သတင်းများ

ထင်ရှားသော သတင်းများ

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်
Football News

ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်နဲ့ ဂက်ပိုတို့ ပယ်နယ်တီ မရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေကို ဒိုင်ပင်ထိုးတတ်အောင် သင်ပေးရမယ်လို့ ပြောဆိုခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာအကြောင်း သုံးသပ်ချက်။

အာဆင်နယ်ရဲ့  (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး
Football News

အာဆင်နယ်ရဲ့ (၁၄)နှစ်ကြာ အန်ဖီးလ် အိပ််််မက်ဆိုး

၁၄ နှစ်ကြာ အန်ဖီးလ်မှာ နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မလားဆိုတာနဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ချန်ပီယံပြေးလမ်းထဲ ဝင်လာမလားဆိုတာကို သုံးသပ်ထားတဲ့ ပွဲကြိုအကြိုမြင်ကွင်း။

စပါး ရွှေဝါဝင်းလာပြီ
Football News

စပါး ရွှေဝါဝင်းလာပြီ

နှစ်ရာသီဆက်တိုက် အဆင့် ၁၇ နဲ့ ရုန်းကန်ခဲ့ရတဲ့ ကပ်ဘေးကနေ လွတ်မြောက်ပြီး နည်းပြ ဒီဇာဘီရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာတဲ့ စပါးအသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

နောက်ဆုံး သတင်းများ

လန်ဒန်မှာ ပျော်ရွှင်နေသူတစ်ဉီး
Players News

လန်ဒန်မှာ ပျော်ရွှင်နေသူတစ်ဉီး

အာဆင်နယ်ကစားသမားမဖြစ်ခင်မှာလန်ဒန်ကို ကာလာဖီအိုရီအလည်လာဖူးတယ်။ လန်ဒန်ရဲ့နာမည်ကျော်နေရာတွေထဲ ကာလာဖီအိုရီ အရောက်ချင်ဆုံးနေရာက အမ်းမရိတ်စ်ကွင်းပါပဲ။ အဲဒီဆန္ဒအတိုင်းပဲကာလာဖီအိုရီက အမ်းမရိတ်စ်ကိုသွားပြီး အာဆင်နယ်ပွဲကြည့်ခဲ့တယ်။ အာဆင်နယ်ပွဲကြည့်ပြီးနောက် ကာလာဖီအိုရီရဲ့ အာဆင်နယ်ကစားသမားဖြစ်ချင်စိတ်ဟာ တဖွားဖွားမြင့်တက်လာပါတယ်။

တစ်ရွာပြောင်းလို့သူကောင်းဖြစ်ခဲ့သူများ
Players News

တစ်ရွာပြောင်းလို့သူကောင်းဖြစ်ခဲ့သူများ

ပရီးမီးယားလိဂ်သမိုင်းမှာ သိပ်ပြီးတန်ဖိုးရှိတဲ့ ကစားသမားအပြောင်းအရွှေ့တွေရှိခဲ့ဖူးပါတယ်။ အဲဒီအပြောင်းအရွှေ့တွေဟာ တန်ဖိုးမြင့်မားလွန်းတဲ့အပြောင်းအရွှေ့တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကစားသမားအတွက်ရော ဝယ်ယူလိုက်တဲ့အသင်းအတွက်ပါအကျိုးများခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တစ်ရွာပြောင်းလို့သူကောင်းဖြစ်ရတဲ့အပြောင်းအရွှေ့တွေဖော်ပြလိုက်ပါတယ်။

စက်ရုပ်မဆန်တဲ့ လူရွှင်တော် ဒိုင်လူကြီး
Football News

စက်ရုပ်မဆန်တဲ့ လူရွှင်တော် ဒိုင်လူကြီး

ကြက်မွေးမြူးရေးစက်ရုံရဲ့ လုပ်သားဟောင်းတစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မှတ်မှတ်ရရဖြစ်သူ ကွင်းလယ်ဒိုင်တစ်ဦးအဖြစ် အသွင်ပြောင်းနိုင်ခဲ့တယ်။  သူဟာ မိုက်ဒင်းပါပဲ။  မိုက်ဒင်းနဲ့ပတ်သက်ရင် စပါးအသင်းဂိုးသွင်းလို့ အောင်ပွဲခံတဲ့ဖြစ်ရပ်ကို မှတ်မိနေကြဦးမယ်ထင်တယ်။

ပိုးသာကုန် မောင်ပုံစောင်းမတတ် 
Football News

ပိုးသာကုန် မောင်ပုံစောင်းမတတ် 

ပေါင် ၃၄၉ သန်းသုံးထားပေမယ့် ချယ်လ်ဆီးက ကွင်းလယ်လူမလုံလောက်ပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ Right Back နှစ်ဦးက ကွင်းလယ်လူတွေအဖြစ် အသုံးတော်ခံခဲ့ရတယ်။

အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့အသင်းမရှိသေးဘူး
Football News

အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့အသင်းမရှိသေးဘူး

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်က ပေါင်သန်းနှစ်ရာနီးပါး သုံးစွဲခဲ့ပေမယ့် Elite Forward မဝယ်ခဲ့လို့အကြီးအကျယ်ဝေဖန်ခံရတယ်။ ယိုကယ်ရက်စ်နဲ့ ဟာဗတ်ဇ်နှစ်ယောက်တည်း အထောင်တိုက်စစ်ကစားနိုင်သူရှိလို့ တစ်ရာသီလုံးအဆင်ပြေမှာမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။

ပရီးမီးယားလိဂ်ရဲ့အဝါရောင်ကိုက်ခဲမှု
Football News

ပရီးမီးယားလိဂ်ရဲ့အဝါရောင်ကိုက်ခဲမှု

ဟားလ်စီးတီးက အတောင်ပံတပ်ထားတဲ့ကျားတစ်ကောင် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်ရထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစ ရလဒ်အကောင်းဆုံး  တန်းတက်အသင်းစာရင်းဝင်ခဲ့ပါတယ်။

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ည
Football News

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ည

တန်းတက်ရှော်လ်ကေးအသင်းကို ဘိုင်ယန်မြူးနစ် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်မြူးနစ် အတွက်သမိုင်းတွင်တဲ့ ဆုံးရှုံးမှုကြီးပါပဲ။ ဘိုင်ယန်မြူးနစ်လို့ဆိုလိုက်တာနဲ့ ပရိသတ်တွေက သွင်းဂိုးတွေ၊ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အတူမြင်နေကျဖြစ်ပါတယ်။  ဒါပေမဲ့ တန်းတက်ရှော်လ်ကေးနဲ့အတွေ့မှာတော့ ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ ၅၉ ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းရပ်တန့်ခဲ့ပါပြီ။ 

ပရီးမီးယားလိဂ်ရဲ့ငွေကြေးပါဝါ
Football News

ပရီးမီးယားလိဂ်ရဲ့ငွေကြေးပါဝါ

ပရီးမီးယားလိဂ်နွေရာသီကစားသမား ခေါ် ယူမှုအသုံးစရိတ်က ပေါင် ၃ ဒဿမ ၄၆ ဘီလီယံနဲ့ စံချိန်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလက စံချိန်တင်အသုံးစရိတ် ပေါင် ၃ ဒဿမ ၁၄ ဘီလီယံကို လက်ရှိနွေရာသီမှာ ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့အကြီးမားဆုံးဟာကွက်
Football News

မန်စီးတီးရဲ့အကြီးမားဆုံးဟာကွက်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်းငါးရာနီးပါးသုံးထားပေမယ့် မန်စီးတီးရဲ့အကြီးမားဆုံး ဟာကွက်ရှိနေတယ်။ ဂွာဒီယိုလာခေတ်လွန် မန်စီးတီးပြန်လည်တည်ထောင်ရေး အတွက် အခုလိုမျိုးငွေသုံးကြမ်းခဲ့တာပါ။ မာရက်စ်ကာကဂွာဒီယိုလာတုန်းကလို စိတ်ကြိုက်ငွေသုံးစွဲခွင့်ရခဲ့တယ်။ အန်ဒါဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် မန်စီးတီးက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနှစ်ကြိမ်တိုင် သုံးစွဲခဲ့ပါတယ်။

တရားဝင်ချန်နယ်များ: