Football News

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ည

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ည

တန်းတက်ရှော်လ်ကေးအသင်းကို ဘိုင်ယန်မြူးနစ် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်မြူးနစ် အတွက်သမိုင်းတွင်တဲ့ ဆုံးရှုံးမှုကြီးပါပဲ။ ဘိုင်ယန်မြူးနစ်လို့ဆိုလိုက်တာနဲ့ ပရိသတ်တွေက သွင်းဂိုးတွေ၊ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အတူမြင်နေကျဖြစ်ပါတယ်။  ဒါပေမဲ့ တန်းတက်ရှော်လ်ကေးနဲ့အတွေ့မှာတော့ ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ ၅၉ ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းရပ်တန့်ခဲ့ပါပြီ။ 

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ည

တန်းတက်ရှော်လ်ကေးအသင်းကို ဘိုင်ယန်မြူးနစ် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်မြူးနစ် အတွက်သမိုင်းတွင်တဲ့ ဆုံးရှုံးမှုကြီးပါပဲ။

ဘိုင်ယန်မြူးနစ်လို့ဆိုလိုက်တာနဲ့ ပရိသတ်တွေက သွင်းဂိုးတွေ၊ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အတူမြင်နေကျဖြစ်ပါတယ်။

ဒါပေမဲ့ တန်းတက်ရှော်လ်ကေးနဲ့အတွေ့မှာတော့ ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ ၅၉ ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းရပ်တန့်ခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်က ဟာရီကိန်းနဲ့ အိုလစ်ဆီကို ပထမပိုင်းမှာအနားပေးထားပြီး ရှော်လ်ကေးကို ရင်ဆိုင်ခဲ့ပါတယ်။ သူတို့နှစ်ဉီးမပါချိန်မှာ

ဘိုင်ယန်မြူးနစ်တိုက်စစ်က ဒီယက်ဇ်တစ်ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဟာရီကိန်းရဲ့ ဂိုးဖြစ်နိုင်တဲ့အားထုတ်မှုကို ရှော်လ်ကေးဂိုးသမား ကာရီးယက်စ်လက်စွမ်းပြ ကာကွယ်ခဲ့လို့ ဘိုင်ယန်မြူးနစ်ကံဆိုးခဲ့ပါတယ်။

လက်ရှိရာသီအစမှာ ဘိုင်ယန်မြူးနစ်က စတုဂတ်ကို ၅ ဂိုး ၁ ဂိုး၊ အော့စနာဘရက်ခ်ကို ၄ ဂိုး ၁ ဂိုးရလဒ်တွေနဲ့

အနိုင်ယူပြီး မျက်နှာပန်းလှထားပေမယ့် လီဗာပူးလ်ရဲ့အပယ်ခံဂိုးသမား ကာရီးယက်စ်နဲ့အတွေ့မှာ

၅၉ ပွဲဆက်ဂိုးသွင်းတဲ့စံချိန်ရပ်တန့်ခဲ့ပါတယ်။

ဂိုး ၁၀၀ ပြည့်ဖို့ ၂ ဂိုးသာလိုတော့တဲ့ ဟာရီကိန်းအတွက်လည်း အခု ရှော်လ်ကေးနဲ့ပွဲမှာဂိုးတွေမျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူး။

ဘွန်ဒစ်လီဂါကစားသမားဘဝမှာ တွေ့တဲ့အသင်းတိုင်းကို ဟာရီကိန်းဂိုးသွင်းနိုင်တဲ့စံချိန်ပိုင်ဆိုင်ခဲ့ပေမယ့်

အခုအဲဒီစံချိန်လည်း ပျက်ပြယ်ခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဘွန်ဒစ်လီဂါပွဲစဉ် ၆၇ ပွဲဆက်အမှတ်ပေးဇယားထိပ်ဆုံးနေရာရပ်တည်နိုင်တဲ့ မှတ်တမ်းကျိုးပျက်ခဲ့ပါတယ်။

ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အတွက် ရှော်လ်ကေးအသင်းကို ဂိုးမရှိသရေကျလိုက်တာဟာ နစ်နာမှုတွေသိပ်များခဲ့ပါတယ်။

ဂျာမန်ဘီလူးကြီး အိပ်ဆေးခတ်ခံရတဲ့ညလို့ဆိုရပါမယ်။

ဆက်စပ်သတင်းများ

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး
Football News

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး

ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

Ballon d'Or  ဆု ဘယ်သူရမလဲ?
Players News

Ballon d'Or  ဆု ဘယ်သူရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး
Football News

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ:

ONEX2 banner