မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့ အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။
ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ဟာ အဂွဲရိုး နှလုံးသားထဲ အားကောင်းမောင်းသန် စီးဆင်းခဲ့ဖူးတယ်။ အဲဒီနှလုံးသားခံစားချက်တွေကြောင့်ပဲ
တစ်ဘ၀လုံးချစ်ခဲ့ရတဲ့မြတ်နိုးတဲ့ ဘောလုံးအားကစားနည်းကို သံယောစဉ်ဖြတ်ခဲ့ရချိန်မှာ ၀မ်းနည်းလို့ မဆုံးနိုင်ဘူး။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့
အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။
အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။
ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။
ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။
အခက်အခဲဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရတာ မျှော်လင့်ထားတာထက် ပိုနာကျင်ရတယ်။
"ကျနော့်ကို ပထမဆုံး စမ်းသပ်စစ်ဆေးချိန်မှာ ဆေးပညာရှင်က ဘောလုံးဆက်ကစားဖို့ မလွယ်ကူတော့ဘူးလို့ အသိပေးတယ်။
အဲဒီအချိန်ကတည်းက အနားယူရမယ့်အကြောင်း ကြိုတွေးခဲ့ပေမဲ့ တကယ်တမ်းရင်ဆိုင်ရချိန်မှာ မလွယ်ကူပါဘူး။
ဆရာ၀န်တစ်ယောက်ဆိုရင် ကျနော့်ကို နားလိုက်တော့ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ "
"ကျနော့်ဘ၀မှာ ဖြစ်နိုင်သမျှအရာအားလုံး လုပ်နိုင်ခဲ့ပါတယ်။ ငါးနှစ်သားကတည်းက ဘောလုံးသမားဖြစ်အောင် အိပ်မက်မက်ခဲ့ပါတယ်။
ဘောလုံးနဲ့ ပထမဆုံး ရင်းနှီးခဲ့ပါတယ်။ ကျနော် ပိုင်ဆိုင်ခွင့်ရတဲ့ ကံကြမ္မာနဲ့ ကစားသမားဘ၀ကို ဂုဏ်ယူမိပါတယ်။
အနာဂတ်မှာ ဘယ်လို ဘ၀မျိုးက ကျနော့်ကို စောင့်ကြိုနေမလဲဆိုတာကြိုမသိပေမဲ့ ကျနော့်ကို ချစ်ပြီးအကောင်းဆုံးဖြစ်စေချင်သူတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်" လို့
ကစားသမားဘ၀က အနားယူကြောင်း တရား၀င်ကြေညာတဲ့အခမ်းအနားမှာ အဂွဲရိုး ပြောခဲ့ပေါ့။
အက်သလက်တီကိုက အဂွဲရိုးကို ဥရောပဘောလုံး နယ်ပယ်ဆီ တင်သွင်းခဲ့တယ်ဆိုရင် မန်စီးတီးက အဂွဲရိုးကို ဂန္ထ၀င်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးခဲ့တာပါပဲ။
မန်စီးတီးနဲ့ ဖြတ်သန်းခဲ့ရာ ဆယ်နှစ်တာကာလအတွင်း QPR နဲ့ ပွဲမှာနောက်ကျဂိုးသွင်းပြီး အကြီးအကျယ်အောင်ပွဲခံတဲ့အဂွဲရိုးကနေ
မန်စီးတီးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ပြည်ပကစားသမား၊
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စတုတ္ထသွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ရည်ဟာ မေ့ရက်စရာမဟုတ်ဘူး။
ပြည်တွင်းအောင်မြင်မှုတွေနဲ့ပဲ တင်းတိမ်ရပေမဲ့ ချန်ပီယံလိဂ်ဖလားကို နမ်းရှိုက်ခွင့်မရပေမဲ့ မန်စီးတီးတစ်ခေတ်တည်ထောင်ရေးခရီးစဉ်မှာ
ရွှေရောင်သူရဲကောင်းဆိုတာ သံသယဖြစ်စရာမလိုဘူး။
" ၁၈ နှစ်အရွယ်ချာတိတ်လေးကို အက်သလက်တီကိုက လောင်းကြေးထပ်ခဲ့တယ်။ ပထမဆုံးဥရောပမြေစွန့်စားခန်းဟာ အောင်မြင်ခဲ့ပါတယ်။
မန်စီးတီးကလည်း ကျနော့်ကိုအကောင်းဆုံး စောင့်ရှောက်ခဲ့ပါတယ်။ သူတို့အပေါ် ကျနော်ရဲ့သဘောထားကိုလည်း အားလုံးသိမယ်ထင်ပါတယ်။
ကစားသမားတိုင်းအတွက် ဆုဖလားအောင်မြင်မှုဆိုတာ အမြဲတမ်းလိုအပ်တဲ့ အရာပါပဲ။ ကျနော် ပိုင်ဆိုင်ခွင့်ရတဲ့ ဆုဖလားအောင်မြင်မှုတွေအတွက်လည်း ကျေနပ်ပါတယ်။
လူတွေက ကျနော်ဟာ ဒီထက်ပိုအောင်မြင်သင့်တယ်လို့ ပြောကြပေမဲ့ ကျနော်က တစ်ဦးချင်းအရရော၊
ကလပ်အသင်းတွေ အတွက်ပါ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဆိုပြီး အဂွဲရိုးက သူ့ဘ၀သူ ရောင့်ရဲခဲ့တယ်။
အဂွဲရိုးကို ခပ်လွယ်လွယ်ညွှန်းဆိုရင် Powerful၊ Combative ဆိုပြီး တံဆိပ်ကပ်နိုင်တယ်။ သူ ကျော်ဖြတ်ခဲ့ရာ ခံစစ်တံတိုင်းများစွာဟာ
သူ့ကိုမုန်းတီးရင်းနဲ့ပဲ အမှတ်ရနေလိမ့်မယ်။ အံ့အားသင့်စွာ တသသပြောကျန်လိမ့်မယ်။ နောက်တစ်ခါရင်ဆိုင်ရရင် ဘယ်လိုတားဆီးလိုက်မယ်ဆိုပြီး
မချိတင်ကဲ ရေရွတ်နေလိမ့်မယ်။ အတိတ်မှာ အဂွဲရိုးရဲ့ စွမ်းအားကြောင့် ပြိုလဲခဲ့သူတွေဟာ ရန်သူတော်တစ်ဦးလို မုန်းတီးနေနိုင်သလို၊ လေးစားစွာလည်း ချစ်မြတ်နိုးနေနိုင်ပါတယ်။
အဂွဲရိုးရဲ့ ကစားသမားဘဝနှောင်းပိုင်းဟာ ဆွေးမြေ့ချင်စရာခပ်များများရယ်။
မက်ဆီနဲ့ ကလပ်အသင်းတစ်ခုတည်း ကစားချင်လို့ ဘာစီလိုနာကို သွားခဲ့တယ်။
ဘယ်သူမှ မျှော်လင့်မထားတဲ့ ဘာစီလိုနာ-မက်ဆီ လမ်းခွဲကြောင့် အဂွဲရိုးဆန္ဒမပြည့်ခဲ့ရှာဘူး။
ဒဏ်ရာပြဿနာ ဇာတ်လမ်းတွဲတွေကြောင့် မန်စီးတီးနဲ့ နောက်ဆုံးနှစ်မှာ အဂွဲရိုးတိတ်ဆိတ်ခဲ့ရ ဘာစီလိုနာရဲ့ ပြဿနာအထွေထွေကြားထဲမှာလည်း
အဂွဲရိုးဟန်၊ အဂွဲရိုး မာန် ခံစားခွင့်မရဘဲ အဆုံးသတ်ခဲ့ရတယ်။
အာဂျင်တီးနားမှာ အဂွဲရိုးရဲ့ မပြီးသေးတဲ့စိတ်ကူးအိပ်မက်တွေ ရှိခဲ့တယ်။
အင်ဒီပင်ဒီယန်တေးအသင်းနဲ့အတူ အဂွဲရိုးရဲ့ စိတ်ကူးအိပ်မက်တွေ၊ နှလုံးသားချင်း နားလည်မှုစာချွှန်လွှာ ထိုးတာတာ တစ်နေ့နေ့မှာ အင်ဒီပင်ဒီယန်တေးအသင်းမှာ
ပြန်ကစားရင်း အနားယူမယ်လို့ အဂွဲရိုး စိတ်ကူးထားခဲ့ဖူးမယ်။ အင်ဒီပင်ဒီယန်တေးအသင်းကလည်း အဂွဲရိုး ပြန်လာမယ့်အချိန်ကို ရင်ဖွင့်ကြိုနေလိမ့်မယ်။
အက်သလက်တီကိုအသင်းဆီကနေ အဂွဲရိုးအတွက်ရတဲ့ငွေကြေးနဲ့ အင်ဒီပင်ဒီယန်တေးအသင်းက အိမ်ကွင်းပြန်လည်ပြုပြင်ခဲ့တာမဟုတ်လား။
အဲဒီကွင်းမှာ ကစားသမားဘဝနေ၀င်ချိန် ဖြတ်သန်းခွင့်ရမယ်ဆိုရင် အဂွဲရိုးအတွက်၊ အင်ဒီပင်ဒီယန်တေးအသင်းအတွက် ဘယ်လောက် ကြည်နူးစရာကောင်းလိုက်မလဲ။
ဒါပေမဲ့ ကံဇာတ်ဆရာက ဖြစ်ခွင့်မပေးခဲ့ဘူး။
ဂန္ထ၀င်တစ်ဦးဟာ အလွမ်းတွေနဲ့ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်ကို နှုတ်ဆက်ခဲ့ရတယ်။
ကျန်ရစ်ခဲ့ရသူနဲ့ ချန်ထားရစ်သူ ဘယ်သူဟာ ပိုလို့ နာကျင်ရပါသလဲ။
နှစ်တွေကြာတဲ့အချိန်အထိ ကျွန်တော် မတွေးတတ်ခဲ့ဘူး။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
