သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ပရီးမီးယားလိဂ်ဒိုင်တွေက အသုံးမကျဘူးလို့ အာဆင်နယ်နည်းပြ အာတီတာ ပြောပြီးသိပ်မကြာခင်မှာပဲ စိတ်ပျက်စရာအမှားကို မြင်ခဲ့ရပြန်တယ်။ မန်ချက်စတာဒါဘီမှာ မပေးသင့်တဲ့ဂိုးတစ်ဂိုးပေးပြီး ပရီးမီးယားလိဂ်ဒိုင်တွေကရှက်စရာအမှားကို ကျူးလွန်ခဲ့တာပါ။ ဟာလန်းရဲ့သွင်းဂိုး Build Up လုပ်နေချိန်မှာ အသင်းဖော်အန်ဇို လူကျွံနေတာသိသာပြီး ဂိုးရရှိအောင် ပါဝင်ပတ်သက်ကြိုးစားခဲ့ပေမယ့် VAR Team က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာပါ။
ပရီးမီးယားလိဂ်ဒိုင်တွေက အသုံးမကျဘူးလို့ အာဆင်နယ်နည်းပြ အာတီတာ ပြောပြီးသိပ်မကြာခင်မှာပဲ
စိတ်ပျက်စရာအမှားကို မြင်ခဲ့ရပြန်တယ်။
မန်ချက်စတာဒါဘီမှာ မပေးသင့်တဲ့ဂိုးတစ်ဂိုးပေးပြီး ပရီးမီးယားလိဂ်ဒိုင်တွေကရှက်စရာအမှားကို
ကျူးလွန်ခဲ့တာပါ။ ဟာလန်းရဲ့သွင်းဂိုး Build Up လုပ်နေချိန်မှာ အသင်းဖော်အန်ဇို လူကျွံနေတာသိသာပြီး
ဂိုးရရှိအောင် ပါဝင်ပတ်သက်ကြိုးစားခဲ့ပေမယ့် VAR Team က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာပါ။
ကွင်းထဲကစည်းကြပ်ဒိုင်က ဟာလန်းဂိုးသွင်းယူချိန်မှာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့်
VAR Team က ပြန်လည်စစ်ဆေးပြီး ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာပါ။
ဒါဟာစိတ်ပျက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို VAR Team က
လူကျွံနေတဲ့အန်ဇိုဟာ ကစားကွက်ထဲပါဝင်ပတ်သက်ပြီး မန်ယူနောက်ခံလူ မာတီနက်ဇ်ကို အနှောင့်အယှက်
ပေးခဲ့သလားဆိုတာ on-field review လုပ်ခိုင်းရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ ကာရစ်နဲ့နောက်ခံလူ မာတီနက်ဇ်တို့က ဟာလန်းရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး
ဒိုင်ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။
Pundit အဖြစ်ဆောင်ရွက်နေတဲ့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း " အခုဆုံးဖြတ်ချက်အတွက်
ဒိုင်တွေပြန်တောင်းပန်ရမယ်" လို့ ပြောလိုက်ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ် Pro Ref က သူတို့ရဲ့အမှားကို သူတို့သိပြီး ကြော်ငြာချက်ထုတ်ကာ တောင်းပန်ခဲ့ရပါတယ်။
အဲဒီကြေညာချက်ထဲ " ကွင်းတွင်းဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က ဟာလန်းကို လူကျွံနေတယ် လို့ သတ်မှတ်ပြီး၊
VAR က ပြန်လည် စစ်ဆေးချိန်မှာ လူမကျွံခဲ့ပါဘူး။ လူကျွံနေတဲ့အန်ဇိုက ဘောလုံးကိုမထိခဲ့တာကြောင့် ဂိုးအဖြစ်ပေးခဲ့တာပါ။
ဒါပေမဲ့အန်ဇိုက ကစားကွက်အပေါ် သက်ရောက်နိုင်ခြေ ရှိတာကို ထည့်သွင်းမစဉ်းစားခဲ့မိဘဲ ဂိုးပေးခဲ့တာဟာ
"မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ဖော်ပြပါရှိခဲ့တယ်။
မန်ချက်စတာဒါဘီမှာ ဟာလန်းရဲ့သွင်းဂိုးက အငြင်းပွားစရာ ကောင်းခဲ့သလို၊ ဖိုဒန်ထုတ်ပယ်ခံရတဲ့ဖြစ်ရပ်ကလည်း
အမြင်အမျိုးမျိုးဖြစ်နေပါတယ်။ မန်စီးတီးက ဖိုဒန်က ဘရူနိုဖာနန်ဒက်စ်ကို ခြေထောက်နဲ့ကန်သလိုဖြစ်ခဲ့လို့
တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပါတယ်။ ဘောလုံးယှဉ်လုချိန်မှာ လဲကျသွားတဲ့ ဖိုဒန်ကို ဘရူနိုဖာနန်ဒက်စ်က
အရင်ကန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲကျသွားချိန်မှာ ဖိုဒန်က ဘရူနိုဖာနန်ဒက်စ်ကို ခြေထောက်မြောက်ပြီး
ကန်ခဲ့လို့ ထုတ်ပယ်ခံရတာပါ။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝိန်းရွန်နီက " ဒါကအနီကတ်မဟုတ်ပါဘူး" လို့ပြောခဲ့သလို
လီဗာပူးလ်ကစားသမားဟောင်း ဒန်နီမာဖီကလည်း " ဘရူနိုက ဖိုဒန်ကိုအရင်ကန်ခဲ့တာပါ။
ဒါပေမဲ့ အနီကတ်ပြရမယ့်ကိစ္စမျိုးမဟုတ်ဘူး။ ဖိုဒန်ကတော့ ဘရူနိုရဲ့အထက်ပိုင်းကိုကန်ခဲ့တာဖြစ်လို့ အနီကတ်ပါ" လို့ဝေဖန်ခဲ့တယ်။
နောက်ထပ်Pundit တစ်ဉီးဖြစ်တဲ့ ရော်ဘင်ဆင်က " ဖိုဒန်ရဲ့ရူးသွပ်တဲ့လုပ်ရပ်ပါ။
သူကန်လိုက်တာက ဘယ်လိုမှသက်ညှာလို့မရပါဘူး။ ဖိုဒန်ရဲ့ရူးသွပ်မှုကြောင့်မန်စီးတီး နစ်နာပါတယ်" လို့ ပြစ်တင်ခဲ့ပါတယ်။
မန်ချက်စတာဒါဘီဟာ အငြင်းပွားစရာတွေနဲ့ အဆုံးသတ်ခဲ့ပြီး မန်ယူအသင်းပရိသတ်တွေကတော့
တစ်ယောက်လျော့နဲ့ကစားရပေမယ့် အနိုင်မယူနိုင်တဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ဒေါသထွက်နေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ဒိုင်တွေရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းပြီး
မန်ချက်စတာဒါဘီလို Big Match မှာ ရပ်ကွက်ဆန်တဲ့အမှားမျိုးကျူးလွန်ခဲ့ပါတယ်။
ပွဲရဲ့အရည်အသွေးအရှိန်အဝါနဲ့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အမှားတွေ မလိုက်ဖက်ပုံက ထမင်းစားပွဲပေါ် မှာ ဟိုဟာလုပ်သလိုဖြစ်နေပါတယ်။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
