Football News

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ်ရဲ့နောက်ကြောင်းပြန် အရေးယူမှုစည်းမျဉ်းနဲ့ ငြိစွန်းပြီး ပေါင် ၁၁ သန်းနီးပါး ပြစ်ဒဏ်ချခံရတယ်။

ပြီးတော့ ရမှတ် ၆ မှတ်ချမှတ်ခံရပြီး အယူခံဝင်ထားပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ၂၀၁၆-၁၇ ရာသီ

ကွန်တီရဲ့ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ဖလား မရသင့်ဘူးလို့ ပိုချက်တီနိုယူဆနေတာပါ။

၂၀၂၂ ခုနှစ်မှာ ချယ်လ်ဆီးကို တော့ဒ်ဘိုလေနဲ့ Clearlake Capital က ပိုင်ဆိုင်ပြီးနောက်

ပရီးမီးယားလိဂ်စည်းမျဉ်း ၇၄ ခု ချိုးဖောက်ခဲ့တယ်ဆိုပြီး FA ကို ကိုယ်တိုင်ဝန်ခံသတင်းပေးခဲ့တယ်။

ချယ်လ်ဆီးက တရားမဝင်အေးဂျင့်တွေကို လျှို့ဝှက်ငွေကြေး ပေါင် ၄၇ သန်းပေးခဲ့သလို၊

၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားမှာလည်း Third Party တွေကို ပြောင်းရွှေ့ကြေးထက်ပိုပေးပြီး ဆွဲဆောင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ကြားမှာ စပါးအသင်းအရိပ်အောက်ခိုလှုံဖူးသူ ပိုချက်တီနိုက

" ကျွန်တော့်လက်ထက် စပါးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့သင့်ပါတယ်။

ချယ်လ်ဆီးက အဲဒီရာသီမှာ မဟုတ်မှန်တာလုပ်ခဲ့ပြီး အရေးယူခံရတယ်ဆိုရင် ဒုတိယနေရာရပ်တည်တဲ့

အသင်းက ချန်ပီယံဖြစ်သင့်ပါတယ်" လို့ တောင်းဆိုခဲ့ပါတယ်။

ပိုချက်တီနိုက ၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးနည်းပြ ဖြစ်ဖူးပေမယ့် မျက်နှာမပူဘဲ အခုလိုမျိုးပြောခဲ့တာပါ။

တကယ်လို့များ ချယ်လ်ဆီးနေရာမှာ စပါးဆိုရင်ဘယ်လိုဖြစ်လာမလဲဆိုပြီး ပိုချက်တီနို မေးခွန်းထုတ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မန်စီးတီးက  ဘဏ္ဍာရေးစည်းမျဉ်းအချက် ၁၀၀ ကျော် ခြိုးဖောကျခဲ့လို့ ဖလားသိမ်းခံရမယ်၊

ရမှတ်လျှော့ခံရမယ်ဆိုပြီးသတင်းထွက်ခဲ့ဖူးတယ်။

အခုလည်း ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ  ပရီးမီးယားလိဂ်ချန်ပီယံဆုကို စပါးအသင်း လုယူခံရတယ်လို့ ယုံကြည်နေပါတယ်။

ဆက်စပ်သတင်းများ

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး
Football News

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး

ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

Ballon d'Or  ဆု ဘယ်သူရမလဲ?
Players News

Ballon d'Or  ဆု ဘယ်သူရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး
Football News

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ:

ONEX2 banner