Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းမှာ ရမ်စ်ဒေးလ်က ပရီးမီးယားလိဂ်ချန်ပီယံရနံ့ကို ရရှိခဲ့ဖူးတယ်။

ဒါပေမဲ့ ရမ်ဒေးလ်ရဲ့အမှားကြောင့် ဆောက်သမ်တန်နဲ့ သုံးဂိုးစီသရေကျပြီး အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် တိမ်းမှောက်ခဲ့တယ်။

တကယ်လို့များ အဲဒီပွဲမှာသာ အာဆင်နယ်နိုင်ခဲ့ရင် မန်စီးတီးလက်ထဲ ချန်ပီယံဖလား ရောက်စရာ အကြောင်းမရှိပါဘူး။

အဲဒီဖြစ်ရပ်ဟာ ရမ်ဒေးလ်ရဲ့အာဆင်နယ်ကစားသမားဘဝအဆုံးသတ်စေမယ့် လမ်းစ ဖြစ်လာတယ်။

အာတီတာရဲ့ ယုံကြည်စိတ် ကုန်ခမ်းသွားစေခဲ့တယ်။

ဆောက်သမ်တန်နဲ့ ပွဲအပြီး၊ လေးလအကြာမှာ အာတီတာက ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ် လိုက်တယ်။

ရမ်ဒေးလ်ကို ချောင်ထိုးလိုက်တယ်။

ရမ်ဒေးလ်ရဲ့အာဆင်နယ်ကစားသမားဘဝအစမှာကတည်းက သံသယတွေကပ်ငြိခဲ့တယ်။

တန်းဆင်းသွားတဲ့ရှက်ဖီးလ်ယူနိုက်တက်က  ဂိုးသမားတစ်ယောက်ကို ဘာလို့များ ပေါင် ၂၄ သန်းပေးပြီး ခေါ်လိုက်တာလဲလို့ အာတီတာမေးခွန်းထုတ်ခံရတယ်။

ဝေဖန်သံတွေ၊ သံသယတွေကို ရမ်ဒေးလ်က သူ့ရဲ့Great Save တွေနဲ့ဖုံးအုပ်ခဲ့တယ်။

အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ရမ်ဒေးလ်က ပရိသတ်အချစ်တော်ဖြစ်လာတယ်။

၂၀၂၁-၂၂ ရာသီ၊ လက်စတာနဲ့ပွဲမှာ ရမ်ဒေးလ်ရဲ့ ဖရီးကစ်ကန်ချက်ကာကွယ်ပုံကို ဒိန်းမတ်ဂန္ထဝင် ဂိုးသမားပီတာရှမိုက်ကယ်က

" ကြည့်ဖူးသမျှထဲ အကောင်းဆုံးကာကွယ်မှု" ဆိုပြီး ချီးကျူးဖူးတယ်။

ဆောက်သမ်တန်နဲ့ပွဲက အမှားကြောင့်  ပုံရိပ်ကျဆင်းရပေမယ့် ရမ်ဒေးလ်က  PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ

ရွေးချယ်ခံရသလို၊ London Football Awards မှာလည်း တစ်နှစ်တာအကောင်းဆုံး ဂိုးသမားအဖြစ် ထည်ဝါခဲ့တယ်။

၂၀၂၃-၂၄ ရာသီမှာ ရမ်ဒေးလ် ဘုံပျောက်ခဲ့ပါပြီ။ ဒေးဗစ်ရာယာက သူ့နေရာကို လုယူနိုင်ခဲ့တယ်။

အာတီတာရဲ့ယုံကြည်စိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။

ရမ်ဒေးလ်က ပရီးမီးယားလိဂ်လေးပွဲသာကစားခွင့်ရတဲ့အထိ ဇာတာကျခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လအတွင်းကစားတဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရမ်ဒေးလ်အမှားကြောင့် ဂိုးထပ်ပေးရပြီးနောက်

အာတီတာက ကစားခွင့်ထပ်မပေးတော့ဘဲ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်းမှာတော့ ဆောက်သမ်တန်ကို ရောင်းထုတ်ခံရတယ်။

ဆောက်သမ်တန်ကစားသမားဘဝမှာလည်း ရမ်ဒေးလ်ရဲ့ကံဇာတာက ဆက်လက်ညိုးရော်ခဲ့တယ်။

ဆောက်သမ်တန်က ရမှတ် ၁၂ မှတ်သာရပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအမှတ်အနည်းဆုံးအသင်းအဖြစ် စံချိန်ဆိုးခဲ့သလို၊

ရမ်ဒေးလ်ကလည်း ၆၆ ဂိုးအထိပေးခဲ့ရတယ်။

ဆောက်သမ်တန်နဲ့အတူ တန်းဆင်းရတာဟာ ရမ်ဒေးလ်ရဲ့ကစားသမားဘဝမှာ လေးကြိမ်မြောက် တန်းဆင်းရတာပါ။

၂၀၂၅-၂၆ ရာသီမှာ နယူးကာဆယ်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရပေမယ့် ရမ်ဒေးလ်ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေ ပြန်မလာတော့ဘူး။

နစ်ပုပ်ရဲ့နောက် အရန်ဂိုးသမားအဖြစ်သာ ရမ်ဒေးလ် ရပ်တည်ခဲ့ရပြီး နယူးကာဆယ်အတွက် ၂၃ ပွဲကစားတာ Clean Sheet ၂ ပွဲသာရခဲ့တယ်။

လက်ရှိရာသီမှာ ရမ်ဒေးလ်က ဆောက်သမ်တန်အရိပ်အောက် ပြန်လည်ခိုလှုံနေပြီး တစ်ပွဲမှကစားခွင့်မရသေးဘူး။

ရမ်ဒေးလ်ရဲ့အသင်းဖော်ဟောင်း ဘီဂိုဗစ်က " သူ လက်စွမ်းပြတာမြင်ချင်ပါသေးတယ်။

အခုအခြေအနေက ရမ်ဒေးလ်အတွက် စိတ်ပျက်စရာပါ" လို့ ပြောတယ်။

တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားစာရင်းဝင် ရမ်ဒေးလ်အတွက် လောကဓံရဲ့အထိအတွေ့ဟာ ကြမ်းတမ်းနေတယ်။

相关新闻

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

阅读更多
စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...
Players News

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...

၂၀၁၇ ခုနှစ်က မိုနာကိုကနေ ထွက်ခွာချိန်မှာ အမေဖြစ်သူရဲ့ တိုက်တွန်းချက်ကို လွန်ဆန်ပြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအစား PSG ကို ရွေးချယ်ခဲ့တဲ့ ဘာပေရဲ့ အပြောင်းအရွှေ့ ဇာတ်ကြောင်း။

阅读更多

更多新闻

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

阅读更多
ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

阅读更多
ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား
Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

阅读更多
မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

阅读更多
အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

阅读更多
ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

阅读更多

Official Channels

ONEX2 banner