Football News

ဂလေဇာနဲ့ ရက်ကလစ်ဖ်၊ မန်ယူအတွက် ဘယ်သူက ပိုကောင်းလဲ?

ဂလေဇာနဲ့ ရက်ကလစ်ဖ်၊ မန်ယူအတွက် ဘယ်သူက ပိုကောင်းလဲ?

မန်ယူအသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစုတို့အနက် ဘယ်သူက အသင်းအတွက် ပိုကောင်းလဲဆိုတဲ့ The Telegraph ရဲ့ အချက် ၇ ချက်ပါ နှိုင်းယှဉ်သုံးသပ်ချက်။

Who is the better Man Utd owner: Sir Jim Ratcliffe or the Glazers? ဆိုတဲ့ ဆောင်းပါးကို ရှာတွေ့တယ်။

မန်ယူအတွက် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစု ဘယ်သူပိုကောင်းလဲ ဆိုတာမေးခွန်းထုတ်ထားတာပါ။

၁။ Financial Security (ငွေကြေးခိုင်မာမှု)

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ချမ်းသာကြွယ်ဝမှုကို Forbes က ပေါင် ၁၈.၃ ဘီလီယံခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဂလေဇာ မိသားစုရဲ့ ကြွယ်ဝမှုက ပေါင် ၃.၆ ဘီလီယံခန့် ရှိပါတယ်။

ချမ်းသာကြွယ်ဝမှုအရ ဆာဂျင်မ်ရက်ကလစ်ဖ်က အထင်ကြီးစရာပါ။ ဒါပေမဲ့ သူ့ ရဲ့ INEOS ကုမ္ပဏီကလည်း ပေါင် ၁၀ ဘီလီယံကျော် ကြွေးမြီရှိနေတယ်။

အဲဒီအချက်က စိုးရိမ်စရာကောင်းပါတယ်။ မန်ယူအသင်းပရိသတ်တွေက အကြွေးဆိုရင် အသံမကြားချင်ပါဘူး။ ဂလေဇာမိသားစုကြောင့် အကြွေးနွံနစ်ရတဲ့ဘဝကနေ

အခုအချိန်အထိ မလွတ်မြောက်နိုင်သေးလို့ အကြွေးဆိုရင်အသံမကြားချင်လောက်အောင် ဖြစ်နေတာပါ။

၂။ Generosity (မန်ယူအတွက်ငွေကြေးသုံးစွဲပေးမှု)

ဒီအပိုင်းမှာ ဂလေဇာမိသားစုရဲ့ ၂၀၀၅ ခုနှစ်အတွင်း မန်ယူကို ဝယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို အဓိကထား ဆွေးနွေးချင်ပါတယ်။

ဂလေဇာမိသားစုက မန်ယူအသင်းကို ချေးငွေယူပြီး ဝယ်ခဲ့လို့  ပေါင်သန်း ၅၈၀ အကြွေးတင်ခဲ့ပါတယ်။

အဲဒီနောက် အကြွေးဆပ်ငွေ၊ အတိုး၊ အမြတ်ဝေစုနဲ့  ဂလေဇာမိသားစုက ပြန်ယူတဲ့ ငွေစုစုပေါင်းက  ပေါင် ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။

ရက်ကလစ်ဖ်က ၂၀၂၄ ခုနှစ်မှာ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ဝယ်ပြီးနောက် မန်ယူအသင်းအတွက် ကိုယ်ပိုင်ငွေ ပေါင် ၂၃၆ သန်း စိုက်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူရှယ်ယာပိုင်ဆိုင်ပြီး အသင်းကိုစီမံခန့်ခွဲချိန်မှာ အသင်းဝန်ထမ်းတွေအတွက်လစာ ကုန်ကျစရိတ်ကို လျှော့ချခဲ့ပါတယ်။

၃။ Sporting Acumen (အားကစားလုပ်ငန်း စီမံခန့်ခွဲနိုင်စွမ်း)

ဂလေဇာမိသားစုပိုင် Tampa Bay Buccaneers က Super Bowl ချန်ပီယံဆု နှစ်ကြိမ် ရရှိဖူးပါတယ်။ ရက်ကလစ်ဖ်ရဲ့ အားကစားလုပ်ငန်းဆိုင်ရာ

ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စက်ဘီးစီးအားကစားနဲ့ နိုက်စ်အသင်းတို့မှာ အောင်မြင်မှုနည်းခဲ့သလို၊ မန်ယူကိုလည်းဆွဲမတင်နိုင်သေးပါဘူး။

၄။ Long-term View (ရေရှည်စီမံကိန်း)

ဖာဂူဆန် အနားယူပြီးနောက် မန်ယူက ရေရှည်တည်ငြိမ်တဲ့ အောင်မြင်မှုရဖို့ ရုန်းကန်ခဲ့ရပါတယ်။

မန်ယူအသင်းမှာ ရေတိုအကျိုးအမြတ်ပဲ ကြည့်တဲ့ ဆုံးဖြတ်ချက်တွေ များခဲ့ပါတယ်။ ခေတ်မမီတော့တဲ့အိုးလ်ထရက် ကွင်းဟောင်းကို

အဆင့်မြှင့်တင်တာ ဒါမှမဟုတ် ကွင်းသစ်တည်ဆောက်တာဟာ မန်ယူအတွက်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်လာပါတယ်။

ရက်ကလစ်ဖ်က အဲဒီလိုအပ်ချက်ကို ဦးစားပေးလုပ်ဆောင်နေပါတယ်။

၅။ Communication (ပရိသတ်တွေနဲ့ ဆက်ဆံရေး)

ဂလေဇာမိသားစုက ၂၀၀၅ ခုနှစ်မှာ မန်ယူကို ဝယ်ယူပြီးနောက် ပရိသတ်တွေဟာ  အသက်သွေးကြောဖြစ်ပြီး

ဆက်ဆံရေးကောင်းတည်ဆောက်သွားမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဂလေဇာမိသားစုဟာ ကိုယ်ကျိုးစီးပွားရေး ဦးစားပေးခဲ့လို့ မန်ယူပရိသတ်တွေရဲ့ရန်သူတော်ဖြစ်ခဲ့ပါတယ်။

ရက်ကလစ်ဖ်ကတော့ BBC၊ Sky Sports တို့လိုမီဒီယာတွေ ဂယ်ရီနဗီးလ်တို့လိုကစားသမားဟောင်းတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့တယ်။

၆။ Prospect of Embarrassment (အငြင်းပွားဖွယ်ရာ ပြောဆိုမှုများ)

ဂလေဇာမိသားစုက ငွေမျက်နှာကြည့်သူတွေဖြစ်လို့ ထိလွယ်ရှလွယ်မယ့်စကားတွေမပြောတတ်ပါဘူး။

ရက်ကလစ်ဖ်ကတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ကိုလိုနီပြုသူတွေလို့

အဓိပ္ပာယ်သက်ရောက်မယ့် စကားလုံးတွေ ပြောခဲ့ဖူးတယ်။ အဲဒီလိုပြောဆိုမှုကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့ စကားအသုံးအနှုန်းကြောင့် တစ်စုံတစ်ယောက် စိတ်ထိခိုက်ခဲ့ရရင် တောင်းပန်ပါတယ်ဆိုပြီး ရက်ကလစ်ဖ် ပြောခဲ့ရပါတယ်။

၇။ Reputation (ပရိသတ်တွေရဲ့ အမြင်နဲ့ ဂုဏ်သတင်း)

ဂလေဇာမိသားစုက မန်ယူအသင်း ပရိသတ်တွေရဲ့ ဒေါသနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

ရက်ကလစ်ဖ်ကလည်း အစပိုင်းမှာ မန်ယူပရိသတ်တွေရဲ့အမျှော်လင့်ခံ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံလာရပါတယ်။

ဂလေဇာလက်ထဲကနေ လွှဲပြောင်းပြီး အပြည့်အဝ ထိန်းချုပ်နိုင်ရင်၊ အပြောင်းအလဲတွေ ဖန်တီးနိုင်မယ်ဆိုရင်တော့

ရက်ကလစ်ဖ်က မန်ယူပရိသတ်တွေရဲ့အချစ်တော်ဘဝရောက်နိုင်ပါတယ်။

ဒီစာစုကိုရေးတဲ့ The Telegraph က Thom Gibbs က အနာဂတ်မန်ယူအသင်းပိုင်ရှင်အဖြစ် ဂလေဇာထက် ရက်ကလစ်ဖ်ကို ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီရွေးချယ်မှုဟာ ရက်ကလစ်ဖ်ရဲ့စီမံခန့်ခွဲမှုကို အပြည့်အဝ ချီးကျူးထားတာမျိုး မဟုတ်ပါဘူး။

၂၀၀၅ ခုနှစ်ကစတင်ပြီး မန်ယူကိုအမြတ်ထုတ်လာတဲ့ ဂလေဇာ မိသားစုထက်စာရင် တော်သေးတယ်ဆိုတဲ့ အတွေးနဲ့ ရက်ကလစ်ဖ်ကိုထောက်ခံခဲ့တာပါ။

ဆက်စပ်သတင်းများ

မိုက်ကယ်ကာရစ်အလုပ်မပြုတ်အောင်ကစားပေးတာ မဟုတ်ဘူး၊ မန်ယူအတွက်ပဲ ကစားပေးတာပါ။ (ဘရူနိုဖာနန်ဒက်စ်)
Football News

မိုက်ကယ်ကာရစ်အလုပ်မပြုတ်အောင်ကစားပေးတာ မဟုတ်ဘူး၊ မန်ယူအတွက်ပဲ ကစားပေးတာပါ။ (ဘရူနိုဖာနန်ဒက်စ်)

ရိုးမားကို အနိုင်ရတဲ့ပွဲစဉ်ဟာ နည်းပြ ကာရစ်ရဲ့ အလုပ်မပြုတ်အောင် ကယ်တင်ပေးတာမဟုတ်ဘဲ မန်ယူအသင်းအတွက်သာ ကစားပေးခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အင်တာဗျူး သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ဖာဂီစတိုင် Half Time Speech
Football News

မိုက်ကယ်ကာရစ်ရဲ့ဖာဂီစတိုင် Half Time Speech

ရိုးမားကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး မန်ယူအသင်းကို နိုင်ပွဲပြန်ရစေခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ဖာဂီစတိုင် Half Time Speech နဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အံ့ဖွယ်ည သုံးသပ်ချက်။

ဒိုင်ပင်ထိုးသင့်လား၊ မထိုးသင့်ဘူးလား
Football News

ဒိုင်ပင်ထိုးသင့်လား၊ မထိုးသင့်ဘူးလား

တင်မ်ဘာ ဆွဲထားတာကို ရိုးသားစွာ လဲမချခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ပယ်နယ်တီမရခဲ့တဲ့ဖြစ်ရပ်ကို အခြေခံပြီး ပယ်နယ်တီရဖို့ ဒိုင်ပင်ထိုးသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာ သုံးသပ်ချက်။

နောက်ထပ် သတင်းများ

ပြင်းထန်စွာ ထိခိုက်မိပြီး ကွယ်လွန်ခဲ့တဲ့ ဘောလုံးသမားတွေအကြောင်း
Players News

ပြင်းထန်စွာ ထိခိုက်မိပြီး ကွယ်လွန်ခဲ့တဲ့ ဘောလုံးသမားတွေအကြောင်း

FC အန်ဒိုရာနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ အရှိန်ပြင်းပြင်း ထိခိုက်မိပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ တီနီရိုက်ဖ်တိုက်စစ်မှူး မီဂွယ်လ်ရဲ့ ဖြစ်ရပ်ဆိုးနဲ့ ဘောလုံးသမိုင်းတစ်လျှောက် ကွင်းတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကစားသမားများအကြောင်း။

အာဆင်နယ်ရဲ့မီးပြတိုက်
Players News

အာဆင်နယ်ရဲ့မီးပြတိုက်

အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီ စွမ်းဆောင်ပြနိုင်လို့ နည်းပြ အာတီတာ ကိုယ်တိုင် 'မီးပြတိုက်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကွင်းလယ်လူ ဒက်ဂလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့မရေမရာစွန့်စားခန်း
Football News

မိုက်ကယ်ကာရစ်ရဲ့မရေမရာစွန့်စားခန်း

၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ ရာထူးကနေ ထုတ်ပယ်မခံရသေးဘဲ ၁၀ ပွဲဆက် နိုင်ပွဲပျောက်မယ့် မှတ်တမ်းဆိုးကို ရှောင်လွှဲဖို့ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သေရေးရှင်ရေး ရင်ဆိုင်ရမယ့် မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ မရေမရာ အနာဂတ်အကြောင်း သုံးသပ်ချက်။

အာဆင်နယ်ခံစစ် ဘာလို့အဲဒီလောက်ကောင်းနေတာလဲ?
Football News

အာဆင်နယ်ခံစစ် ဘာလို့အဲဒီလောက်ကောင်းနေတာလဲ?

လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဂယ်ရီနဗီးလ် ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ အာဆင်နယ်ရဲ့ အသင်းလိုက် ခံစစ်စွမ်းဆောင်ရည် (Defensive Masterclass) နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်။

ချန်ပီယံဆုကို အာဆင်နယ် ကာကွယ်နိုင်မလား?
Football News

ချန်ပီယံဆုကို အာဆင်နယ် ကာကွယ်နိုင်မလား?

အန်ဖီးလ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်နေတဲ့ မှတ်တမ်းဆိုးကို ကိုင်ဟာဗတ်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ အဆုံးသတ်လိုက်ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံး တက်ရောက်လာတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဆု ကာကွယ်နိုင်မယ့် အခွင့်အရေး သုံးသပ်ချက်။

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: