သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အကြောက်တရားဟာ အရာအားလုံးကို ဆုံးရှုံးစေနိုင်တယ်။ မန်ချက်စတာဒါဘီမှာ မန်ယူက မြို့ခံပြိုင်ဘက် မန်စီးတီးကို ထိတ်လန့်နေခဲ့တယ်။ ကစားသမားတစ်ယောက်အသာစီးရသွားချိန်မှာလည်း မန်ယူက ပြင်းထန်တဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို မပြသနိုင်ဘူး။
အကြောက်တရားဟာ အရာအားလုံးကို ဆုံးရှုံးစေနိုင်တယ်။ မန်ချက်စတာဒါဘီမှာ မန်ယူက မြို့ခံပြိုင်ဘက်
မန်စီးတီးကို ထိတ်လန့်နေခဲ့တယ်။ ကစားသမားတစ်ယောက်အသာစီးရသွားချိန်မှာလည်း မန်ယူက
ပြင်းထန်တဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို မပြသနိုင်ဘူး။
ပြီးခဲ့တဲ့ရာသီ၊ အိုးလ်ထရက်ဖို့ဒ်မှာ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းက ကြောက်ရွွံ့ခြင်းကင်းမဲ့ကစားဟန်နဲ့
အောင်ပွဲယူပြခဲ့တယ်။ အခုရာသီမန်ချက်စတာဒါဘီမှာတော့ မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းဟာ
ကြောက်စိတ်ကြောင့် နိုင်ပွဲအိပ်မက်အမှောက်သိပ်ခံခဲ့ရပါတယ်။
ဖိုဒန်ထုတ်ပယ်ခံရပြီးနောက် မန်ယူကစားသမားတွေရဲ့ အထာက အေးဆေးပါကွာဆိုပြီးစိတ်ကြီးဝင်ခဲ့သလိုပဲ။
ကြောက်တတ်သူတွေက ဟန်ကိုယ်ဖို့ဆိုသလို ဖြဲခြောက်ရုံသာဖြဲခြောက်တတ်သလိုမျိုး မန်ယူရဲ့အဆင့်က သားပေါက်ဘဝပါ။
ဟုတ်ပါတယ်၊ မန်ယူကပရီးမီးယားလိဂ်မှာ သားပေါက်ဘဝ ရောက်နေတာကြာပြီ။
ချန်ပီယံဆုကို စိတ်ကူးယဉ်ခွင့် မရှိဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာဘူး။
တန်းဆင်းဇုန်ပတ်ဝန်းကျင်မှာ ရုန်းကန်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
မန်ယူရဲ့အနာဂတ်ကဖရိုဖရဲနိုင်ပေမယ့် ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်တို့အဖွဲ့က လေထဲတိုက်အိမ်ဆောက်နေဆဲပါ။
ဆာဂျင်မ်ရက်ကလစ်ဖ်က မန်ယူအသင်းရှယ်ယာတချို့ကို ပေါင် ၁ ဒဿမ ၂၅ ဘီလီယံ သုံးကာဝယ်ယူပြီးနောက်
အရင်လိုဆုဖလားအောင်ပွဲတွေ ယူပေးမယ်လို့ကတိပေးဖူးတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ မန်ယူအသင်းအမှုဆောင်အရာရှိချုပ် အိုအာဘာရာဒါက ၂၀၂၈ ခုနှစ်ရောက်ရင်
ပရီးမီးယားလိဂ်ဖလားသိမ်းပိုက်ပြမယ်ဆိုပြီး ကြွေးကြော်ခဲ့တယ်။
အဲဒီကတိတွေ၊ ကြွေးကြော်သံတွေက မန်ယူရဲ့ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပါတယ်။
၁၉၉ ကြိမ်မြောက်မန်ချက်စတာဒါဘီမှာ ကစားသမားတစ်ယောက်အသာနဲ့ ကစားရပေမယ့်
မန်ယူအသင်းကရှက်စရာစွမ်းရည်ကြောင့် ရှုံးနိမ့်ခဲ့ရတယ်။
အခုဆိုရင်မန်ယူအသင်းက ရာသီအစလေးပွဲမှာ လေးမှတ်သာရတဲ့မှတ်တမ်းဆိုး ရင်ဝယ်ပိုက်လိုက်ရတယ်
၁၉၉၂-၉၃ ရာသီနောက်ပိုင်း အဆိုးရှားဆုံးရာသီအစနဲ့ မန်ယူရင်ဆိုင်လိုက်ရတာပါ။
ပြီးခဲ့တဲ့ရာသီ၊ နည်းပြအာမိုရင်မ်လက်ထက်မှာလည်း အခုလိုမျိုးပဲ ရာသီအစလေးပွဲမှာ လေးမှတ်သာရတဲ့ မှတ်တမ်းဆိုး ကြုံခဲ့ရဖူးပါတယ်။
ဒီတော့ မိုက်ကယ်ကာရစ်က အာမိုရင်မ်နဲ့ ဂုဏ်ရည်တူ လူညံ့တစ်ယောက်ဖြစ်နေပါပြီ။
မန်ချက်စတာဒါဘီပွဲမှာ ကွင်းထဲလာကြည့်တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့အဖွဲ့ကို မန်ယူပရိသတ်တွေ
ဆန္ဒပြခဲ့ကြတယ်။ မန်ယူရဲ့အဖြစ်က ပရိသတ်တွေ ဆန္ဒပြလိုက်၊ နည်းပြထုတ်လိုက်၊ ရှုံးပွဲကြုံလိုက် သံသရာထဲပိတ်မိနေဆဲပါ။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
