ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။
အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
အာဆင်နယ်က ပရီးမီးယားလိဂ်လို့နာမည်ပြောင်းပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံဆုကာကွယ်နိုင်တဲ့မှတ်တမ်းမရှိခဲ့ပါဘူး။
အဲဒီမှတ်တမ်းက အာဆင်နယ်အသင်းနည်းပြ အာတီတာအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ယုံကြည်စိတ်နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အမြင့်ဆုံးအဆင့်ရောက်လာပြီလို့ထင်မှတ်နေတုန်းမှာပဲ ဘရိုက်တန်ကိုအရှက်တကွဲရှုံးနိမ့်သွားတယ်။
ပြီးခဲ့တဲ့ရာသီက ခံစစ်ပိတ်ကစားပြီး ချန်ပီယံဖြစ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံရသလို၊ လက်ရှိရာသီပရီးမီးယားလိဂ်မှာ
အာဆင်နယ်က နိုင်ပွဲတွေဆက်နေပေမယ့် ဖျော်ဖြေရေးဆန်တဲ့အသင်းဖြစ်မလာသေးဘူး။
ဘရိုက်တန်ကိုရှုံးတဲ့ပွဲမှာ အာဆင်နယ် ဘယ်လောက်ညံ့သလဲဆိုတာမြင်လိုက်ရတယ်။
အဆုံးသတ်သမားကောင်း၊ ထိပ်တန်းအဆင့်တိုက်စစ်ကစားသမားကောင်း မဝယ်ခဲ့တဲ့ဒဏ်ကိုခံလိုက်ရတယ်။
တကယ်တမ်းဂိုး လိုအပ်နေချိန်မှာ အာဆင်နယ်အတွက် ကယ်တင်ရှင်မရှိခဲ့ဘူး။
ဘရိုက်တန်နဲ့ပွဲမှာ အာဆင်နယ်တိုက်စစ်က ဂိုးပေါက်တည့်တဲ့ ကန်ချက်နှစ်ကြိမ်ပဲ ပိုင်ဆိုင်ခဲ့တယ်။
ဟာဗတ်ဇ်၊ ဆာကာ၊ ဇိုလစ်၊ ယော်ကယ်ရက်စ်၊ အက်ဇီး၊ နောက်ဆုံးလူငယ်ကြယ်ပွင့် ဒေါင်းမန်းပါဝင်ကစားပေမယ့်
အာဆင်နယ်တိုက်စစ်က ဘာမှလုပ်မပြနိုင်ခဲ့ဘူး။
အခုရှုံးပွဲဟာ အာဆင်နယ်အသင်းအတွက် မုန်တိုင်းတစ်ခုလိုပါပဲ။ အာဆင်နယ်နည်းပြအာတီတာ စိတ်ပျက်တုန်လှုပ်ခဲ့ရတယ်။
အာဆင်နယ်ကစားသမားတွေ စည်းလုံးမှုပြိုကွဲခဲ့ရတယ်။
အာဆင်နယ်ကွင်းလယ်လူ ဂွီမာရေ့စ်က" ကျွန်တော်တို့အသင်း ခြေစွမ်းကစုတ်ပြတ်သတ်နေတာပဲ။
အခုရှုံးပွဲအတွက် ကိုယ့်ကိုယ်ကိုအပြစ်တင်ရမယ်။ ဘရိုက်တန်အသင်းကတော့နိုင်ပွဲနဲ့ထိုက်တန်ပါတယ်" လို့ ပြောခဲ့တယ်။
အာတီတာကလည်း " ကျွန်တော့်ကစားသမားတွေရဲ့ခြေစွမ်းက ပရီးမီးယားလိဂ်အဆင့်မဟုတ်ပါဘူး" လို့ ပြစ်တင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ၉ ပွဲဆက်နိုင်တဲ့မှတ်တမ်းရပ်တန့်သွားသလို၊ လက်ရှိရာသီအစ ၇ ပွဲဆက်နိုင်တဲ့မှတ်တမ်းလည်း အဆုံးသတ်ခဲ့ရပြီ။
အာတီတာကအမှားတွေကနေ သင်ခန်စားယူရမယ်လို့ သတိပေးနေပေမယ့် အာဆင်နယ်ရဲ့ချန်ပီယံကာကွယ်ပွဲကကြီးမားတဲ့အစွန်းအထင်းဖြစ်ခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မန်စီးတီးကလွဲရင် ဘယ်အသင်းမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ချန်ပီယံကာကွယ်နိုင်တာ မန်ယူ၊ ချယ်လ်ဆီးနဲ့ မန်စီးတီးပဲရှိခဲ့ဖူးတယ်။
ချယ်လ်ဆီးက ချန်ပီယံဆုတစ်ကြိမ်ကာကွယ်ဖူးပြီး မန်ယူကတော့ ၂၀၀၇ကနေ ၂၀၀၉အထိ ချန်ပီယံဆု ကာကွယ်ခဲ့ဖူးတယ်။
မန်ယူကပရီးမီးယားလိဂ်ချန်ပီယံ ဖလားအကြိမ်၂၀ သမိုင်းမှာ ချန်ပီယံဆု ၂ ကြိမ်ဆက်ကာကွယ်နိုငတာ ၃ကြိမ်အထိရှိခဲ့ပါတယ်။
မန်စီးတီးက ဂွာဒီယိုလာလက်ထက်မှာ ချန်ပီယံကာကွယ်ပွဲ အကြိမ်ကြိမ်အောင်မြင်ခဲ့ဖူးတာပါ။
ဘရိုက်တန်ကိုရှုံးပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံဆု ကာကွယ်ရေးအိပ်မက်က သံသယဝင်စရာကောင်းလာခဲ့တယ်။
အစဉ်အလာအရ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်ရာသီဆက်မရဖူးတဲ့အသင်းဖြစ်နေလို့လည်း အာဆင်နယ်ပရိသတ်တွေ စိုးရိမ်စိတ်ပိုနေပါတယ်။