အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။
ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။
အာတီတာနဲ့ အာဆင်နယ်ပေါင်းစပ်မှုက ခေတ်သစ်တစ်ခု ဖြစ်စေခဲ့တယ်။
အာဆင်နယ်အတွက် ခေတ်သစ်ဖြစ်ရုံသာမကဘဲ ပရီးမီးယားလိဂ်ပါရာဒိုင်းအပြောင်းအလဲပါ ဖြစ်စေခဲ့တယ်။
အာတီတာရဲ့အာဆင်နယ်တန်ခိုးကြီးထွားလာချိန်မှာ ဂန္ထဝင်နည်းပြတွေဖြစ်တဲ့ ယာဂန်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ ပရီးမီးယားလိဂ်ကနေ ထွက်ပြေးခဲ့ရတယ်။
တစ်ချိန်တုန်းက ဂွာဒီယိုလာ၊ မော်ရင်ဟိုတို့ကို မယှဉ်နိုင်လို့ ဖာဂူဆန် အနားယူခဲ့သလိုမျိုးပေါ့။
အာတီတာကြောင့် ပရီးမီးယားလိဂ်ကို လက်ဝါးကြီးအုပ်နိုင်မယ့် စွမ်းအင်မျိုးအာဆင်နယ် ပိုင်ဆိုင်လာတယ်။
ချန်ပီယံလိဂ်မှာ လူရိုသေရှင်ရိုသေ အသင်းဖြစ်လာပြီး ချန်ပီယံဆုအတွက် ရေပန်းစားလာတယ်။
အာဆင်နယ်ခေတ်ရုပ်လုံးထွက်လာအောင် အာတီတာက ဖန်ဆင်းပေးတယ်။
နောက်ထပ်ဘဝတစ်ခုလုံးထပ်ပေးဆပ်ဖို့အသင့်ရှိနေတယ်။ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးပြီး
အာတီတာက နယ်မြေသစ်များစွာသိမ်းပိုက်ဖို့ရာ ပြင်ဆင်နေတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ အာဆင်နယ်နည်းပြဖြစ်လာသူ အာတီတာက တစ်နှစ်ပေါင် ၁၀ သန်း၊ အပိုဆုကြေး
ပေါင် ၅ သန်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ သူက အာဆင်နယ်အသင်းမှာ ၁၀ နှစ်ပြည့်တဲ့အထိ ပေးဆပ်သွားဖွယ်ရှိပါတယ်။
အာဆင်နယ်ပရိသတ်တွေက အာတီတာကို ရီးယဲလ်၊ ဘာစီလိုနာတို့လို့အသင်းတွေက လုယူသွားမှာစိုးထိတ်ခဲ့ကြတယ်။
အာတီတာက သူ့နှလုံးသားဟာ အာဆင်နယ်အတွက်ပဲရှင်သန်နေတယ်ဆိုပြီး ကတိပေးရင်းပရိသတ်တွေရဲ့စိုးထိတ်စိတ်ကို လျှော့ကျစေခဲ့တယ်။
အာတီတာက Dynasty တစ်ခုကို တည်ထောင်ချင်နေတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းမယ်။
ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်မယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဖြစ်ချင်တယ်၊ ဉရောပရဲ့အကောင်းဆုံး ဖြစ်ချင်တယ်။
အဲဒီ ရည်မှန်းချက်တွေအကောင်အထည် ဖော်နိုင်အောင် အာတီတာက အာဆင်နယ်နဲ့စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။
အာတီတာရဲ့ကြွေးကြော်သံက " အာဆင်နယ်ခေတ် ရောက်ရမည်မှာ မလွဲပါ" ဆိုတာဖြစ်တယ်။
ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။
၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။
ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။
ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။
အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။
ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။
ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။
ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။ ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။ ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။ ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။ ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့ စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။
