Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

လွန်ခဲ့တဲ့တစ်နှစ်လောက်က ဘယ်လင်ဂမ်ရဲ့အင်္ဂလန်ကစားသမားဘဝက မရေရာခဲ့ဘူး။

အခုတော့ ဘယ်လင်ဂမ်က ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာမယ့် အရိပ်အယောင်မြင်​ နေရတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ တူဟယ်လ်က အင်္ဂလန်အသင်းနည်းပြဘဝစတင်ခဲ့တယ်။

အဲဒီအချိန်မှာ တူဟယ်လ်က ဘယ်လင်ဂမ်ကို မေ့ထားခဲ့တယ်။ ဘယ်လင်ဂမ်ရဲ့ခံယူချက်နဲ့ ခြေစွမ်းကို ဝေဖန်ခဲ့တယ်။

ဘယ်လင်ဂမ်က တူဟယ်လ်ရဲ့ယုံကြည်စိတ်ကို စကားလုံးတွေနဲ့ မတုံ့ပြန်ဘဲ ထက်မြက်စွမ်းရည်ပြသပြီး သူ့တန်ဖိုးသူ သရုပ်ဖော်ခဲ့တယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာ ၇ ဂိုးသွင်းပြီး အင်္ဂလန်ရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့တယ်။

ဘယ်လင်ဂမ်ရဲ့ဖိတ်ဖိတ်လက်ခြေစွမ်းနဲ့အတူ အင်္ဂလန်အသင်းလည်း တတိယနေရာပိုင်ဆိုင်ခဲ့တယ်။

အခုနောက်ဆုံးကစားတဲ့ ခရိုအေးရှားနဲ့ပွဲမှာ ဘယ်လင်ဂမ်က မှော်ဆရာလေးဖြစ်ခဲ့ပြန်တယ်။

ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်သလို၊ ဂိုးလည်းသွင်းနိုင်ခဲ့တယ်။ ဘယ်လင်ဂမ်ကအသင်းခေါင်းဆောင်ရာထူးပိုင်ဆိုင်ခဲ့ချိန်မှာ ထူးရှယ်ခြေစွမ်း ပြသနိုင်ခဲ့တာပါ။

လက်ရှိစွမ်းရည်ကို ဆက်ထိန်းထားနိုင်ရင် ဘယ်လင်ဂမ်က GOAT အဖြစ် မျှော်လင့်ခွင့်ရှိနေပြီ။

သူ့ဆီမှာ အမြန်နှုန်း၊ ဖန်တီးနိုင်စွမ်း၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု၊ တစ်ဉီးချင်းဖြတ်ကျော်နိုင်စွမ်းတွေ ထူးချွန်စွာ ပိုင်ဆိုင်ထားတယ်၊

ဘယ်လင်ဂမ်က အခုထက်ပိုပြီးထက်မြက်လာမယ့်သူပါ။

အင်္ဂလန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်တိုင်ရရှိထားသူ ဘယ်လင်ဂမ်က

လက်ရှိအချိန်မှာ အကောင်းဆုံး No.10 အဖြစ် ရပ်တည်နေပါပြီ။

ဘယ်လင်ဂမ်က Off the Ball Movement တွေလည်း ကောင်းမွန်ပြီး မခိုမကပ် လုပ်အားနှုန်းအပြည့်နဲ့ ခံစစ်ကိုလည်းကူညီတတ်သူပါ။

လွန်ခဲ့တဲ့တစ်နှစ်က တူဟယ်လ်ရဲ့အမေ့ခံဘယ်လင်ဂမ်ဟာ အခုဆိုရင် အင်္ဂလန်ရဲ့မရှိမဖြစ်ကစားသမားဘဝ ရောက်လာပါတယ်။

ဘယ်လင်ဂမ်က Next Level ရောက်ခဲ့ပါပြီ။

相关新闻

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

阅读更多
ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

阅读更多
စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多

更多新闻

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

阅读更多
Post Messi Era
Players News

Post Messi Era

မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

阅读更多
ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

阅读更多
မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

阅读更多
မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

阅读更多

Official Channels

ONEX2 banner