Football News

အာဆင်နယ်ခံစစ် ဘာလို့အဲဒီလောက်ကောင်းနေတာလဲ?

အာဆင်နယ်ခံစစ် ဘာလို့အဲဒီလောက်ကောင်းနေတာလဲ?

လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဂယ်ရီနဗီးလ် ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ အာဆင်နယ်ရဲ့ အသင်းလိုက် ခံစစ်စွမ်းဆောင်ရည် (Defensive Masterclass) နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်။

Sky Sports ရဲ့လီဗာပူးလ်- အာဆင်နယ် ပွဲပြီးသုံးသပ်ချက်မှာ ဂယ်ရီနဗီးလ်က အာဆင်နယ်ကို Defensive Masterclass လို့ တင်စားခဲ့ပါတယ်။

အာဆင်နယ်ခံစစ်က တကယ်ပဲ ခိုင်မာတည်ငြိမ်လွန်းပါတယ်။ တိုက်စစ်သံချေးတက်သလို ဖြစ်နေချိန်မှာ အာဆင်နယ်က ခံစစ်မာဂုဏ်နဲ့ ရှေ့သို့လှမ်းချီနေတယ်။

အာဆင်နယ်ခံစစ်ရဲ့ အဓိကအချက်တစ်ခုက Compact Defensive Block ပါ။

ခံစစ်ကောင်းတစ်ခုရဲ့ အရေးကြီးဆုံးအချက်က ကစားသမားတွေကြား အကွာအဝေးကို ထိန်းသိမ်းထားတာပါ။

အထူးသဖြင့် လီဗာပူးလ်နဲ့ပွဲမှာ ပထမဂိုးရပြီးနောက် အာဆင်နယ်ဟာ တိုက်စစ်ကို အလွန်အကျွံမကစားဘဲ ခံစစ်ကို ပိုမိုထိန်းချုပ်ခဲ့ပါတယ်။

ဒီနေရာမှာ အချက်သုံးချက်ကို မြင်ရပါတယ်။ အာဆင်နယ်ခံစစ်ကစားသမားလေးဦးဟာ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာနေရာယူပါတယ်။

ကွင်းလယ်ခံစစ်က ခံစစ်တန်းရှေ့မှာ အကာအကွယ်ပေးနိုင်စွမ်းမြင့်မားပါတယ်။

လီဗာပူးလ်ရဲ့ တိုက်စစ်သမားတွေ ဘောလုံးမရအောင် နေရာလွတ်မပေးခဲ့ပါဘူး။

အထူးသဖြင့် လီဗာပူးလ်တိုက်စစ်ကစားသမားတွေဟာ အာဆင်နယ်ခံစစ်တန်းနဲ့ ကွင်းလယ်ကြားမှာ နေရာလွတ် အသုံးချဖို့ အခက်တွေ့ခဲ့ပါတယ်။

အာဆင်နယ်ခံစစ်ရဲ့ဗျူဟာက ဘောလုံးကို အတင်းလိုက်လုတာထက် ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့ထားခဲ့တာပါ။

ဒက်ဂလန်ရိုက်စ်ရဲ့ ခံစစ်ကူညီနိုင်စွမ်းကလည်း တကယ်တန်ဖိုးရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ ဗဟိုခံစစ်ကစားသမားဖြစ်ခဲ့ဖူးသူ

ဒက်ဂလန်ရိုက်စ်ရဲ့ခံစစ်အမြင်က အာဆင်နယ်အတွက် တံတိုင်းလိုတည်ရှိနေတာပါ။

ဒက်ဂလန်ရိုက်စ်က လီဗာပူးလ်ကွင်းလယ်ကနေ တိုက်စစ်စတင်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တယ်။

ခံစစ်တန်းရှေ့မှာ နေရာယူပြီး ပြိုင်ဘက်ရဲ့ Through Ball တွေကို တားဆီးခဲ့တယ်။

ဘောလုံးဆုံးရှုံးသွားတဲ့အခါ ချက်ချင်းပြန်လည်ဖိအားပေးခဲ့တယ်။ ခံစစ်ကစားသမားတွေကို အကူအညီပေးနိုင်အောင် အသင့်ပြင်ထားခဲ့ပါတယ်။

ဒက်ဂလန်ရိုက်စ်ကြောင့် ဂါဘရီယဲလ်နဲ့ ခံစစ်အသင်းဖော်တွေဟာ ပြိုင်ဘက်တိုက်စစ်သမားတွေနဲ့ တိုက်ရိုက်ရင်ဆိုင်ရတဲ့ အခြေအနေကို လျှော့ချနိုင်ခဲ့ပါတယ်။

ဂါဘရီယဲလ်ရဲ့ Positioning ကလည်း အာဆင်နယ်ခံစစ် ကောင်းမွန်ရတဲ့အကြောင်းရင်းတစ်ခုပါ။

ဗဟိုခံစစ်ကစားသမားရဲ့ အဓိကအလုပ်က ဘောလုံးကို ဖျက်ထုတ်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။

အရေးကြီးတာက ဘယ်အချိန်မှာ ရှေ့တက်ဖျက်ရမလဲ? ဘယ်အချိန်မှာ နောက်ဆုတ်ခုခံရမလဲ?

ဘယ်အချိန်မှာ ပြိုင်ဘက်ကို လိုက်ဖိရမလဲ? ဆိုတာ ဆုံးဖြတ်နိုင်စွမ်းရှိရပါမယ်။

ဂါဘရီယဲလ် ဦးဆောင်တဲ့ အာဆင်နယ်ခံစစ်က ပြိုင်ဘက်တိုက်စစ်သမားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တယ်။

ဂိုးဧရိယာအတွင်း ဘောလုံးရောက်လာတဲ့အခါ အန္တရာယ်ရှိတဲ့နေရာကို ဦးစားပေးကာကွယ်ခဲ့တယ်။ ဖြတ်တင်ဘောတွေကို ရှင်းထုတ်နိုင်ခဲ့တယ်။

တစ်ဦးတည်းကို အာရုံစိုက်မနေဘဲ တိုက်စစ်ဆင်နိုင်မယ့် ပြိုင်ဘက်ကစားသမားတွေရဲ့ လှုပ်ရှားမှုကိုပါ  ထိန်းချုပ်နိုင်ခဲ့တယ်။

အထူးသဖြင့် လီဗာပူးလ် ရဲ့ ဖြတ်တင်ဘောတွေကို အာဆင်နယ်ခံစစ်က အန္တရာယ်ရှိတဲ့ကန်သွင်းချက် မဖြစ်အောင် သတိထားခဲ့တယ်။

ဒါကြောင့်ပဲ လီဗာပူးလ်နဲ့ပွဲမှာ အာဆင်နယ်ခံစစ်က Ball Recovery ၅၅ ကြိမ်၊ အောင်မြင်တဲ့လျှောထိုးဖျက်ထုတ်မှု ၁၆ ကြိမ်၊ ဘောလုံးရှင်းထုတ်မှု ၃၆ ကြိမ်၊

Block ၉ ကြိမ်၊ ခေါင်းတိုက်ရှင်းထုတ်မှု ၁၇ ကြိမ်၊ Ground Duels Won  ၄၆ ကြိမ်နဲ့  Aerial Duels Won ၁၇ ကြိမ်အထိ လုပ်ပြီး စွမ်းရည်ကောင်းပြသခဲ့တာပါ။

ဘောလုံးရှင်းထုတ်မှု ၃၆ ကြိမ်နဲ့ Block ၉ ကြိမ်ဆိုတဲ့ ကိန်းဂဏန်းတွေက အာဆင်နယ်ရဲ့ ခံစစ်အလုပ်လုပ်ပုံ ဘယ်လောက်ကောင်းမွန်လဲဆိုတာ ဖော်ပြနေပါတယ်။

လီဗာပူးလ်ဟာ အာဆင်နယ်ရဲ့ ခံစစ်ဇုန်ထဲ  ဘောလုံးအကြိမ်ကြိမ် ရောက်ခဲ့ပေမဲ့ အန္တရာယ်ရှိတဲ့ ကန်ချက်တွေ မလုပ်နိုင်ခဲ့ပါဘူး။

လီဗာပူးလ် ဂိုးမသွင်းနိုင်ခဲ့တဲ့၊ ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မှမရခဲ့တာအတွက် အကြောင်းရင်း ၅ ချက် ရှိပါတယ်။

(၁) ဂိုးဧရိယာအတွင်း နေရာလွတ်မရခြင်း

လီဗာပူးလ်ဟာ အာဆင်နယ်ရဲ့ပယ်နယ်တီဧရိယာ အနီးကို ရောက်ခဲ့ပေမဲ့ ဂိုးကန်သွင်းခွင့်ရမယ့် အခွင့်အရေး  ရှာမတွေ့ခဲ့ပါဘူး။

(၂) အာဆင်နယ်ရဲ့ Blocking ကောင်းမွန်ခြင်း

လီဗာပူးလ်က ကန်ချက်အများစုကို အာဆင်နယ်ခံစစ်ကစားသမားတွေက လမ်းကြောင်းပိတ်ဆို့နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဘောလုံးက ဂိုးပေါက်ဆီရောက်မလာခင် ကြားဖြတ်ပိတ်ဆို့နိုင်ခဲ့တာပါ။

(၃) လီဗာပူးလ်ရဲ့ ဖြတ်တင်ဘောတွေကို ထိန်းချုပ်နိုင်ခြင်း

လီဗာပူးလ်ဟာ တောင်ပံကနေ ဖြတ်တင်ဘောတွေ အများကြီး အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်က ဘောလုံး

ရောက်လာမယ့်နေရာကို ကြိုတင်မှန်းဆပြီး  ရှင်းထုတ်နိုင်ခဲ့ပါတယ်။

(၄) ဂိုးသမားရာယာ ရဲ့ Positioning

ဂိုးသမားတစ်ယောက်အနေနဲ့ ကန်ချက်ကို ကာကွယ်ဖို့တင်မဟုတ်ဘဲ အန္တရာယ်ဖြစ်လာနိုင်တဲ့ ဘောလုံးလမ်းကြောင်းကို ကြိုတင်မှန်းဆနိုင်ဖို့လည်း လိုအပ်ပါတယ်။

အာဆင်နယ်ဂိုးသမား ရာယာက ဒီပွဲမှာ အဲဒီအပိုင်းကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။

(၅) ဒုတိယပိုင်း Game Management

ဒုတိယပိုင်းမှာ အာဆင်နယ်က လီဗာပူးလ်ကို ဘောလုံးပိုင်ဆိုင်ခွင့်ပေးထားပေမဲ့ ခံစစ်ကနေ တိုက်စစ် ကူးပြောင်းနိုင်မယ့် အခြေအနေကောင်းကို ရှာဖွေနေခဲ့တာပါ။

ဒါကြောင့် လီဗာပူးလ်ရဲ့ တိုက်စစ်ဟာ စိတ်လွတ်လက်လွတ် မလုပ်နိုင်ခဲ့ပါဘူး။

အာဆင်နယ်ရဲ့ ခံစစ်မှာ အားနည်းချက်မရှိတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာ အာဆင်နယ်အတွက် အန္တရာယ်ကြီးတဲ့ အခြေအနေသုံးခု ရှိခဲ့ပါတယ်။

ဖလော်ရီယန်ဗက်ဇ်ရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်ခဲ့တာ၊ မက်အယ်လစ်စတာ အပိုင်ခေါင်းတိုက်ခွင့်ရပေမယ့်အသုံးမချနိုင်ခဲ့တာ၊

အီဆက်ခ်နဲ့ တင်မ်ဘာဖြစ်ရပ်မှာ ပယ်နယ်တီမပေးခဲ့တာတွေက ကံကောင်းခဲ့ပါတယ်။

အာဆင်နယ်က ခံစစ်ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ထက် အသင်းလိုက် ခံစစ်စွမ်းရည် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က လီဗာပူးလ်ကို ဘောလုံးမကိုင်နိုင်အောင် လုပ်ခဲ့တာမဟုတ်ပါဘူး။

လီဗာပူးလ် ဘောလုံးကိုင်ထားပေမဲ့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းတွေ မရအောင် လုပ်နိုင်ခဲ့တာပါ။

ဒါဟာ ခံစစ်ကောင်းတဲ့အသင်းနဲ့ ခံစစ်စနစ်ကောင်းတဲ့အသင်းတို့ရဲ့ ကွာခြားချက်လို့ဆိုနိုင်ပါတယ်။

အာတီတာက ပွဲအခြေအနေအလိုက် ခံစစ်ပုံစံပြောင်းလဲကစားနိုင်အောင် ပြင်ဆင်ခဲ့ပါတယ်။

ခံစစ်စွမ်းရည်ကောင်းကြောင့် အာဆင်နယ်က အန်ဖီးလ်မှာ ၁၄ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့သလို၊ ပထမဆုံး Clean Sheet ရလဒ်ပါ ပိုင်ဆိုင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

မိုက်ကယ်ကာရစ်အလုပ်မပြုတ်အောင်ကစားပေးတာ မဟုတ်ဘူး၊ မန်ယူအတွက်ပဲ ကစားပေးတာပါ။ (ဘရူနိုဖာနန်ဒက်စ်)
Football News

မိုက်ကယ်ကာရစ်အလုပ်မပြုတ်အောင်ကစားပေးတာ မဟုတ်ဘူး၊ မန်ယူအတွက်ပဲ ကစားပေးတာပါ။ (ဘရူနိုဖာနန်ဒက်စ်)

ရိုးမားကို အနိုင်ရတဲ့ပွဲစဉ်ဟာ နည်းပြ ကာရစ်ရဲ့ အလုပ်မပြုတ်အောင် ကယ်တင်ပေးတာမဟုတ်ဘဲ မန်ယူအသင်းအတွက်သာ ကစားပေးခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အင်တာဗျူး သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ဖာဂီစတိုင် Half Time Speech
Football News

မိုက်ကယ်ကာရစ်ရဲ့ဖာဂီစတိုင် Half Time Speech

ရိုးမားကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး မန်ယူအသင်းကို နိုင်ပွဲပြန်ရစေခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ဖာဂီစတိုင် Half Time Speech နဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အံ့ဖွယ်ည သုံးသပ်ချက်။

ဂလေဇာနဲ့ ရက်ကလစ်ဖ်၊ မန်ယူအတွက် ဘယ်သူက ပိုကောင်းလဲ?
Football News

ဂလေဇာနဲ့ ရက်ကလစ်ဖ်၊ မန်ယူအတွက် ဘယ်သူက ပိုကောင်းလဲ?

မန်ယူအသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစုတို့အနက် ဘယ်သူက အသင်းအတွက် ပိုကောင်းလဲဆိုတဲ့ The Telegraph ရဲ့ အချက် ၇ ချက်ပါ နှိုင်းယှဉ်သုံးသပ်ချက်။

နောက်ထပ် သတင်းများ

ပြင်းထန်စွာ ထိခိုက်မိပြီး ကွယ်လွန်ခဲ့တဲ့ ဘောလုံးသမားတွေအကြောင်း
Players News

ပြင်းထန်စွာ ထိခိုက်မိပြီး ကွယ်လွန်ခဲ့တဲ့ ဘောလုံးသမားတွေအကြောင်း

FC အန်ဒိုရာနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ အရှိန်ပြင်းပြင်း ထိခိုက်မိပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ တီနီရိုက်ဖ်တိုက်စစ်မှူး မီဂွယ်လ်ရဲ့ ဖြစ်ရပ်ဆိုးနဲ့ ဘောလုံးသမိုင်းတစ်လျှောက် ကွင်းတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကစားသမားများအကြောင်း။

အာဆင်နယ်ရဲ့မီးပြတိုက်
Players News

အာဆင်နယ်ရဲ့မီးပြတိုက်

အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီ စွမ်းဆောင်ပြနိုင်လို့ နည်းပြ အာတီတာ ကိုယ်တိုင် 'မီးပြတိုက်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကွင်းလယ်လူ ဒက်ဂလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်။

ဒိုင်ပင်ထိုးသင့်လား၊ မထိုးသင့်ဘူးလား
Football News

ဒိုင်ပင်ထိုးသင့်လား၊ မထိုးသင့်ဘူးလား

တင်မ်ဘာ ဆွဲထားတာကို ရိုးသားစွာ လဲမချခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ပယ်နယ်တီမရခဲ့တဲ့ဖြစ်ရပ်ကို အခြေခံပြီး ပယ်နယ်တီရဖို့ ဒိုင်ပင်ထိုးသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာ သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့မရေမရာစွန့်စားခန်း
Football News

မိုက်ကယ်ကာရစ်ရဲ့မရေမရာစွန့်စားခန်း

၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ ရာထူးကနေ ထုတ်ပယ်မခံရသေးဘဲ ၁၀ ပွဲဆက် နိုင်ပွဲပျောက်မယ့် မှတ်တမ်းဆိုးကို ရှောင်လွှဲဖို့ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သေရေးရှင်ရေး ရင်ဆိုင်ရမယ့် မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ မရေမရာ အနာဂတ်အကြောင်း သုံးသပ်ချက်။

ချန်ပီယံဆုကို အာဆင်နယ် ကာကွယ်နိုင်မလား?
Football News

ချန်ပီယံဆုကို အာဆင်နယ် ကာကွယ်နိုင်မလား?

အန်ဖီးလ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်နေတဲ့ မှတ်တမ်းဆိုးကို ကိုင်ဟာဗတ်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ အဆုံးသတ်လိုက်ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံး တက်ရောက်လာတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဆု ကာကွယ်နိုင်မယ့် အခွင့်အရေး သုံးသပ်ချက်။

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်
Players News

တတိယဦးစားပေးဘဝရောက်သွားတဲ့ အာနိုးလ်

လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပေမဲ့ မော်ရင်ဟိုလက်ထက် ရီးယဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီနဲ့ ဒမ်ဖရိုင်းစ်တို့ရဲ့နောက် တတိယဦးစားပေး ညာနောက်ခံလူအဖြစ် ရုန်းကန်နေရတဲ့ အာနိုးလ်ရဲ့ အခြေအနေ သုံးသပ်ချက်။

တရားဝင်ချန်နယ်များ: