Players News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။

မာဒူအေကေက အာတီတာအယုံကြည်ရဆုံး "Finisher" တစ်ဦးဖြစ်လာပါတယ်။

ပြီးခဲ့တဲ့တပတ်လိဒ်စ်အသင်းနဲ့ပွဲ၊ ဒီတပတ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲတွေမှာ မာဒူအေကေက အာဆင်နယ်အတွက် နိုင်ပွဲတွေဖန်ဆင်းပေးခဲ့တယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ မာဒူအေကေက အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးသွင်းပေးပြီး သူရဲကောင်းဖြစ်ခဲ့တယ်။

တစ်မှတ်တန်မျှော်လင့်ချက်အတွက် ပိတ်ဆို့ကစားနေတဲ့ နော်တင်ဟမ်ဖောရက်စ်ဘက်ကို မိနစ် ၈၀ မှာ အနိုင်ဂိုးသွင်းပြီး မာဒူအေကေ အသည်းခွဲခဲ့တာပါ။

ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်သာရပြီး အဲဒီတစ်ကြိမ်ကနေ အာဆင်နယ်ဂိုးရခဲ့တာပါ။

အာဆင်နယ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကစားသမားတစ်ဦး အသည်းအသန် ရှာဖွေခဲ့ပေမယ့် မရခဲ့ပါဘူး။

ဗင်နီစီယက်စ်၊ အယ်လ်ဗာရက်ဇ်၊ မော်ဂန်ရော်ဂျာစ်တို့ကို လိုချင်ပေမယ့်မရခဲ့ဘူး။ ဇိုလစ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

ဇိုလစ်က ရာသီအစမှာ အစွမ်းပြခဲ့ပေမယ့် ဒဏ်ရာရသွားလို့ အာတီတာခေါင်းကိုက်ခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ မာဒူအေကေက အာဆင်နယ်တိုက်စစ်အတွက် ကယ်တင်ရှင်ဖြစ်လာပါတယ်။

သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အာဆင်နယ်တိုက်စစ်ရဲ့ အရေးပါဆုံးလူတစ်ဉီးဖြစ်လာခဲ့တယ်။

မာဒူအေကေက တစ်ဦးချင်းကျော်ဖြတ်မှုတွေ သိပ်ပြီးကောင်းမွန်ပါတယ်။ အရင်တုန်းက Finishing လိုအပ်ချက်တွေရှိပေမယ့် အခုပိုပြီးတိုးတက်လာတယ်။

ဒီနေရာမှာမမေ့မလျော့ပြောခဲ့ချင်တာက မာဒူအေကေ အစွမ်းပြလာတာမှန်ပေမယ့် ဆာကာနဲ့ မခိုင်းနှိုင်းသင့်ဘူးဆိုတာပါ။

ဆာကာက အာဆင်နယ်အသင်း နိမ့်ပါးစဉ် အချိန်ကာလကတည်းက ပါရမီဖြည့်လာသူပါ။

ဆာကာက အာဆင်နယ်အတွက် နှစ်ကာလများစွာ ထူးချွန်လာသူဖြစ်ပြီး မာဒူအေကေက အခုမှအစပဲ ရှိသေးတယ်။

မာဒူအေကေ အခုထက်ပိုပြီးလုပ်ပြရဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် မာဒူအေကေကြောင့် အာတီတာရဲ့ တိုက်စစ် Option ရွေးချယ်စရာ ပိုများလာတယ်။

ဆက်စပ်သတင်းများ

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?
Players News

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?

အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု
Players News

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း
Players News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။

နောက်ထပ် သတင်းများ

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ
Football News

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ

နည်းပြ ဒီဇာဘီရဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေနဲ့အတူ ကာလရှည်ဒဏ်ရာကနေ ပြန်လာတဲ့ မက်ဒီဆန်ရဲ့ သွင်းဂိုးအပါအဝင် ကိုဗင်ထရီကို အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ စပါးအသင်း သုံးသပ်ချက်။

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်
Football News

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်

ဟာဇယ်လာလက်ထက်မှာ ထက်မြက်တဲ့ တိုက်စစ်စွမ်းရည်တွေနဲ့အတူ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လာနိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ
Football News

လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ

လိဒ်စ်ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ခံစစ်ဦးစားပေး ကစားခဲ့ပြီး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့ ရုန်းကန်နေရပေမဲ့ ရလဒ်အပေါ် ကျေနပ်နေတဲ့ မန်ယူနည်းပြ ကာရစ်နဲ့ မက်ဂွိုင်းယားတို့အကြောင်း သုံးသပ်ချက်။

အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?
Football News

အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?

ယာမိုလုခ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲအလှည့်အပြောင်းဖြစ်သွားပြီး ဘရန့်ဖို့ဒ်ကို နောက်ကလိုက်ကာ အနိုင်ယူနိုင်ခဲ့တဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ပွဲစဉ်သုံးသပ်ချက်။

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?
Football News

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး
Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

တရားဝင်ချန်နယ်များ:

ONEX2 banner