အာဆင်နယ်ရဲ့မီးပြတိုက်
အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီ စွမ်းဆောင်ပြနိုင်လို့ နည်းပြ အာတီတာ ကိုယ်တိုင် 'မီးပြတိုက်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကွင်းလယ်လူ ဒက်ဂလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်။
FC အန်ဒိုရာနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ အရှိန်ပြင်းပြင်း ထိခိုက်မိပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ တီနီရိုက်ဖ်တိုက်စစ်မှူး မီဂွယ်လ်ရဲ့ ဖြစ်ရပ်ဆိုးနဲ့ ဘောလုံးသမိုင်းတစ်လျှောက် ကွင်းတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကစားသမားများအကြောင်း။
စပိန်ဒုတိယတန်းကလပ် တီနီရိုက်ဖ်အသင်း တိုက်စစ်မှူး မီဂွယ်လ် ကွယ်လွန်သွားတာဟာ ဘောလုံးလောကအတွက် ဝမ်းနည်းထိတ်လန့်စရာကောင်းလွန်းပါတယ်။
အသက် ၃၀ အရွယ် မီဂွယ်လ်ဟာ နိုဝင်ဘာလ ၂ ရက်က ကစားတဲ့ FC အန်ဒိုရာနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမား အိုဝိုနိုနဲ့ထိခိုက်မိပြီး ကွယ်လွန်ခဲ့တာပါ။
တီနီရိုက်ဖ်နဲ့ FC အန်ဒိုရာအသင်းတို့ရဲ့ပွဲက နှစ်ဂိုးစီသရေကျနေခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အန်ဒိုရာအသင်းဂိုးသမား
အိုဝိုနိုက ဘောလုံးရှင်းထုတ်ဖို့လုံးပမ်းရင်း မီဂွယ်လ်နဲ့ အရှိန်ပြင်းပြင်း တိုက်မိခဲ့ပါတယ်။
ဂိုးသမားအိုဝိုနိုရဲ့ ဒူးဟာ မီဂွယ်လ်ရဲ့ ရင်ဘတ်ကို ထိခဲ့တာပါ။ ထိခိုက်မိတဲ့အရှိန်ကြောင့် မီဂွယ်လ် မြေပြင်ပေါ် လဲကျသွားပြီး
အသင်းနှစ်သင်းစလုံးက ကစားသမားတွေဟာ ဆေးအဖွဲ့ကို အရေးပေါ် အကူအညီတောင်းခံခဲ့ကြပါတယ်။
ကွင်းထဲမှာ မီဂွယ်လ်ကို ဆေးအဖွဲ့က ၅ မိနစ်ကျော် အရေးပေါ်ကုသပေးခဲ့ပါတယ်။ ဒါပေမဲ့ နှလုံးရပ်သွားတဲ့အခြေအနေ (Cardiac Arrest) ဖြစ်ပွားခဲ့ပြီး
လူနာတင်ယာဉ်နဲ့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်။ အစောပိုင်းမှာ အခြေအနေစိုးရိမ်ရပေမယ့် တည်ငြိမ်နေတယ်လို့ တီနီရိုက်ဖ်အသင်းက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ အာရုံကြောထိခိုက်တာ အခြေအနေ ဆိုးရွားလာခဲ့ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးခဲ့ရတာပါ။
ဖြစ်စဉ်အတွင်း ကြမ်းတမ်းစွာပြုမူခဲ့တဲ့ အန်ဒိုရာ ဂိုးသမား အိုဝိုနိုကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့ပါတယ်။
ပွဲကိုလည်း ၂-၂ ဂိုးရလဒ်နဲ့ ဆက်လက်မကစားတော့ဘဲ ရပ်ဆိုင်းခဲ့ပါတယ်။
မီဂွယ်လ်ကွယ်လွန်မှုအတွက် FC အန်ဒိုရာ၊ ဘာစီလိုနာ၊ ရီးယဲလ်တို့အပါအဝင် လာလီဂါအဖွဲ့ချုပ်၊ ကစားသမားများအစည်းအရုံး FIFPRO အပါအဝင်
ဘောလုံးလောကက လူများစွာ၊အဖွဲ့အစည်းများစွာက ဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘောလုံးသမိုင်းမှာ ကစားပွဲအတွင်း ပြင်းထန်တဲ့ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ရုတ်တရက် နှလုံးရပ်ပြီး ကွင်းထဲမှာပဲ သေဆုံးခဲ့ရသူတွေ အများအပြားရှိခဲ့ပါတယ်။
အထူးသဖြင့် တီနီရိုက်ဖ်ကစားသမား မီဂွယ်လ်ရဲ့ဖြစ်ရပ်နဲ့ ဆင်တူတဲ့ ထိခိုက်မှုတွေရှိဖူးပါတယ်။
၁။ ပါခွန် (၂၀၀၁ ခုနှစ်)
ရုရှားကလပ် CSKA မော်စကိုအသင်းက ယူကရိန်းဂိုးသမား ပါခွန်က ၂၀၀၁ ခုနှစ် ဩဂုတ်လအတွင်း ကစားတဲ့ အန်ဇီနဲ့ ပွဲမှာ ပြိုင်ဘက်တိုက်စစ်မှူးနဲ့
ဦးခေါင်းချင်း ပြင်းထန်စွာ ထိခိုက်မိခဲ့ပါတယ်။ အဲဒီနောက် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရခဲ့ပြီး ၉ ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။
၂။ ရာမီရက်ဇ် (၂၀၂၅ ခုနှစ်)
စပိန်အပျော်တမ်းကလပ် Colindres အသင်းရဲ့ ဂိုးသမားရာမီရက်ဇ်က အသက် ၁၉ နှစ်အရွယ်မှာ ကွင်းထဲထိခိုက်မိပြီးကွယ်လွန်ခဲ့ပါတယ်။
၂၀၂၅ စက်တင်ဘာ ၂၇ ရက်မှာကစားတဲ့ Revilla အသင်းနဲ့ ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ဦးခေါင်းတိုက်မိခဲ့ပါတယ်။
ရာမီရက်ဇ်က ကွင်းထဲမှာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်း ရပ်တန့်မှု ဖြစ်ပွားခဲ့ပါတယ်။ လူနာတင်ယာဉ်ပေါ်မှာလည်း ထပ်မံနှလုံးရပ်ခဲ့ပါတယ်။
ဆေးရုံမှာ နှစ်ရက်ကြာ ကုသခဲ့ပေမဲ့ အသက်မကယ်နိုင်ခဲ့ပါဘူး။
၃။ ခရစ္စတီယာနိုဂျူနီယာ (၂၀၀၄ ခုနှစ်)
ဂိုးသမားနဲ့ ထိခိုက်မိမှုကြောင့် သေဆုံးခဲ့ရတာပါ။ ဘရာဇီးနိုင်ငံသား တိုက်စစ်မှူးဖြစ်ပြီး အိန္ဒိယကလပ် Dempo SC မှာ ကစားခဲ့ပါတယ်။
၂၀၀၄ ဒီဇင်ဘာ ၅ ရက်က ကစားတဲ့ Federation Cup ဖိုင်နယ်ပွဲမှာ Mohun Bagan အသင်းနဲ့ ရင်ဆိုင်ခဲ့ပါတယ်။
ဂိုးသွင်းယူဖို့ ကြိုးစားနေတုန်း ပြိုင်ဘက်ဂိုးသမား နဲ့ ပြင်းထန်စွာ ထိခိုက်မိခဲ့ပါတယ်။ အဲဒီနောက် ခရစ္စတီယာနိုဂျူနီယာက
မြေပြင်ပေါ် လဲကျသွားပြီး သတိလစ်သွားခဲ့ပါတယ်။ နောက်ဆုံးနှလုံးရပ်တန့်မှုကြောင့် အသက် ၂၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
၄။ ဂျွန်သွန်မဆင် (၁၉၃၁ ခုနှစ်)
ဂိုးသမားရဲ့ဒူးနဲ့ ထိခိုက်ပြီး စကော့တလန်ကလပ် ဆဲလ်တစ်အသင်း ဂိုးသမား ဂျွန်သွန်မဆင် ကွယ်လွန်ခဲ့ပါတယ်။
၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှာ ကစားတဲ့ ရိန်းဂျားစ်နဲ့ပွဲမှာ ဘောလုံးကို ဖမ်းယူဖို့ ကြိုးစားချိန် ပြိုင်ဘက်ကစားသမားရဲ့ ဒူးနဲ့ ဦးခေါင်း ပြင်းထန်စွာ တိုက်မိခဲ့ပါတယ်။
ဂျွန်သွန်မဆင်က ဦးခေါင်းခွံကွဲအက်တဲ့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ကုသနေစဥ် အသက် ၂၂ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ စကော့တလန်ဘောလုံးသမိုင်းမှာ အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။
ဘောလုံးကွင်းထဲ လဲကျကွယ်လွန်ခဲ့သူတွေထဲ ထင်ရှားသူတွေကတော့ ဗီဗီယန်ဖိုး၊ ဖီဟာတို့ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီ စွမ်းဆောင်ပြနိုင်လို့ နည်းပြ အာတီတာ ကိုယ်တိုင် 'မီးပြတိုက်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကွင်းလယ်လူ ဒက်ဂလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်။
လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။
ချယ်လ်ဆီးနဲ့ပွဲမှာ လူမိုက်ဆန်ဆန် အမှားတွေကျူးလွန်ပြီး အနီကတ်ပြထုတ်ပယ်ခံရကာ မန်ယူအသင်းကို ၉ ပွဲဆက် နိုင်ပွဲပျောက်စေခဲ့တဲ့ မာတီနက်ဇ်ရဲ့ အရူးထမှုနဲ့ မိုက်ကယ်ကာရစ်ရဲ့ အကျပ်အတည်းအကြောင်း သုံးသပ်ချက်။
ရိုးမားကို အနိုင်ရတဲ့ပွဲစဉ်ဟာ နည်းပြ ကာရစ်ရဲ့ အလုပ်မပြုတ်အောင် ကယ်တင်ပေးတာမဟုတ်ဘဲ မန်ယူအသင်းအတွက်သာ ကစားပေးခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အင်တာဗျူး သုံးသပ်ချက်။
ရိုးမားကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး မန်ယူအသင်းကို နိုင်ပွဲပြန်ရစေခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ဖာဂီစတိုင် Half Time Speech နဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အံ့ဖွယ်ည သုံးသပ်ချက်။
မန်ယူအသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစုတို့အနက် ဘယ်သူက အသင်းအတွက် ပိုကောင်းလဲဆိုတဲ့ The Telegraph ရဲ့ အချက် ၇ ချက်ပါ နှိုင်းယှဉ်သုံးသပ်ချက်။
တင်မ်ဘာ ဆွဲထားတာကို ရိုးသားစွာ လဲမချခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ပယ်နယ်တီမရခဲ့တဲ့ဖြစ်ရပ်ကို အခြေခံပြီး ပယ်နယ်တီရဖို့ ဒိုင်ပင်ထိုးသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာ သုံးသပ်ချက်။
၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ ရာထူးကနေ ထုတ်ပယ်မခံရသေးဘဲ ၁၀ ပွဲဆက် နိုင်ပွဲပျောက်မယ့် မှတ်တမ်းဆိုးကို ရှောင်လွှဲဖို့ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သေရေးရှင်ရေး ရင်ဆိုင်ရမယ့် မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ မရေမရာ အနာဂတ်အကြောင်း သုံးသပ်ချက်။
လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဂယ်ရီနဗီးလ် ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ အာဆင်နယ်ရဲ့ အသင်းလိုက် ခံစစ်စွမ်းဆောင်ရည် (Defensive Masterclass) နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်။