အန်ဖီးလ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်နေတဲ့ မှတ်တမ်းဆိုးကို ကိုင်ဟာဗတ်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ အဆုံးသတ်လိုက်ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံး တက်ရောက်လာတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဆု ကာကွယ်နိုင်မယ့် အခွင့်အရေး သုံးသပ်ချက်။
လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာ အာတီတာက အန်ဖီးလ်မှာ (၁၄)နှစ်ကြာအနိုင်မရတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်ပစ်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
အခု သူကြွေးကြော်ခဲ့တဲ့အတိုင်း အာဆင်နယ် နိုင်ပွဲရခဲ့ပါတယ်။ King Kai ရဲ့ ပွဲချိန် (၁၆)မိနစ်သွင်းဂိုးဟာ အာဆင်နယ်အတွက် နိုင်ပွဲဖန်ဆင်းပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ အန်ဖီးလ်ကွင်းထဲ လီဗာပူးလ္ကို နောက်ဆုံးအကြိမ် အနိုင်ရတုန်းက အာတီတာက အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် အသုံးတော်ခံခဲ့ပါတယ်။
အခုနည်းပြအဖြစ် အာဆင်နယ်ကို ဦးဆောင်ပြီး အန်ဖီးလ်မှာ (၁၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးတဲ့မှတ်တမ်းဆိုးကို ရပ်တန့်လိုက်တယ်။
လီဗာပူးလ်နဲ့ အန်ဖီးလ်စီးချင်းထိုးပွဲမတိုင်ခင်မှာ အာဆင်နယ်က အရှက်ရစရာရှုံးပွဲ ရင်ဆိုင်ခဲ့ရတာပါ။ လိဂ်တူးကလပ် ဖလက်၀ုဒ်အသင်းကို ရှုံးပြီး
ဖလားတစ်လုံးလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီတော့ လီဗာပူးလ်နဲ့ပွဲဟာ အာတီတာနဲ့ အာဆင်နယ်အတွက် သိပ်ပြီးအရေးကြီးခဲ့ပါတယ်။
အာတီတာက "ကျွန်တော် အကြီးအကျယ်ဂုဏ်ယူမိပါတယ်။ (၁၄)နှစ်တောင်ရှိပြီဆိုတော့ အချိန်ကသိပ်ကြာသွားပါပြီ။
လီဗာပူးလ်််ကို နိုင်ခဲ့လို့ အာဆင်နယ်အသင်းသားတွေအားလုံး ဂုဏ်ယူသင့်ပါတယ်။
နိုင်ပွဲရခဲ့သာအတွက်သာမကဘဲ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ကြောင့်ပါ ဂုဏ်ယူသင့်ပါတယ်" လို့ပြောခဲ့ပါတယ်။
အာတီတာပြောသလိုပဲ၊ အာဆင်နယ်ရဲ့ စွမ်းရည်က ဂုဏ်ယူစရာသိပ်ကောင်းပါတယ်။ ရာသီအစ (၉)ပြဲမွာ ရမှတ် (၂၄)မှတ်ပိုင်ဆိုင်ထားပြီး
၂၀၂၃-၂၄ ရာသီက သူတို့တင်ထားတဲ့ ရမှတ်မှတ်တမ်းကို အာဆင်နယ် ပြန်လည်ကျော်ဖြတ်နိုင်ခဲ့တာပါ။
၂၀၁၂ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာ ပထမဆုံးနိုင်ပွဲပိုင်ဆိုင်ခဲ့သလို၊ ပထမဆုံးဂိုးမပေးရတဲ့ပွဲအဖြစ်လည်း မှတ်တမ်း၀င်ခဲ့ပါတယ်။
အကောင်းဆုံးကစားသမားဆု ပိုင်ဆိုင်ခဲ့သူ ဒက်ဂလန်ရိုက်စ်က "အန်ဖီးလ်မှာ (၁၄)နှစ်ကြာနိုင်ပွဲမရခဲ့တာကို အဆုံးသတ်နိုင်ခဲ့သလို၊
တိုက်စစ်အစွမ်းကိုလည်းအတူတကွ ပြသခဲ့ပါတယ်။ အခုလိုကစားပုံမျိုး တစ်ခါမှ မမြင်ဖူးဘူး" လို့ပြောပြီး နိုင်ပွဲအတွက် ၀င့်ကြွားခဲ့တယ်။
အခုဆိုရင် အာဆင်နယ်က မန္စီးတီးကို နှစ်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ သိမ်းပိုက်လိုက်ပါပြီ။
အာဆင်နယ်တိုက်စစ်က အထူးချွန်ဆုံးမဟုတ်သေးပေမယ့် ခံစစ္က မာဂုဏ်မြင့်လွန်းပါတယ်။
အဲဒီခံစစ်အစွမ်းနဲ့ပဲ အာဆင်နယ်က ချန်ပီီယံဆုကို ကာကွယ်ခွင့်ရယူသွားမယ်ထင်ပါတယ်။