Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

ပွဲပြီးဆုံးချိန်မှာ နှစ်ဘက်ကစားသမားတွေ ဂျာစီ လဲကြတာမထူးဆန်းပါဘူး။ ဘောလုံးလောကထဲ မြင်တွေ့နေကျရှုမျှော်ခင်းပါပဲ။

ဒါပေမဲ့ အင်တာမီလန်နဲ့ မန်စီးတီးချန်ပီယံလိဂ်မှာ တွေ့ကြတဲ့အခါ အင်တာမီလန်နောက်ခံလူ အေဆာဘီက

မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို  ဂျာစီလဲဖို့တောင်းဆိုချက်ကထူးခြားခဲ့တယ်။

အေဆာဘီက ဟာလန်းဆီကနေ ဂျာစီနှစ်ထည်တောင်းဆိုခဲ့တာပါ။ အေဆာဘီရဲ့တောင်းဆိုမှုကြောင့် ဟာလန်း ခပ်ပြုံးပြုံးဖြစ်ခဲ့ပြီး

ပွဲချိန်အတွင်း အစွမ်းမပြနိုင်တာကို မေ့သွားပါတယ်။

ကစားသမားတွေ ဂျာစီ လဲလှယ်တာဟာ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပြန်တယ်။ အဲဒီလိုလဲလှယ်ရတာကို ကစားသမားအများစုက

တစ်ဉီးနဲ့တစ်ဉီးဂုဏ်ယူလေးစားစိတ်ကြောင့် လုပ်ကြတာပါ။ ကစားသမားတချို့ရဲ့ဝတ်စုံကတော့ သာမန်ထက်ပိုပြီးတောင်းဆိုမှုများပါတယ်။

မက်ဆီရဲ့အာဂျင်တီးနားဂျာစီဆိုရင် အမြဲတမ်း အပိုဆောင်ထားရတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် ဂိုးသမားမာတီနက်ဇ် ပြောဖူးတာရှိတယ်။

အာဂျင်တီးနားအသင်းဂျာစီ စီစဉ်သူက ပျမ်းမျှနှစ်ပွဲကို မက်ဆီနာမည်ပါ ဂျာစီ ၆၅၀ လောက်စီစဉ်ထားရတယ်ဆိုတာပါပဲ။

မက်ဆီရဲ့ဂုဏ်ကျက်သရေကြောင့် လိုချင်သူ ဝိုင်းဝိုင်းလည်နေပြီး ကစားသမား၊ဝန်ထမ်း၊ စပွန်ဆာ၊ နည်းပြနဲ့နီးစပ်ရာလူတွေအတွက်

မက်ဆီဂျာစီတွေ ခွဲဝေပေးထားရတယ်။ သူတို့တွေကတစ်ဆင့် မက်ဆီဂျာစီ တောင်းသူတွေကို ပြန်လည်မျှဝေတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ပိုလန်ပွဲ အပြီးမှာ မာတီနက်ဇ်က ဗီလာအသင်းဖော်

မက်တီကက်ရှ်ကို မက်ဆီဂျာစီလက်ဆောင်ပေးဖူးတယ်။ မက်ဆီဝတ်စုံရလို့ပျော်ရွှင်ဂုဏ်ယူရကြောင်း

မက်တီကက်ရှ်က အင်စတာဂရမ်ကနေ ရင်ဖွင့်ဖူးပါတယ်။

ဝိန်းရွန်နီက မာနခဲပါ။ သူဘယ်လောက်ပဲ သဘောကျတဲ့ကစားသမားဖြစ်ဖြစ် အမှတ်တရ ဝတ်စုံမတောင်းတတ်ဘူး။

ဒါပေမဲ့သူ့ဆီကနေ တစ်ယောက်ယောက်ကလာတောင်းရင် လေးလေးစားစားနဲ့ ပေးတတ်ပါတယ်။

ရွန်နီဆီမှာ ဇီဒန်းရဲ့ဝတ်စုံမရှိပေမယ့် အန်ဒိုရာကစားသမား လီမာရဲ့ဝတ်စုံရှိနေပါတယ်။

ရွန်နီက " ကျွန်တော့်ဆီကို ဂျာစီ လဲရအောင်ဆိုပြီး လာပြောသူတိုင်းကိုတလေးတစား လဲပေးပါတယ်။ တချို့ကစားသမားတွေက ဝတ်စုံချင်းလဲပြီးရင်

တန်ဖိုးမထားတတ်ပေမယ့် ကျွန်တော်ကတော့ တလေးတစားနဲ့အိမ်ယူသွားပြီးသိမ်းထားတတ်တယ်"လို့ ပြောပြတယ်။

မက်ဆီက သူလဲလှယ်ဖူးတဲ့ဂျာစီတွေကို အလေးအမြတ်တန်ဖိုးထားသူပါ။

သူ့နေအိမ်မှာ နာမည်ကျော်ကစားသမားများစွာရဲ့ ဝတ်စုံတွေကိုအမှတ်တရ တန်ဖိုးထားပြီး မှန်ခန်းထဲထည့်သိမ်းအလှဆင်ထားပါတယ်။

မက်ဆီရဲ့အမှတ်တရဂျာစီပြခန်းဟာ  ခေါင်မိုးပေါ် မှာလည်း ဂျာစီများစွာနဲ့ ဆွဲဆောင်မှု ရှိနေတာပါ။

မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ပီကေးကလည်း သူ့ရဲ့ကစားသမားဘဝတစ်လျှောက်

မြတ်မြတ်နိုးနိုးလဲလှယ်ထားတဲ့ဂျာစီတွေကို ကြွားလုံးထုတ်ဖူးတယ်။ ပီကေးသိမ်းဆည်းထားတဲ့ ဂျာစီပိုင်ရှင်တွေထဲ မက်ဆီ၊ဘက်ခမ်၊ ပီယာလို၊

ရော်နယ်လ်ဒင်ဟို၊ဖာဘရီဂတ်စ်တို့လို ပါရမီရှင်တွေရဲ့ ဝတ်စုံတွေပါနေတယ်။

အီတလီနည်းပြ စပယ်လက်တီက ကစားသမားဘဝ ဂျာစီတွေ သိမ်းဆည်းရတာဝါသနာပါသူပါ။ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်

ပြန်ရပြီးနောက် စပယ်လက်တီက  "names from the Champions League" လို့ Caption ရေးပြီး

သူလဲလှယ်စုဆောင်းထားတဲ့ နာမည်ကျော်ကစားသမား ဂျာစီတွေကို ပြသခဲ့ဖူးပါတယ်။

စပယ်လက်တီ စုဆောင်းထားတဲ့ ဝတ်စုံတွေထဲ တော့တီ၊ ကာကာ၊ တိုနီကရူးစ်၊ မက်ဆီ၊ ရီဗယ်လ်ဒိုတို့လို  မှော်ဆရာတွေရဲ့ဂျာစီတွေ ရှိနေပါတယ်။

ကစားသမားတွေအချင်းချင်း ဂျာစီလဲလှယ်တဲ့ ယဉ်ကျေးမှုက ၁၉၃၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

ပြင်သစ်နဲ့အဂ်လန်အသင်းတို့ကစားတဲ့ပွဲမှာ ပြင်သစ်အသင်းက ဂျာစီချင်းလဲရအောင် တောင်းဆိုခဲ့တာပါ။

သမိုင်းတစ်လျှောက်အထင်ရှားဆုံး ဝတ်စုံလဲလှယ်မှုတစ်ခုက

၁၉၇၀ မက္ကဆီကိုကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ဂန္ထဝင်ပီလီနဲ့ အဂ်လန်ဂန္ထဝင် ဘော်ဘီမိုးတို့ လဲခဲ့တာပါ။

ဂျာစီလဲလိုစိတ်ကြောင့် ဝေဖန်ခံရသူတွေလည်း ရှိခဲ့ဖူးတယ်။ ၂၀၁၄ ခုနှစ်အတွင်းက ရီးယဲလ်နဲ့ပွဲမှာ ရလဒ်မကောင်းပေမယ့်

လီဗာပူးလ်တိုက်စစ်မှူး ဘာလိုတယ်လီက ပီပီဆီကနေ ပထမပိုင်းမပြီးခင် ဂျာစီအမှတ်တရတောင်းဆိုလို့

လီဗာပူးလ်ပရိသတ်တွေ ဒေါသထွက်ဖူးသလို၊ ၂၀၁၆ ခုနှစ်တုန်းကလည်း ချယ်လ်ဆီးနဲ့ PSG ချန်ပီယံလိဂ်ပွဲမှာ

ဟာဇက်က ဒီမာရီယာဆီကနေ ဂျာစီတောင်းဖူးလို့ ချယ်လ်ဆီးပရိသတ်တွေ လှောင်ပြောင်ဖူးပါတယ်။

မန်စီးတီးကို ဂိုးပြတ်ရှုံးတဲ့ပွဲအပြီးမှာ မန်ယူတိုက်စစ်မှူး နစ္စတယ်ရွိိိင်း မန်စီးတီးဂျာစီဆင်မြန်းပြီး အဝတ်လဲခန်းထဲရောက်လာလို့ ဖာဂီ ဆဲဆိုဖူးပါတယ်။

Hand of God ဆိုပြီးဂန္ထဝင်တွင်တဲ့ ၁၉၈၆  ကမ္ဘာ့ဖလားကွာတားဖိုင်နယ်၊

 အဂ်လန်နဲ့ပွဲက မာရာဒိုနာရဲ့ဂျာစီကို အဂ်လန်ကွင်းလယ်လူ စတိဗ်ဟို့ဂျ် အမှတ်တရလဲလှယ်ခွင့် ရခဲ့ပါတယ်။

အဲဒီဝတ်စုံကို ၂၀၂၂ ခုနှစ်အတွင်းမှာ လေလံတင်တော့ ပေါင် ၇ ဒသမ ၁၄ သန်း ရခဲ့တယ်။

相关新闻

ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

阅读更多
စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

阅读更多

更多新闻

Post Messi Era
Players News

Post Messi Era

မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

阅读更多
ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

阅读更多
ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

阅读更多
မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

阅读更多
မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

阅读更多
ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner