သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။
အရင်တုန်းက နေ့ရက်တွေ ဘယ်တော့မှ ပြန်မလာတော့ဘူး။ မန်ယူနဲ့ပတ်သက်ရင် အဲဒီစကားကအမှန်တရားပါ။
မန်ယူက ဘာအသွေးအသားဝိညာဉ်မှမရှိတော့ဘူး၊ စီးပွားရေး၊ ငွေကြေးနဲ့ လောဘပဲရှိတယ်။
လက်မှတ်စျေးတွေတစ်ရာသီပြီးတစ်ရာသီ တိုးတောင်းလို့အမာခံပရိသ-တ်တွေ အသက်ရှူကျပ်ပြန်တယ်။
မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။
အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။
အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။
ပေါင်တစ်ဘီလီယံလောက် အကြွေးတင်နေတဲ့ မန်ယူက ကွင်းသစ်စီမံကိန်းစီစဉ်နေတာလည်း ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။
ဒါဟာ False Hope တစ်ခု၊ ဒါမှမဟုတ်၊ စီးပွားရေးလုပ်ကွက်လို့ တံဆိပ်ကပ်နိုင်တယ်။
အာဆင်နယ်လို၊ စပါးလို ကွင်းသစ်စီမံကိန်းကြောင့် ဆုဖလားအိပ်မက်တွေရဲ့အဝေး အချိန်အကြာကြီး ရောက်သွားသလိုမျိုး မန်ယူလည်းရင်ဆိုင်ရနိုင်တယ်။
ဝင်ငွေတွေကတော့ တိုးပြီးရင်းတိုးနေမှာပေါ့လေ။ အသင်းစံချိန်တင်ဝင်ငွေရဖို့ အဓိက၊ ဖလားမရလည်း အေးဆေး၊ ငွေရရင်ပြီးရောဆိုတဲ့
အချိုးကို မန်ယူအသင်း ထိပ်တန်းတာဝန်ရှိသူတွေ ချုိး နေပါတယ်။
မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါက ကွင်းအတွင်းအောင်မြင်မှုဉီးစားပေးမူဝါဒ ကျင့်သုံးနေတယ်ပြောပေမယ့် တကယ်မဟုတ်ပါဘူး။
၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ပြန်သိမ်းမယ်ဆိုတာကလည်း အလကားပါ။
မန်ယူကခေတ်ဆိုးတွေ အများကြီးကြုံခဲ့ဖူးတယ်။ ဒါပေမဲ့ခေတ်ဆိုးတိုင်းမှာ မန်ယူကိုကယ်တင်မယ့်
နည်းပြကောင်းတွေ၊ ကစားသမားကောင်းတွေရှိခဲ့တယ်။ အခုမန်ယူမှာက အဲဒီလိုအရာတွေမမြင်ရဘူး။
မန်ယူက ရေတိုကုစားမှုတွေ သိပ်များခဲ့တယ်။ Short-term boost ဆိုတဲ့စကားလုံးက အတော်လေး
ကြောက်စရာကောင်းတယ်။ မန်ယူအသင်းက အဲဒီလိုရေတိုကုစားမှများပြီး မန်ယူကနေ နလံမထူဖြစ်နေတာကြာပြီ။
နည်းပြပြောင်းလဲတာ short-term boost ဖြစ်ပြီး မန်ယူအတွက် အသင်းဖွဲ့စည်းမှုပြန်တည်ဆောက်တာ၊မန်ယူ DNA ပြန်လည်ပြုစုပျိုးထောင်တာကပိုအရေးကြီးပါတယ်။ ကစားသမားတစ်ဦးချင်းစွမ်းဆောင်ကောင်းတချို့ရှိပေမယ့် အစုအဖွဲ့လိုက်သန်မာလာအောင် နည်းပြရဲ့management နဲ့ training system က
သိပ်ပြီးအရေးကြီးတယ်။ အရေးကြီးဆုံးအရာက မန်ယူရဲ့DNA ကို ပြန်လည်ဖန်ဆင်းပေးဖို့ ဖြစ်ပါတယ်။
မန်ယူရဲ့DNA ဆိုတာ နောက်ဆုံးချိန်အထိ အရှုံးမပေးလိုတာပါ။ ပြိုင်ဘက်ကို လွှမ်းမိုးပြီး
တိုက်စစ်ပြီးရင်းတိုက်စစ်ကစားတာပါ။ ပြိုင်ဘက်ကို Aggressive Style နဲ့ ဖိအားပေးတတ်တာပါ။
ဘာစီလိုနာက ဂွာဒီယိုလာမရှိတဲ့နောက် နည်းပြအမျိုးမျိုး ပြောင်းလဲပေမယ့် သူတို့ရဲ့ရိုးရာကို အပျက်မခံဘူး။ သူတို့ရဲ့DNA ကို အထိမခံဘူး။
မန်ယူကတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ နည်းပြများစွာ အပြောင်းအလဲ ဖြစ်ပြီး အဲဒီနည်းပြတွေက
သူတို့ရဲ့ဟန်ကိုအတင်းအကြပ် သွပ်သွင်းခဲ့ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ Bus ကားကွက်၊ ဗန်ဟားလ်နဲ့ ရန်းနစ်လက်ထက်မှာ ဘာမှန်းမသိ၊
မအောင်မြင်တဲ့ နည်းစနစ်တွေကြောင့် မန်ယူရဲ့DNA ပျက်စီးသွားတယ်။
မန်ယူက အသင်းတစ်သင်းအတွက်အရေးကြီးဆုံးအချက် တွေဖြစ်တဲ့ နည်းပြ၊ ကစားသမား၊ အသင်းစည်းလုံးမှု အကုန်လုံးဖရိုဖရဲဖြစ်ခဲ့တာပါ။
အရင်ခေတ်က ဖာဂီလို နည်းပြကောင်းဉှီးဆောင်ပြီး ကစားသမားတွေက တသွေးတသံတမိန့် လိုက်နာလို့ အသင်းလိုက်စုစည်းမှု သိပ်ပြီးကောင်းမွန်တယ်။
မန်ယူရဲ့DNA ကို ခံစားခွင့်ရခဲ့တယ်။ မန်ယူပရိသတ်တွေရဲ့လွမ်းမောဖွယ်ရာ အရင်ခေတ်ပါပဲ။
ချန်ပီယံစိတ်ဓာတ်ဆိုတာ ချန်ပီယံဖလားမရဖူးသူတွေဆီမှာမရှိပါဘူး။ လက်ရှိမန်ယူမှာ ပရီးမီးယားလိဂ်ဖလားရဖူးသူတစ်ယောက်မှမရှိလို့
ချန်ပီယံစိတ်ဓာတ် မရှိတာမဆန်းဘူး။ ဖာဂီနောက်ပိုင်းကတည်းက မန်ယူမှာနည်းပြအများအပြားပြောင်းလဲခဲ့ပြီး တည်ငြိမ်မှုမရှိတော့တာက
အသင်းစွမ်းဆောင်ရည်ကိုထိခိုက်တယ်။ အသင်းဖွဲ့စည်းမှုမတည်မြဲတာ၊ အသင်းမှာကစားသမားအသစ်တွေဝယ်ယူတာများပြီး
တစ်ဦးချင်းစွမ်းဆောင်ရည်မညီတာကြောင့် အောင်မြင်မှုမရရှိနိုင်ဘူး။
မန်ယူကသာမန်အသင်းဖြစ်နေပြီလားလို့မေးလာရင် ခေါင်းညိတ်မိမှာပါ။
လက်ရှိအခြေအနေအရ မန်ယူက ထိပ်တန်းအသင်းဖြစ်နေပေမယ့် အောင်မြင်မှုအတွက် ဘာအာမခံချက်မှမရှိဘူး။
နိုင်ပွဲပုံမှန်ရအောင် မနည်းရုန်းကန်နေရတယ်။
မန်ယူရဲ့အရင်ခေတ်ဆီ ပြန်ရောက်ဖို့ဆိုတာ ဝေးနေဉီးမယ်။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
