လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။
မန်ယူနဲ့ စပါးစီးချင်းထိုးပွဲဟာ ဖိအားနွံထဲဘယ်သူထပ်ကျမလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၅ အပြီးမှာ မန်ယူက တစ်ပွဲသာနိုင်ပြီး အဆင့် ၁၂ နေရာ၊ စပါးက နိုင်ပွဲလုံးဝမရဘဲ
၃ ပွဲရှုံး၊ ၂ ပွဲသရေနဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ကျောက်ချထားတယ်။
မန်ယူနဲ့ပွဲမှာသာ ရလဒ်ဆိုးရင် စပါးနည်းပြဒီဇာဘီ ရာထူးကထုတ်ပယ်ခံရဖွယ်ရှိပါတယ်။
မိုက်ကယ်ကာရစ်ရဲ့အခြေအနေကလည်း ဒီဇာဘီနဲ့သိပ်ပြီးမကွာပါဘူး။
အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲထပ်ပျောက်ရင် မိုက်ကယ်ကာရစ်နဲ့ မန်ယူအိုးစားကွဲနိုင်ပါတယ်။
လက်ရှိရာသီပွဲစဉ် ၇ ပွဲ ကစားပြီး ချိန်မှာ မန်ယူက နိုင်ပွဲနှစ်ပွဲသာ ပိုင်ဆိုင်ထားပါတယ်။
နိုင်ထားတဲ့နှစ်သင်းက တန်းတက်အစ်ဝစ်ချ်နဲ့ ချန်ပီယံလိဂ်မှာ အခုမှကစားခွင့်ရတဲ့ဆာဘာအသင်းတွေဖြစ်လို့ အထင်ကြီးစရာမရှိပါဘူး။
ပရီးမီးယားလိဂ် ၅ ပွဲကစားပြီး ရမှတ် ၅ မှတ်သာ ပိုင်ဆိုင်ထားတာကလည်း မန်ယူအတွက် ရှက်စရာပါ။
၂၀၁၄-၁၅ ရာသီကလိုမျိုး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစနဲ့ မန်ယူရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ရာသီဝက်ကာလအတွင်းမှာ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ် လုပ်ပြခဲ့တာတွေကအိပ်မက်လို ဖြစ်သွားပြီ။
ဒါမှမဟုတ် မိုက်ကယ်ကာရစ်ကြက်ကန်းတိုးခဲ့တာများလား။
လက်ရှိရာသီမှာ ရလဒ်ဆိုးတွေရင်ဆိုင်နေရပေမယ့် မိုက်ကယ်ကာရစ်အတွက် ဆင်ခြေပေးစရာရှိနေတယ်။
တိုက်စစ်စွမ်းရည် ကိန်းဂဏန်းတွေ ကောင်းမွန်နေတာပါ။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက
ဂိုးပေါက်ကန်သွင်းမှုနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲဘောလုံးထိချက်အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။
ရှင်းအောင်ပြောရရင် တိုက်စစ်လုပ်အားနှုန်း ကောင်းပေမဲ့ အဆုံးသတ်စွမ်းရည် လိုအပ်ချက်များ နေတာပါ။
ကံတရားကလည်း မန်ယူဘက်မှာ မရှိပါဘူး။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက ဘားတန်းထိတိုင်ထိထွက်တာ ၅ ကြိမ်နဲ့အများဆုံးဖြစ်ပြီး ဂိုးကံခေနေခဲ့တယ်။
အခြားတစ်ဘက်မှာ စပါးရေနစ်နေပုံက ပြန်လည်ကယ်တင်လို့မရနိုင်အောင်ဖြစ်နေတယ်။
စပါးနည်းပြဒီဇာဘီက " နည်းပြသက်တမ်း ၁၄ နှစ်အတွင်းမှာ အခုစပါးလိုအသင်းမျိုး တစ်ခါမှမကြုံဖူးပါဘူး။
တည်ငြိမ်မှုကင်းမဲ့ပြီး စိတ်ပျက်စရာကောင်းလွန်းတယ်" လို့ ညည်းတွားပြောဆိုပါတယ်။
တကယ်လည်း စပါးအသင်းက စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ပရီးမီးယားလိဂ် ၃၇ ပွဲအပါအဝင် နောက်ဆုံး ၄၈ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။
၂၀၂၆ ခုနှစ်အတွင်းမှာ ၁၈ မှတ်သာရပြီး သမိုင်းတစ်လျှောက် အညံ့ဆုံးပရီးမီးယားလိဂ်အသင်းစာရင်း ဝင်ခဲ့ပါတယ်။
ဒီဇာဘီရဲ့ပွဲထွက်ကစားသမားရွေးချယ်ပုံကလည်း မေးခွန်းထုတ်စရာကောင်းပါတယ်။
လက်ရှိရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအပြောင်းအလဲလုပ်တာ ၁၃ ဦးအထိရှိပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲမှမကစားရတဲ့ ကစားသမား ၂၆ ဦးကို ဒီဇာဘီပွဲထွက်ခွင့်ပေးခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်တွေက စပါးကိုပိုပြီးမတည်မငြိမ် ဖြစ်စေပါတယ်။
တကယ်လို့များ အိုးလ်ထရက်ဖို့ဒ်မှာ စပါးနိုင်ပွဲ ထပ်ပျောက်ခဲ့ရင် ၁၉၅၅-၅၆ ရာသီက ရာသီအစ ၆ ပွဲဆက်နိုင်ပွဲမရတဲ့မှတ်တမ်းဆိုးနဲ့တူညီသွားမှာဖြစ်ပါတယ်။
စပါးအသင်းက ၁၉၁၂-၁၃ ရာသီမှာ ရာသီအစ ၁၂ ပွဲဆက်၊ ၂၀၀၈-၀၉ ရာသီမှာ ရာသီအစ ၈ ပွဲဆက်နိုင်ပွဲမရတဲ့မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။
ဒီနေ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားမယ့် မန်ယူနဲ့စပါးပွဲက ဖိအားတွေစီးချင်းထိုးမယ့်ပွဲပါ။
ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ။ ကာရစ်လား၊ ဒီဇာဘီလား။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
