Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

မန်ယူနဲ့ စပါးစီးချင်းထိုးပွဲဟာ ဖိအားနွံထဲဘယ်သူထပ်ကျမလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၅ အပြီးမှာ မန်ယူက တစ်ပွဲသာနိုင်ပြီး အဆင့် ၁၂ နေရာ၊ စပါးက နိုင်ပွဲလုံးဝမရဘဲ

၃ ပွဲရှုံး၊ ၂ ပွဲသရေနဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ကျောက်ချထားတယ်။

မန်ယူနဲ့ပွဲမှာသာ ရလဒ်ဆိုးရင် စပါးနည်းပြဒီဇာဘီ ရာထူးကထုတ်ပယ်ခံရဖွယ်ရှိပါတယ်။

မိုက်ကယ်ကာရစ်ရဲ့အခြေအနေကလည်း ဒီဇာဘီနဲ့သိပ်ပြီးမကွာပါဘူး။

အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲထပ်ပျောက်ရင် မိုက်ကယ်ကာရစ်နဲ့ မန်ယူအိုးစားကွဲနိုင်ပါတယ်။

လက်ရှိရာသီပွဲစဉ် ၇ ပွဲ ကစားပြီး ချိန်မှာ မန်ယူက နိုင်ပွဲနှစ်ပွဲသာ ပိုင်ဆိုင်ထားပါတယ်။

နိုင်ထားတဲ့နှစ်သင်းက တန်းတက်အစ်ဝစ်ချ်နဲ့ ချန်ပီယံလိဂ်မှာ အခုမှကစားခွင့်ရတဲ့ဆာဘာအသင်းတွေဖြစ်လို့ အထင်ကြီးစရာမရှိပါဘူး။

ပရီးမီးယားလိဂ် ၅ ပွဲကစားပြီး ရမှတ် ၅ မှတ်သာ ပိုင်ဆိုင်ထားတာကလည်း မန်ယူအတွက် ရှက်စရာပါ။

၂၀၁၄-၁၅ ရာသီကလိုမျိုး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစနဲ့ မန်ယူရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ရာသီဝက်ကာလအတွင်းမှာ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ် လုပ်ပြခဲ့တာတွေကအိပ်မက်လို ဖြစ်သွားပြီ။

ဒါမှမဟုတ် မိုက်ကယ်ကာရစ်ကြက်ကန်းတိုးခဲ့တာများလား။

လက်ရှိရာသီမှာ ရလဒ်ဆိုးတွေရင်ဆိုင်နေရပေမယ့် မိုက်ကယ်ကာရစ်အတွက် ဆင်ခြေပေးစရာရှိနေတယ်။

တိုက်စစ်စွမ်းရည် ကိန်းဂဏန်းတွေ ကောင်းမွန်နေတာပါ။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက

ဂိုးပေါက်ကန်သွင်းမှုနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲဘောလုံးထိချက်အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။

ရှင်းအောင်ပြောရရင် တိုက်စစ်လုပ်အားနှုန်း ကောင်းပေမဲ့ အဆုံးသတ်စွမ်းရည် လိုအပ်ချက်များ နေတာပါ။

ကံတရားကလည်း မန်ယူဘက်မှာ မရှိပါဘူး။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက ဘားတန်းထိတိုင်ထိထွက်တာ ၅ ကြိမ်နဲ့အများဆုံးဖြစ်ပြီး ဂိုးကံခေနေခဲ့တယ်။

အခြားတစ်ဘက်မှာ စပါးရေနစ်နေပုံက ပြန်လည်ကယ်တင်လို့မရနိုင်အောင်ဖြစ်နေတယ်။

စပါးနည်းပြဒီဇာဘီက " နည်းပြသက်တမ်း ၁၄ နှစ်အတွင်းမှာ အခုစပါးလိုအသင်းမျိုး တစ်ခါမှမကြုံဖူးပါဘူး။

တည်ငြိမ်မှုကင်းမဲ့ပြီး စိတ်ပျက်စရာကောင်းလွန်းတယ်" လို့ ညည်းတွားပြောဆိုပါတယ်။

တကယ်လည်း စပါးအသင်းက စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ပရီးမီးယားလိဂ် ၃၇ ပွဲအပါအဝင် နောက်ဆုံး ၄၈ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။

၂၀၂၆ ခုနှစ်အတွင်းမှာ ၁၈ မှတ်သာရပြီး သမိုင်းတစ်လျှောက် အညံ့ဆုံးပရီးမီးယားလိဂ်အသင်းစာရင်း ဝင်ခဲ့ပါတယ်။

ဒီဇာဘီရဲ့ပွဲထွက်ကစားသမားရွေးချယ်ပုံကလည်း မေးခွန်းထုတ်စရာကောင်းပါတယ်။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအပြောင်းအလဲလုပ်တာ ၁၃ ဦးအထိရှိပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲမှမကစားရတဲ့ ကစားသမား ၂၆ ဦးကို ဒီဇာဘီပွဲထွက်ခွင့်ပေးခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်တွေက စပါးကိုပိုပြီးမတည်မငြိမ် ဖြစ်စေပါတယ်။

တကယ်လို့များ အိုးလ်ထရက်ဖို့ဒ်မှာ စပါးနိုင်ပွဲ ထပ်ပျောက်ခဲ့ရင် ၁၉၅၅-၅၆ ရာသီက ရာသီအစ ၆ ပွဲဆက်နိုင်ပွဲမရတဲ့မှတ်တမ်းဆိုးနဲ့တူညီသွားမှာဖြစ်ပါတယ်။

စပါးအသင်းက ၁၉၁၂-၁၃ ရာသီမှာ ရာသီအစ ၁၂ ပွဲဆက်၊ ၂၀၀၈-၀၉ ရာသီမှာ ရာသီအစ ၈ ပွဲဆက်နိုင်ပွဲမရတဲ့မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။

ဒီနေ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားမယ့် မန်ယူနဲ့စပါးပွဲက ဖိအားတွေစီးချင်းထိုးမယ့်ပွဲပါ။

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ။ ကာရစ်လား၊ ဒီဇာဘီလား။

相关新闻

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

阅读更多
မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

阅读更多
ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

阅读更多

更多新闻

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

阅读更多
ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား
Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

阅读更多
မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

阅读更多
ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

阅读更多
အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

阅读更多
ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

阅读更多

Official Channels

ONEX2 banner