Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်ထုပ်တွေကို ဖော်ထုတ်ခဲ့သူ ကွန်ပြူတာ Hacker ရူအီပင်တိုတစ်ယောက် အသက်အန္တရာယ် စိုးရိမ်နေရပါပြီ။

သူ့ကို ပေါ် တူဂီအစိုးရက အကာအကွယ်ပေးရမယ့် သက်သေအဖြစ်သဘောတူညီမှုကို ရုပ်သိမ်းလိုက်လို့

ရူအီပင်တိုရဲ့အခြေအနေကစိုးရိမ်စရာ ဖြစ်လာတာပါ။

ရူအီပင်တိုက ၂၀၂၀ ခုနှစ်ကစတင်ပြီး ပေါ် တူဂီအစိုးရရဲ့အကာအကွယ်အောက်မှာ နေထိုင်ကာ အစိုးရသက်သေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

ရူအီပင်တိုက လာမယ့် အောကျတိုဘာလ ၁၀ ရက်ကစတင်ပြီး အကာအကွယ်ရတဲ့အစိုးရသက်သေအဖြစ်ကနေ ရုပ်သိမ်းခံရပြီလို့

X ကနေအသိပေးလိုက်ပါတယ်။ ပြီးတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ခံရလိမ့်မယ်လို့လည်းဝန်ခံခဲ့တယ်။

ရုအီပင်တိုက အသက်အန္တရာယ် စိတ်ချရအောင် လူမသိသူမသိလျှို့ဝှက်စွာနေထိုင်သွားမယ်လို့လည်း ပြောပါတယ်။

ပေါ် တူဂီအစိုးရက ရူအီပင်တိုကို အစိုးရသက်သေအဖြစ် ထားရှိပေမယ့် သူကျုးလွန်ခဲ့တဲ့ အချက်အလက်ခိုးယူမှုအတွက်

ဆိုင်းငံ့ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပါတယ်။

၂၀၂၀ ခုနှစ်အတွင်းပြုလုပ်တဲ့ ပထမဆုံးတရားခွင်ကို ရူအီပင်တိုက ကျည်ကာဝတ်ပြီးလာခဲ့ဖူးပါတယ်။

ရူအီပင်တိုက မန်စီးတီး၊ PSG အပါအဝင်ထိပ်တန်းအသင်းတွေရဲ့အရှုပ်ထုပ်တွေကို ဖော်ထုတ်ခဲ့သလို ဘင်ဖီကာအသင်းအပါအဝင်

ပေါ်တူဂီဘောလုံးလောကက အရှုပ်ထွေးတွေကိုလည်း ဖော်ထုတ်ထားလို့ နိုင်ငံတကာမှာရော၊ မိခင်နိုင်ငံ ပေါ်တူဂီမှာပါ အန္တရာယ်ဝိုင်းနေပါတယ်။

ရူအီပင်တိုရဲ့ရှေ့နေက အစိုးရသက်သေအဖြစ် အကာအကွယ်ပေးခံရမှု ရပ်တန့်သွားတာ စိုးရိမ်စရာလို့ပြောခဲ့တယ်။

ရူအီပင်တိုက ပေါ်တူဂီအစိုးရဟာ သူ့ကိုအန္တရာယ်ဝိုင်းအောင်ဖန်တီးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ပြီးတော့ရူအီပင်တိုက လက်ရှိအခြေအနေကနေ လွတ်မြောက်အောင် ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။

မန်စီးတီးအသင်းကဘဏ္ဍာရေးအရှုပ်ထုပ်တွေအတွက် အရေးယူမခံရခင်မှာပဲ အခုလိုမျိုး ရူအီပင်တို

အကာအကွယ်မဲ့သွားတာ စိုးရိမ်စရာကောင်းလွန်းပါတယ်။

相关新闻

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

阅读更多
မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

阅读更多

更多新闻

Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

阅读更多
Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်
Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

阅读更多
ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

阅读更多
ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

阅读更多
စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner