ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
ဟာရီကိန်းက ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်အောင်ပွဲမရဘဲ Ballon d' Or ဆုပိုင်ဆိုင်တဲ့တတိယမြောက်ကစားသမား အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်က ၂၀၂၆ ခုနှစ်အတွင်း Ballon d' Or သမိုင်းတစ်လျှောက်မှာ အဲဒီလိုမျိုး စွမ်းဆောင်နိုင်တာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုနှစ်ယောက်ပဲရှိခဲ့ဖူးတယ်။
မက်ဆီက ၂၀၁၀ ၊ ၂၀၁၂ နဲ့ ၂၀၁၉ ခုနှစ်၊ စီရော်နယ်လ်ဒိုက ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်အောင်ပွဲမရဘဲ Ballon d' Or ဆုကို သိမ်းပိုက်နိုင်ခဲ့တယ်။
ကမ္ဘာ့ဖလားကျင်းပတဲ့နောက်ဆုံး ၇ ကြိမ်ထဲက ၄ ကြိမ်မှာ Ballon d'Or ဆုကို ကမ္ဘာ့ဖလားချန်ပီယံအသင်းက ကစားသမားတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
၂၀၂၆ မှာလည်း ကမ္ဘာ့ဖလားပိုင်ရှင် ယမားလ်က ဆုရဖို့အတွက် ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီဟာရီကိန်းရဲ့သွင်းဂိုးမုန်တိုင်းက ယမားလ်ရဲ့Ballon d'Or မျှော်လင့်ချက်ကို ဝါးမြိုခဲ့တယ်။
ဂျာမန်ပြည်တွင်းဖလားနှစ်ခုပဲရတဲ့ ဟာရီကိန်းက စံချိန်တင်ဂိုးတွေနဲ့အတူ မိုက်ကယ်အိုဝင်နောက်ပိုင်း ပထမဆုံး Ballon d'Or ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ballon d'Or ရပြီးနောက် ဟာရီကိန်းက " အခုလို Ballon d'Or ရတဲ့အထိ အောင်မြင်လာမယ်မထင်ဘူး" လို့ ရိုးရိုးသားသားဝန်ခံခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ Ballon d'Or အကောင်းဆုံးကစားသမားစာရင်းမှာ အဆင့် ၁၀ သာရတဲ့ဟာရီကိန်းက ပြီးခဲ့တဲ့ရာသီအတွင်း ၆၁ ဂိုးအထိသွင်းယူခဲ့တယ်။
ဥရောပထိပ်တန်းလိဂ် ၅ ခုက သွင်းဂိုးအများဆုံးကစားသမားတိုင်းထက် ၁၉ ဂိုးသာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၁ နှစ်က စီရော်နယ်လ်ဒိုက တစ်ရာသီအတွင်း ၆၁ ဂိုးသွင်းယူပြီးနောက်ပိုင်း ဟာရီကိန်းက ဂိုးအများဆုံး ကစားသမားအဖြစ်စံချိန်တင်ခဲ့တာပါ.
ဘိုင်ယန်မြူးနစ်သမိုင်းတစ်လျှောက်မှာ တစ်ရာသီအတွင်း ဟာရီကိန်းလောက်ဂိုးသွင်းနိုင်မရှိခဲ့ဘူး။
ဂျရတ်မူလာ၊ ရူမင်နစ်ဂီ၊ လီဝန်ဒေါစကီးစတဲ့ဂန္ထဝင်တိုက်စစ်မှူးတွေက ဟာရီကိန်းကြောင့် အရောင်မှိန်သလို ဖြစ်ခဲ့ရတယ်။
ဟာရီကိန်းက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၁၂ ဂိုးအထိ သွင်းယူနိုင်လို့ သူ့ရဲ့၂၀၂၅-၂၆ ရာသီသွင်းဂိုးအရေအတွက်က ၇၃ ဂိုးအထိရှိခဲ့ပါတယ်။
၂၀၁၁-၁၂ ရာသီမှာ မက်ဆီက တစ်ရာသီအတွင်း ၈၂ ဂိုးသွင်းယူပြီးနောက် အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ဟာရီကိန်းပြသနိုင်ခဲ့တာပါ။
ဟာရီကိန်းက ၂၀၀၁ ခုနှစ်မှာ မိုက်ကယ်အိုဝင် ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း Ballon d'Or ဆုကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့တယ်။
၁၉၅၆ ခုနှစ်မှာ စတန်လီမက်သယူးစ်၊ ၁၉၆၆ ခုနှစ်မှာဘော်ဘီချာလ်တန်၊ ၁၉၇၈ခုနှစ်နှင့် ၁၉၇၉ခုနှစ်ကိုမှာ ကီဗင်ကီးဂန်းက Ballon d'Or ဆု ရဖူးလို့
ဟာရီကိန်းက Ballon d'Or ဆုရှင် ပဉ္စမမြောက်အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ဂိုးတွေပိုသွင်းတဲ့ စီရော်နယ်လ်ဒို၊ Ballon d'Or ဆုပထမဆုံးရတဲ့ ဘန်ဇီမာလို ဂန္ထဝင်ဖြစ်လာပါပြီ။