ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။
ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။
ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့ " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊
အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။
ရာဖင်ညာရဲ့The Best ကာလ
ပြီးခဲ့တဲ့ရာသီမှာရာဖင်ညာရဲ့ထူးချွန်မှုက သိပ်ပြီး ထူးခြားကြီးမြတ်ခဲ့တယ်။ ဘာစီလိုနာတိုက်စစ်ရဲ့အသက်သွေးကြောဖြစ်ခဲ့တယ်။
ဘာစီလိုနာပရိသတ်တွေရဲ့အသည်းကျော်ဖြစ်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ရာဖင်ညာရဲ့သွင်းဂိုးတွေဟာ မရပ်မနားဆက်လက်အားကောင်းနေပါတယ်။
ပြီးခဲ့တဲ့ရေးဆင်းအသင်းနဲ့ လာလီဂါပွဲမှာ ရာဖင်ညာက ဘာစီလိုနာအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။
လက်ရှိရာသီအစမှာပဲ ရာဖင်ညာက ပြိုင်ပွဲစုံ ၁၁ ဂိုး အထိ သွင်းယူထားပြီး ထက်မြက်လွန်းတဲ့စွမ်းရည်ကို ပြသနေတယ်။
ဘာစီလိုနာက လာလီဂါမှာ ၆ ပွဲဆက်အနိုင်ရပြီး ချန်ပီယံကာကွယ်ပွဲအတွက် စမတ်ကျကျ ဖိအားမရှိဘဲ ဖြတ်သန်းနေပါတယ်။
ပြိုင်ပွဲစုံ ၇ ပွဲမှာ ဘာစီလိုနာက ငါးဂိုးနဲ့အထက်သွင်းနိုင်တဲ့ပွဲများစွာနဲ့ ၃၃ ဂိုးအထိ ပိုင်ဆိုင်ထားပြီး ရပ်တန့်မရတိုက်စစ်ကို သရုပ်ဖော်နေပါတယ်။
ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။
ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။
ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့ " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊
အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။
ရာဖင်ညာရဲ့ကစားသမားဘဝအတောက်ပဆုံးအချိန်၊ ရာဖင်ညာရဲ့ အိပ်မက်တွေအခမ်းနားဆုံးအချိန်
ဖြစ်ပေမယ့် အကောင်းဆုံးဆုတွေအတွက် ဒုတိယလူအဖြစ်သာ ကျေနပ်ခဲ့ရတယ်။ အကောင်းဆုံးအရှုံးသမားအဖြစ်သာ ကျေနပ်ခဲ့ရတယ်။
ရာဖင်ညာအတွက် ကစားသမားဘဝ ပိုင်ဆိုင်သမျှအရာအားလုံးဟာ အမြတ်ပါ။ သူကဘောလုံးသမားဘဝကိုလက်လျှော့အရှုံးပေးဖို့ ဆုံးဖြတ်ဖူးတယ်။
သူ့ဘော်ဒါတွေလိုမျိူး ဘရာဇီးလ်မှာအပေအတေလေးဖြစ်ဖို့ နီးစပ်ဖူးတယ်။ မူးယစ်ဆေးရောင်းချတဲ့ကောင်လေးဖြစ်ဖို့ နီးစပ်ဖူးတယ်။
ဒါပေမဲ့ ရာဖင်ညာရဲ့အမေကသူ့သားကို လမ်းမှားမရောက်စေချင်ဘူး။ ဇာတ်သိမ်းမလှတာမျိုးမဖြစ်စေချင်ဘူး။
သူ့သားရဲ့ဘောလုံးသမားဘဝကို စိမ်းလန်းစိုပြေစေချင်တယ်။ ရာဖင်ညာက လိဒ်စ်ယူနိုက်တက်လိုအသင်းကနေ
ဘာစီလိုနာလိုရွှေမြို့တော်ကြီးမှာ သူရဲကောင်းဘဝရောက်အောင် အခက်အခဲများစွာဖြတ်သန်းခဲ့ရတယ်။
သူ့အတွက် အကောင်းဆုံးဆုဆိုတာထက် သူချစ်မြတ်နိုးတဲ့ဘောလုံးအားကစားနည်းကိုကစားခွင့်ရနေတာကပဲ ဘုရားပေးတဲ့ဆုလာဘ်ပါ။
လူတွေကချန်ပီယံတွေ၊ အကောင်းဆုံးဆုရတဲ့သူတွေပဲ မှတ်မိကြတယ်တဲ့။ တကယ်ဆိုရင် အဲဒီစကားက မမှန်ပါဘူး။
Ballon d'or ၊ The Best ဆုတွေမရပေမယ့် ပရိသတ်ရင်ထဲစွဲကျန်နေတဲ့ ကစားသမားများစွာရှိနေပါတယ်။
ပီယာလို၊ ရီဘာရီ၊ ဝိန်းရွန်နီ၊ ဗီယာရာတို့လို ပရိသတ်နှလုံးသားထဲက ပထမဆုရသူတွေရှိပါတယ်။
ရာဖင်ညာကလည်း အဲဒီလိုကစားသမားစာရင်းဝင်သူပါ။ ဘာစီလိုနာနဲ့အတူ ရာဖင်ညာ လုပ်ပြနေတဲ့ အရာအားလုံးက ဂုဏ်ယူစရာတွေချည်းပါပဲ။
ယမားလ်နဲ့ ဘာပေက Ballon d'Or ဆုဟာ သူတို့နဲ့ပဲထိုက်တန်တယ်ဆိုပြီး ပြောနေတာကြားရတော့ ရာဖင်ညာကိုမျက်နှာပူမိပါတယ်။