သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ကြက်မွေးမြူးရေးစက်ရုံရဲ့ လုပ်သားဟောင်းတစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မှတ်မှတ်ရရဖြစ်သူ ကွင်းလယ်ဒိုင်တစ်ဦးအဖြစ် အသွင်ပြောင်းနိုင်ခဲ့တယ်။ သူဟာ မိုက်ဒင်းပါပဲ။ မိုက်ဒင်းနဲ့ပတ်သက်ရင် စပါးအသင်းဂိုးသွင်းလို့ အောင်ပွဲခံတဲ့ဖြစ်ရပ်ကို မှတ်မိနေကြဦးမယ်ထင်တယ်။
ကြက်မွေးမြူးရေးစက်ရုံရဲ့ လုပ်သားဟောင်းတစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မှတ်မှတ်ရရဖြစ်သူ ကွင်းလယ်ဒိုင်တစ်ဦးအဖြစ် အသွင်ပြောင်းနိုင်ခဲ့တယ်။
သူဟာ မိုက်ဒင်းပါပဲ။ မိုက်ဒင်းနဲ့ပတ်သက်ရင် စပါးအသင်းဂိုးသွင်းလို့ အောင်ပွဲခံတဲ့ဖြစ်ရပ်ကို မှတ်မိနေကြဦးမယ်ထင်တယ်။
စပါးအသင်းဂိုးသွင်းယူပြီးချိန်မှာ ကွင်းလယ်ဒိုင် မိုက်ဒင်းက လက်နှစ်ဖက်ကို မြောက်ပြီး အောင်ပွဲခံသလိုဖြစ်ခဲ့ပြီးမှ သတိပြန်၀င်လာကာ
ဂိုးအဖြစ်သတ်မှတ်ပေးတဲ့ဟန်ပန်မျိုး ပြောင်းလဲခဲ့တာပါပဲ။ မိုက်ဒင်းဆီမှာ ဒီလိုထူးထူးခြားခြားဖြစ်ရပ်တွေ ရှိနေပါသေးတယ်။
မိုက်ဒင်းက ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ရဲ့ Old School Member တစ်ဦးဖြစ်ခဲ့တယ်။
မိုက်ဒင်းက " ဒိုင်လူကြီးစဖြစ်တုန်းက ပွဲတွေအများကြီး တာ၀န်ယူမယ်လို့ ကျွန်တော် ရည်ရွယ်ချက်မရှိခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးဟောင်း ကလက္တန္ဘတ္က " မိုက်ဒင်းကို ခင်ဗျားတို့ မုန်းချင်လည်း မုန်းနိုင်တယ်၊ ချစ်ချင်လည်း ချစ်နိုင်တယ်။
လူမှုကွန်ရက်မှာသူ့ကို လှောင်ပြောင်သူတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ ခပ်ငယ်ငယ်ဒိုင်လူကြီးတွေ အားလုံးဟာ မိုက်ဒင်းကို အတုယူကျတယ်။
သူ့ရဲ့ အတွေ့အကြုံတွေကြောင့် မိုက်ဒင်းကို လေးစားကြပါတယ်။ သူက ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပြီး
ကွင်းထဲမှာ သူ့ရဲ့ အဲဒီစိတ်ထားကို မြင်တွေ့နိုင်တယ် လို့ ဆိုခဲ့ပါတယ်။
ကလက်တန်ဘတ်ရဲ့ စကားလိုပဲ ကွင်းထဲမှာ မိုက်ဒင်းရဲ့ အပြုအမူတွေဟာ အခြားကွင်းလယ်ဒိုင်နဲ့မတူဘဲ ကွဲပြားခြားနားနေတယ်။
တခါတလေ စိတ်ပျက်ပြီး အငြင်းပွားချင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း မိုက်ဒင်းဆီကနေ မြင်တွေ့ရနိုင်တယ်။
အဲဒီလိုအချိန်မျိုးမှာ မိုက်ဒင်းဟာ နစ်နာခဲ့သူတွေအတွက် ရန်သူတော်ပါပဲ။ တခါတလေ မိုက်ဒင်းက သူ့ကြောင့်အသင်းတစ်သင်းရဲ့
၏ကစားကွက်အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်ပြီး ကစားကွက်ထဲ မရည်ရွယ်ဘဲ ၀င်ရောက်ပါဝင်သွားတာမျိုးတွေ မြင်တွေ့ရပြန်တယ်။
အဲဒီလိုအချိန်မျိုးမှာ မိုက်ဒင်းကို ကြည့်ရတာ လူရွှင်တော်တစ်ဦးလိုပါပဲ။
ဟိုးနှစ်တွေဆီက မန်စီးတီးနဲ့ ဗီလာအသင်းတို့ရဲ့ ပွဲအပြီးမှာ မိုက်ဒင်းက Match Ball ကို ဖွက်ထားခဲ့တယ်။
အဲဒီပွဲမှာ ဟက်ထရစ်သွင်းယူပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးသွင်းယူအဖြစ်
စံချိန်တင်ခဲ့သူ အဂွဲရိုးကို ကျီစယ်ခဲ့တာပါပဲ။ ပွဲပြီးဆုံးချိန်မှာ အရံခုံတန်းကနေ ကွင်းထဲ၀င်လာသူ အဂွဲရိုး မမြင်အောင်
ဘောလုံးကို မိုက်ဒင်းဖွက်ထားခဲ့တယ်။ သူ့အနားအဂွဲရိုးရောက်လာချိန်မှာ မိုက်ဒင်းက မသိချင်ယောင်ဆောင်နေပါသေးတယ်။
ပြီးမှ မချိုမချဉ်မျက်နှာမျိုးနဲ့ သူ၀ှက်ထားတဲ့ ဘောလုံးကို ထုတ်ပေးခဲ့ပါတယ်။
အဂွဲရိုးနဲ့ ပတ်သက်ရင် မိုက်ဒင်းမှာ နောက်ထပ်အမှတ်ရစရာဖြစ်ရပ်ရှိသေးတယ်။ မန်စီးတီးအသင်းသမိုင်းမှာ
မမေ့နိုင်စရာနေ့တစ်နေ့မှာ မိုက်ဒင်း ပါ၀င်စီးမျောခွင့်ရခဲ့တာပါပဲ။
၂၀၁၂ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ QPR ကို အဂွဲရိုးရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ မန်စီးတီးအနိုင်ယူပြီး ချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့တဲ့နေ့ပါပဲ။
အဂွဲရိုး ဂိုးသွင်းယူပြီးနောက် မိုက်ဒင်းက မန်စီးတီးအသင်းကစားသမားတွေ ပြေးလွှားအောင်ပွဲခံတဲ့နောက် လိုက်ပါအောင်ပွဲခံသလို
ဖြစ်ခဲ့တာကို မြင်ခဲ့ရသေးတယ်။ မိုက်ဒင်းက ဒီပွဲကို တာ၀န်ယူခွင့်ရလို့ ဂုဏ်ယူနေပြီး သူ့ရဲ့ဘ၀မှာ အမြဲတမ်းအမှတ်ရနေမယ့်ဖြစ်ရပ်လို့ ဆိုခဲ့ပါတယ်။
မိုက်ဒင်းက " ကျွန်တော်က စက်ရုပ်ဆန်တဲ့ ဒိုင်လူကြီးမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး
ကစားသမားတွေ မေးလာခဲ့ရင် ပြန်ပြီးရှင်းပြတတ်ပါတယ်။ ကစားသမားတွေနဲ့ ဒိုင်တွေရဲ့ကြား ဆက်ဆံရေးက အရေးကြီးတယ်မဟုတ်လား လို့
သူ့အမြင်ကို ပြောဖူးတယ်။
မိုက်ဒင်းရဲ့ ဒီလိုသဘောထားကြောင့် မိုက်ဒင်းကို အကဲစမ်းတဲ့ကစားသမားတွေရှိခဲ့ဖူးတယ်။
ဆောက်သမ်တန်နဲ့ စပါးပွဲတို့ကစားတဲ့ပွဲတစ်ပွဲမှာ မိုက်ဒင်း အဝါကတ်ပြမယ်လုပ်တော့ အဝါကတ်ဟာ
သူ့လက်ထဲကနေ လွတ်ကျလုနီးပါးဖြစ်ခဲ့ဖူးတယ်။ မိုက်ဒင်းက စည်းကြပ်ဒိုင်ဆီသွားပြီး သူ့လက်ကို ဘယ်သူဆွဲတာလဲဆိုပြီး
ဒေါသတကြီးမေးခဲ့တယ်။
ဒီဖြစ်ရပ်ဟာ ရုပ်သံကင်မရာတွေမှာ မှတ်တမ်းတင်ခံရသလို၊ မန်ချက်စတာယူနိုက်တက်နဲ့
ချယ်လ်ဆီးတို့ကစားတဲ့ပွဲတစ်ပွဲမှာလည်း မီခေးလ်ကို အနီကတ်ပြဖို့ ကြိုးပမ်းချိန်မှာ တယ်ရီက မိုက်ဒင်းလက်ထဲက
အနီကတ် လိုက်လုတာ မြင်ခဲ့ရဖူးပါတယ်။
ဒိုင်လူကြီးတစ်ဦးမှာ အသင်းစွဲမရှိသင့်ဘူးလို့ ဆိုသူတွေရှိပါတယ်။ ဒိုင်လူကြီးတစ်ဦးဟာလည်း လူသားတစ်ဦးမဟုတ်လား။
သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားရှိလို့ သူတို့ချစ်ခင်မြတ်နိုးမယ့် ဘောလုံးအသင်းတစ်သင်းဆိုတာ ရှိနေပါတယ်။
မိုက်ဒင်းရဲ့ နှလုံးသားထဲကအသင်းက ထရန်မဲအသင်းပါပဲ။ ထရန်မဲအသင်းရဲ့ပွဲစဉ်မှာ အခြားပရိသတ်တွေနဲ့အတူ
စိတ်အားပြင်းထန်စွာအားပေးနေမယ့် မိုက်ဒင်းကို မြင်နိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ
မိုက်ဒင်းဟာ အရွယ်နဲ့မလိုက်အောင် တက်ကြွနေတတ်တယ်။
ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ဖိအားတွေကြားက လွတ်မြောက်နေသူ မိုက်ဒင်းကို မြင်ရတယ်။
မိုက်ဒင်းက သူ့ရဲ့ ဒိုင်လူကြီးဘ၀တစ်လျှောက် ပြောရအခက်ဆုံးနည်းပြက ဆာအဲလက်စ်လို့ ဆိုခဲ့ပါသေးတယ်။
ဒိုင်လူကြီးဘဝမှာ မိုက်ဒင်းပုံစံကြည့်ရတာ ကြွေလုဆဲဆဲ သက်ရွက်လိုပါပဲ။ ပါးလျလွန်းတဲ့ခန္ဓာကိုယ်ရယ်၊
လူသိပ်မလေးစားချင်မယ့် ဥပဓိရုပ်မျိုးရယ် ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သူက ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်တယ်။
ကွင်းထဲမှာ စက်ရုပ်ဆန်တဲ့ ဒိုင်လူကြီးမဖြစ်လိုသူလည်း ဖြစ်တယ်။
ဒီရက်ပိုင်းထဲမှာလည်း မိုက်ဒင်းက သူ့ရဲ့ဗီဇအတိုင်း ပွဲဆူအောင်ဖန်တီးခဲ့ပါတယ်။
VAR မတိုင်ခင်က ပွဲချိန် မိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်း ဝီစီ မမှုတ်ဘဲ လွှတ်ပေးထားတဲ့
ပွဲတွေရှိခဲ့သလို၊ကွင်းလယ်စက်ဝိုင်းထဲကနေ လုံးဝ မထွက်ဘဲ ၁၅ မိနစ်မက ပွဲကို ကိုင်တွယ်ဖူးတယ်လို့ပြောခဲ့တာပါ။
အဲဒီလိုပြောခဲ့လို့ ဒိုင်လူကြီးအသိုင်းအဝိုင်းမှာ ပွက်လောရိုက်နေကြပါတယ်။
ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်ခဲ့ရသမျှ၊ သူလှောင်ပြောင်ခံခဲ့ရသမျှ၊ သူ ဆုံးဖြတ်ခဲ့ရသမျှ အရာအားလုံးအတွက်
လိပ်ပြာလုံခဲ့တယ်လို့ပြောဖူးတဲ့ မိုက်ဒင်းက အခုစကားတွေအတွက်လည်း မျက်နှာပူမှာမဟုတ်ပါဘူး။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
