မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။
'' ကျနော်က အရက်သမားမဟုတ်လို့၊ သမာသမတ်သိပ်ရှိပါတယ်" ။ အဲဒီစကားကို
စပိန်အသင်းနည်းပြ လူး၀စ်ဒီလာဖွန်တေ ပြောလိုက်တော့ အနားမှာရှိသူအားလုံး ရယ်မောကြတယ်။
ဒီလာဖွန်တေက အဲဒီလိုပါပဲ။ ရယ်စရာမောစရာတွေ ပြောတတ်ပါတယ်။ ထူးထူဆန်းဆန်းရွေးချယ်မှုတွေလည်း လုပ်တတ်သေးတယ်။
သူနဲ့ပတ်သက်ပြီး လူတွေသတိထားမိသွားတာက ဖီဖာ The Best ဆုအတွက် အကောင်းဆုံးကစားသမားရွေးချယ်ချိန်မှာပါ။
၂၀၂၂ ကမ္ဘာ့ဖလားမှာ မျှော်မှန်းထားသလောက် ဖြစ်မလာလို့လူး၀စ်အင်းနရစ်ရဲ့ စပိန်နည်းပြရာထူး အဆုံးသတ်သွားတယ်။
အဲဒီအချိန်မှာ စပိန်ယူ-၂၁ နည်းပြ ဒီလာဖွန်တေဟာ လူး၀စ်အင်းနရစ်ရဲ့ အမွေကို ဆက်ခံခွင့်ရတာပါပဲ။
သူ စပိန်နည်းပြဖြစ်လာချိန်မှာ ဒီဇင်ဘာ (၈)ရက်ပဲ ရှိသေးလို့ ၂၀၂၂ ကမ္ဘာ့ဖလား မပြီးသေးဘူး။
၂၀၂၂ ခုနှစ်၊ ဖီဖာ The Best ဆုအတွက် ဒီလာဖွန်တေက ဘယ်သူ့ကို ရွေးချယ်လိုက်တယ်ထင်လဲ၊
ကမ္ဘာ့ဖလားချန်ပီယံဆု ပိုင်ဆိုင်ပြီးနောက် အငြင်းပွားဖွယ်ရာမရှိ GOAT ဘွဲ့ကို ဆွတ်ခူးခဲ့သူ မက်ဆီ မဟုတ်ဘူး။
ပြင်သစ်အသင်းက အကောင်းဆုံးအရှုံးသမား ဘာပေ မဟုတ်ဘူး။
ရီးယဲလ်မှာ ခမ်းနားခဲ့လွန်းသူ ဘန်ဇီမာ၊ ကော်တိုအာ၊ ဗင်နီစီယက်စ်၊ တစ်ယောက်မှမဟုတ်ဘူး။
အများကြိုက်ဇာတ်ကောင်တွေကို ဒီလာဖွန်တေ လုံး၀မရွေးချယ်ခဲ့ဘူး။
ဒီလာဖွန်တေအတွက် သံသယမျက်၀န်းတွေဆိုတာ သိပ်ပြီးမထူးဆန်းဘူး။ သူ့ကို စပိန်နည်းပြခန့်အပ်လိုက်တော့လည်း သံသယ၀င်ခံရ၊
အံ့အားသင့်ခံရတာပဲ။
ဒီလာဖွန်တေက အသက် (၆၁)နှစ်ကျော်မှ ကံထလာတာပါ၊ စပိန်အသင်းနည်းပြဖြစ်လာတာပါ။
အဲဒီကာလမတိုင်ခင်က သူ့ရဲ့ ရှည်လျားတဲ့နည်းပြသက်တမ်းအတွင်း ထိပ်တန်းအသင်းတစ်သင်းမှ တာ၀န်မယူဖူးဘူး။
၂၀၁၁ ခုနှစ်တုန်းက အလာဗတ်စ်အသင်းနဲ့အတူ စပိန်ဆီဂန်ဒါကို ရောက်ဖူးတာ ဒီလာဖွန်တေအတွက် အမြင့်ဆုံးရောက်ရှိမှုပါပဲ။
စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဒီလာဖွန်တေ လက်တွဲလာတာ ကြာနေပါပြီ။ ဒီလာဖွန်တေက စပိန် ယူ-၁၉ ၊ ယူ-၂၁ အသင်းတွေ ကိုင်တွယ်ဖူးပြီး
စပိန်ယူ-၂၃ အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲ ပြိုင်ဖူးတယ်။ ဒီတော့ လူငယ်ကစားသမားတွေအကြောင်း ကျွမ်းကျင်စွာ သိနားလည်ပါတယ်။
၂၀၁၃ ခုနှစ်ကစတင်ပြီး စပိန်လူငယ်အသင်းတွေနဲ့ ရင်းနှီးကျွမ်း၀င်ခဲ့လို့ ရွှေရောင်မျိုးဆက်အကြောင်း
သူ့လောက် ဘယ်သူမှမသိဘူးလို့ ဒီလာဖွန်တေယုံကြည်တယ်။
" ကျနော့်လောက် စပိန်အသင်းရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အကြောင်း ဘယ်သူမှ မသိနိုင်ပါဘူး" လို့ ပြောဖူးတယ်။
ဒီလာဖွန်တေက competitive နဲ့ confidence ပိုကောင်းမွန်မယ့်အသင်းကို ဖန်ဆင်းခဲ့တယ်။
ရှင်းအောင်ပြောရရင် ဒီလာဖွန်တေက နာမည်တွေ ကြည့်နေမှာမဟုတ်ဘူး။ စွမ်းရည်ကိုပဲ ဦးစားပေးမယ့်သူမျိုးပဲ။
ဒီလိုနဲ့ပဲ စပိန်အသင်းက ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာတယ်။
စပိန်အသင်းဟာ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် အမျိုးသားလက်ရွေးစင်အသင်းတွေထဲမှာ
ပြိုင်ပွဲစုံ ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းဖြစ်လာတယ်။
သူ့ကြောင့် စပိန်ရဲ့အနီရောင်လှိုင်းတွေ ဘောလုံးကမ္ဘာကို ပြန်လည်လွှမ်းမိုးလာတယ်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
