အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
အမေ့ခံ EFL အငှားကစားသမားဘ၀ကို အချိန်အတန်ကြာ ဖြတ်သန်းခဲ့ရသူတစ်ဦးဟာ အခုဆိုရင် Ballon d'Or ဆု ရတဲ့အထိ ထည်ဝါခဲ့ပါပြီ။
ဟာရီကိန်းရဲ့ Ballon d'Or ဆုဆီသြားခဲ့ရာ ခရီးလမ်းဟာ ဒဏ္ဍာရီဆန်လွန်းပါတယ်။
ဟာရီကိန်းရဲ့ နည်းပြဟောင်း တင်ရှားဝုဒ်က "ဟာရီကိန်းရဲ့ အဖြစ်ဟာ စင်ဒရဲလားပုံပြင်လိုပဲ"ဆိုပြီး တင်စားပြောဆိုခဲ့တယ်။
တင်ရှားဝုဒ်က ဟာရီကိန်းကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ပေးခဲ့သူပါ။
အဲဒီအချိန်တုန်းက ဟာရီကိန်းဆီမှာ ပြငး်ထန်တဲ့ယုံကြည်စိတ်မရှိခဲ့ဘူး။ သူ့ရဲကစားသမားဘ၀ဟာ အမြင့်ဆုံးအဆင့်ဆီ ရောက်လိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး။
ဒါပေမဲ့ တင်ရှားဝုဒ်က ဟာရီကိန်းကို ခပ်ဝေးဝေးရောက်အောင် ပြေးခိုင်းခဲ့တယ်။
ကြမ်းတမ်းလွန်းတဲ့ ကစားသမားဘ၀ခရီးလမ်း
အသက် (၃၃)နှစ်အရွယ်မှာ Ballon d'Or ဆုပိုင်ဆိုင်ခဲ့သူ ဟာရီကိန်းက အသက် (၁၈)နှစ်အရွယ်မှာ မှိန်ပျပျကစားသမားဘ၀ကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ။
အင်္ဂလန်လိဂ်၀မ်းကလပ် လေတန်အော်ရီယန့်အသင်းမှာ ချာတိတ်လေးဟာရီကိန်း အငှားသွားကစားခဲ့ရတာပါ.။
Ballon d'Or ဆုကို နောက်ဆုံးအကြိမ်ပိုင်ဆိုင်ခဲ့တဲ့ မိုက်ကယ်အို၀င်နဲ့ လက်ရှိ Ballon d'Or ပိုင်ရှင် ဟာရီကိန်းက အတိတ်ဇာတ်ကြောင်းမတူညီကြပါဘူး။
မိုက်ကယ်အို၀င်က ဆယ်ကျော်သက်ဘ၀မှာပဲ ထင်ရှားကျော်ကြားခဲ့တယ်။ လီဗာပူးလ်လိုထိပ်တန်းအသင်းမှာ နေရာရခဲ့ပါတယ်။
ဟာရီကိန်းဖြတ်သန်းခဲ့ရာ ခရီးလမ်းက မိုက်ကယ်အို၀င်ထက် ကြမ်းတမ်းခဲ့ပါတယ်။ သူက မိုက်ကယ်အို၀င်လိုမျိုး ဆယ်ကျော်သက်ဘ၀မှာ
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မဖြစ်ခဲ့ဘူး။ စပါးအသင်းမှာ ပွဲထွက်ခွင့်ရအောင် မဆုတ်မနစ်တည်ဆောက်ခဲ့ရတာပါ။
ဒါကြောင့်ပဲ Ballon d'Or ဆုပေးပွဲမှာ ဟာရီကိန်းက "ကျွန်တော့်ရဲ့ကစားသမားဘ၀ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။ ထိပ်ဆုံးအဆင့်ကို
တိုက်ရိုက်မရောက်ခဲ့ပါဘူး။ အငှားကစားသမားအဖြစ် အတွေ့အကြုံယူခဲ့ရပြီး လက်ရှိအခြေအနေမျိုး ရောက်အောင် တိုက်ပွဲ၀င်ခဲ့ရတယ်"လို့ ပြောခဲ့တာပါ။
ကစားသမားတစ်ယောက်အတွက် အောက်တန်းအသင်းတွေမှာ အငှား သွားကစားရတာဟာ သိက္ခာကျစရာပါ။
လေတန်အော်ရီယန့်အသင်းမှာ အငှားသွားကစားရတဲ့ ဟာရီကိန်းအတွက်လည်း ကစားသမားဘ၀မျှော်လင့်ချက်လမ်းဆုံးသွားမယ်လို့ ထင်ခဲ့ကြတယ်။
ဒါပေမဲ့ အသက် (၂၀)အရွယ်မှာ ဟာရီကိန်းအတွက် မျှော်လင့်ချက်လင်းပလာတယ်။
စပါးအသင်းကနေ နည်းပြ ဗစ်တာဘိုအာစ် ထုတ်ပယ်ခံရပြီးနောက် တင်ရှားဝုဒ်အစား၀င်ရောက်ချိန်မှာ ဟာရီကိန်းက ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းကစားတဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာတော့ ဟာရီကိန်းက စပါးကစားသမားဘ၀ ပထမဆုံဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါဟာ ဟာရီကိန်းရဲ့ ဒ႑ာရီတ်ခုစတင်ချိန်ပါပဲ။ ပရီးမီးယားလိဂ်ကို စွန့်ခွာချိန်မှာ ဟာရီကိန်းကစပါးရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့ပါပြီ။
တစ်ချိန်တုန်းက လိဂ်၀မ်းမှာအငှားသွားကစားဖူးတဲ့ ဆယ်ကျော်သက်လေးက စပါးရဲ့ဂန္ထ၀င်အဖြစ် သမိုင်းတွင်ခဲ့တာပါ။
၂၀၂၆ Ballon d'Or ဆုအတွက် ထည့်သွင်းစဉ်းစားတဲ့ကာလအတွင်းမှာ ဟာရီကိန်းက သွင်းဂိုးပါ၀င်ပတ်သက်မှု (၆၈)ဂိုးအထိရှိခဲ့ပြီး
သူ့ရဲ့ အဓိကပြိုင်ဘက် ဘာပေ (၄၈ ဂိုး)၊ ယမားလ် (၄၁) ဂိုးတို့ထက် အပြတ်အသ-တ်သာလွန်ခဲ့ပါတယ်။
Ballon d'Or ရပြီးနောက် ဟာရီကိန်းက အင်္ဂလန်ရဲ့ ထာ၀ရအကောင်းဆုံးကစားသမားဖြစ်လာပြီလား?
စပါးမှာ ရှိစဉ်ကတည်းက သွင်းဂိုးစံချိန်တွေ ပိုင်ဆိုင်ထားသူ ဟာရီကိန်းက ဘွန်ဒစ်လီဂါရပ်၀န်းမှာလည်း ဂိုး (၁၀၀)ပြည့်တဲ့အမြန်ဆုံးစံချိန်၊
ပွဲ(၁၀၀)ပြည့်ကစားသမားတွေထဲ သွင်းဂိုးအများဆုံးစံချိန်တွေ သိမ်းပိုက်နိုင်ခဲ့တယ်။
ပြီးတော့ ဟာရီကိန်းက ဂိုးသွင်းကောင်းရုံသက်သက်မဟုတ်ဘဲ ထက်မြက်စူးရှတဲ့အမြင်၊ ထူးချွန်တဲ့ ဘောလုံးပေးပို့မှု၊
အသင်းကစားကွက်အခင်းအကျင်းကို ကူညီနိုင်မှု၊ တစ်ကိုယ်ကောင်းမဆန်ဘဲ အခွင့်အရေးဖန်တီးမှုတွေပါ ပိုင်ဆိုင်ထားသူ၊ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်နေပါတယ်။
၂၀၂၀-၂၁ ရာသီမွာ ပရီးမီးယားလိဂ် Playmaker ဆု ပိုင်ဆိုင်တာကိုကြည့်ရင် ဟာရီကိန်းက အဲဒီအချိန်ကစတင်ပြီး အခွင့်အရေးဖန်တီးနိုင်စွမ်းမြင့်မားနေတာ မြင်နိုင်ပါတယ်။
Sky Sports က ကာရေဂါကတော့ အင်္ဂလန်အသင်းရဲ့ ထာ၀ရအကောင်းဆုံးကစားသမားအဖြစ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖူးသလို၊
မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်အပါအ၀င် ဆုဖလားအောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့သူ ဘော်ဘီချာလ်တန်ကို ရွေးချယ်ခဲ့ပါတယ်။
စပါးကို ပြန်လာမလား?
ဟာရီကိန်းတစ်ယောက် စပါးအသင်းဆီ ပြန်လည်မလားဆိုတာကလည်း စိတ်၀င်စားစရာပါ။ ဟာရီကိန်းက စပါးအသင်းကို မချစ်လို့စွန့်ခွာခဲ့တာမဟုတ်ပါဘူး။
စပါးအသင်းမှာ သူလုပ်ပြစရာဘာမှမရှိတော့ဘူးလို့ ယူဆခဲ့သလို၊ သူ့ရဲ့ ဆုဖလားအောင်ပွဲမျှော်လင့်ချက်အတွက် စွန့်ခွာခဲ့တာပါ။
သူ့ရဲ့နှလုံးသားထဲမှာစပါးအသင်းက ရှိနေဆဲပါ။ ပြီးတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကလည်း ဟာရီကိန်း ပြန်လာအောင် ညို့ငင်နေပါတယ်။
ဟာရီကိန်းက အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန် (၂၆၀)ဂိုးကို လိုက်မီဖို့ (၄၇) ဂိုးပဲလိုပါတော့တယ်။
တကယ်လို့များ စပါးကို ပြန်လာပြီး အဲဒီသွင်းဂိုးစံချိန်ကို ဟာရီကိန်းအမီလိုက်နိုင်မယ်ဆိုရင် ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်ဇာတ်သိမ်းခန်းက ပိုပြီးလှပသွားပါလိမ့်မယ်။