြုနေတာပါ။
ဉရောပ၊ အာဖရိကနဲ့ လက်တင်အမေရိကက ကစားသမားစျေးကွက် ၄၂ ခုနဲ့ ချိတ်ဆက်ထားပါတယ်။
Eyeball ကနေ Scout ပြီး ထိပ်တန်းအသင်းတွေဆီ ရောက်လာသူတွေက ဘရိုက်တန်က ယယ်ကူရီ၊ နယူးကာဆယ်က ဘာဇူမာနာတိုရေး၊
ဘာစီလိုနာက ဂျိုဆူးကိုင်စီဒို စသူတို့ပါ။
အဲဒီကစားသမားတွေကို Eyeball ရဲ့စနစ်ကနေ Progressive Pass၊ Distance Covered စတဲ့ စွမ်းရည်အချက်အလက်တွေ စစ်ဆေးပြီး
ခေါ် ယူသင့်၊ မသင့်ဆုံးဖြတ်ပေးတယ်။ ဒါပေမဲ့ ကစားသမားတစ်ဉီး ခေါ် ယူတဲ့အခါ
Data အချက်အလက်တွေအပြင် နောက်ခံသမိုင်းကြောင်း၊မိသားစုအခြေအနေနဲ့ ခံယူချက်တွေသိထားရပါမယ်။
အဲဒီအရာတွေအတွက် လူသားရဲ့ဆင်ခြင်တုံတရားက အရေးကြီးပါတယ်။
အရင်ခေတ်တွေက Hidden Gem တွေကို လူ့စွမ်းအားအရင်းအမြစ်တစ်ခုတည်းနဲ့ အဓိကထား ရှာဖွေခဲ့ရတယ်။
အေးဂျင့်တွေရဲ့ပြောစကားတစ်ခုတည်း ယုံကြည်ခဲ့ရတယ်။
အခုခေတ်မှာ Hidden Gem တွေရှာဖွေရတာ ပိုပြီးလွယ်ကူလာပါတယ်။ Data Analytics တွေကြောင့် ပိုပြီးစမတ်ကျလာပါတယ်။