Players News

စီရော်နယ်လ်ဒို BOAT ဖြစ်သွားလို့ မက်ဆီပရိသတ် ဒေါသထွက်

စီရော်နယ်လ်ဒို BOAT ဖြစ်သွားလို့ မက်ဆီပရိသတ် ဒေါသထွက်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကောက်ခံတဲ့ မဲပေးမှုမှာ မက်ဆီရဲ့ ၂၀၁၂ ခုနှစ် စံချိန်ကို ကျော်ဖြတ်ပြီး ၂၀၀၈ ခုနှစ်က စီရော်နယ်လ်ဒိုရဲ့ Ballon d'Or အောင်ပွဲဟာ ထာဝရအကောင်းဆုံး (BOAT) အဖြစ် ရွေးချယ်ခံခဲ့ရလို့ မက်ဆီပရိသတ်တွေ ဒေါသထွက်နေတဲ့အကြောင်း သုံးသပ်ချက်။

Ballon dOr of All Time(BOAT) ကစားသမားအဖြစ် ပေါ်တူဂီ GOAT  စီရော်နယ်လ်ဒို သတ်မှတ်ခံခဲ့ရလို့ သူ့ရဲ့မဟာပြိုင်ဘက် မက်ဆီပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပြီ။

Ballon dOr သမိုင်းတစ်လျှောက် ဆုရရှိခဲ့တဲ့ ဂန္ထဝင်ကစားသမား ၄၈ ဦးထဲက  ထာဝရအကောင်းဆုံး Ballon d'Or ဆုပိုင်ရှင် (BOAT) အဖြစ် သတ်မှတ်ရအောင်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပရိသတ်တွေဆီ မဲဆန္ဒကောက်ခံခဲ့ပါတယ်။  မဲတစ်မဲအတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁ ယူရို သတ်မှတ်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့ မဲပေးမှုအရ ၂၀၀၈ ခုနှစ်မှာ စီရော်နယ်လ်ဒို ပထမဆုံးအကြိမ် Ballon dOr ဆုရရှိခဲ့တာဟာ

မဲအရေအတွက် ၇၅ % အထိရပြီး ထာဝရအကောင်းဆုံး Ballon d'Or ဆုပိုင်ရှင် (BOAT)အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

BOAT ဆုအတွက် Ballon d'Or ဆု အနည်းဆုံးနှစ်ကြိမ်ရရှိဖူးသူ ကစားသမား(၁၀)ဦးကို ဆန္ဒမဲပေးကာ ရွေးချယ်ခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာ မက်ဆီ Ballon d'Or ရခဲ့တာက ဒုတိယမဲအများဆုံးအဖြစ်ရပ်တည်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ၂၀၀၇-၀၈ ရာသီမှာ မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၉)ပွဲကစားပြီး (၄၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးတော့ စီရော်နယ်လ်ဒိုက တစ်ဦးချင်းအကောင်းဆုံးဆုတွေအဖြစ် ဥရောပသွင်းဂိုးအများဆုံးရွှေဖိနပ်ဆုနဲ့ PFA Players Player of the Year ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မက်ဆီက ၂၀၁၂ ခုနှစ်၊ ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း စံချိန်တင်အဖြစ် ၉၁ ဂိုးအထိသွင်းပြီး Ballon dOr ရခဲ့တာပါ။

အဲဒီရာသီမှာ မက်ဆီက ဆုဖလားအောင်ပွဲအဖြစ်စပိန်ဘုရင့်ဖလားတစ်ကြိမ်သာပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း BOAT အဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရတဲ့အပေါ် မက်ဆီ ပရိသတ်တွေ မနာလိုဖြစ်နေပါတယ်။

မက်ဆီပရိသတ်တွေက  'အခုလိုမျိုးစီရော်နယ်လ်ဒို ရသွားတာ  လက်ခံနိုင်စရာ မရှိပါဘူး'၊  အဲဒီလို သတ်မှတ်ခံရတော့ရော ဘာထူးခြားသွားမှာလဲ'၊

'၉၁ ဂိုးအထိ သွင်းခဲ့တဲ့ မက်ဆီထက် စီရော်နယ်လ်ဒိုက ပိုကောင်းတယ်ပေါ့၊ စိတ်ပျက်စရာပါ" စတဲ့မှတ်ချက်တွေ လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်သလို၊ နေးရှင်းလိဂ်ပြိုင်ပွဲကာလအတွင်းမှာလည်း လက်ရွေးစင်အသင်းနဲ့ ပြဿနာဖြစ်ပြီးနာမည်ပျက်နေတဲ့

စီရော်နယ်လ်ဒိုအတွက် အခုလိုမျိုး BOAT ဂုဏ်ပုဒ်ပိုင်ဆိုင်ခွင့်ရတာ ကျေနပ်စရာပါ။

ဆက်စပ်သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

သူရူးတစ်ယောက်လို မာတီနက်ဇ်
Players News

သူရူးတစ်ယောက်လို မာတီနက်ဇ်

ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်
Players News

စတမ်းဖို့ဒ်ဘရစ်ချ်က ဘုရင့်နောင်

နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရှောင်လွှဲဖို့နဲ့ ရာထူးတည်မြဲဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ဘုရင့်နောင်ဖောင်ဖျက်သလို ရင်ဆိုင်ရမယ့် မန်ယူနည်းပြ ကာရစ်ရဲ့ ပွဲကြိုသုံးသပ်ချက်။

နောက်ထပ် သတင်းများ

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

မန်စီးတီး ဘာတွေ မှားနေလဲ?
Football News

မန်စီးတီး ဘာတွေ မှားနေလဲ?

မာရက်စ်ကာလက်ထက် ဟန်းနီးမွန်းကာလ ကုန်ဆုံးသွားပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ခံစစ်အမှားတွေအကြောင်း သုံးသပ်ချက်။

တရားစွဲခံရတော့မယ့် ကာရေဂါ
Football News

တရားစွဲခံရတော့မယ့် ကာရေဂါ

အူနိုင်းအမ်မရီကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး အက်စတွန်ဗီလာအသင်းကို နှိမ့်ချပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူ ဂျေမီကာရေဂါကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ဗီလာဥက္ကဋ္ဌ နာဆစ်ဆာဝီရစ်အကြောင်း သုံးသပ်ချက်။

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်
Players News

ဘာပေ ဘာပြောမှန်းမသိဘဲ ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဘာပေ ဘာပြောခဲ့မှန်း အတိအကျမသိဘဲ တစ်ဆင့်စကားနဲ့သာ ကြားသိပြီး လူမှုကွန်ရက်ပေါ်မှာ အကြောင်းရင်းမဲ့ ဒေါသထွက်နေကြတဲ့ တရုတ်ပရိသတ်တွေအကြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: