မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။
မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ
လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။
သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။
မန်ချက်စတာက ဆမ်ဘာတေးသံ
မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။
မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ
လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။
သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။
ဂျေဂျေဂါဘရီယဲလ်က လူငယ်အဆင့်မှာ ကြယ်တစ်ပွင့်လိုလင်းပနေပေမယ့် မန်ယူအသင်းကြီးအတွက် ဘာမှလုပ်မပြနိုင်သေးဘူး။
ဒီလိုအချိန်မှာ မန်ချက်စတာမြို့ရဲ့အပြာရောင်ကိုယ်စားပြုလူငယ်တစ်ဉီးက သွင်းဂိုးတွေနဲ့ ထက်မြက်နေတယ်။
သူ့နာမည်က ဖလွိုက်ဒ်ဆမ်ဘာပါ၊ အသက် ၁၇ နှစ်အရွယ်လူငယ်လေးက နော်ဝစ်ချ်အသင်းနဲ့
လိဂ်ဖလားပွဲမှာ မန်စီးတီးအတွက် နှစ်ဂိုးသွင်းပြီး တောက်ပခဲ့တယ်။
ဆမ်ဘာက မန်စီးတီးအကယ်ဒမီကို အသက်ကိုးနှစ်အရွယ်မှာ ရောက်လာခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာ
မန်စီးတီး ယူ ၁၈ အသင်းနဲ့အတူ ဆမ်ဘာက ၂၄ ဂိုးသွင်းပြီးဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်တဲ့အထိ
အစွမ်းပြခဲ့ပါတယ်။ မန်ယူအသင်းနဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း ဆမ်ဘာက အမိုက်စားဖရီးကစ်တစ်ဂိုး သွင်းပြခဲ့ပါတယ်။
နောဝစ်ချ်အသင်းနဲ့လိဂ်ဖလားပွဲမှာ မန်စီးတီးအသင်းကြီးအတွက်ပထမဆုံးဂိုးသွင်းပြီးနောက် ဆမ်ဘာက မိသားစုနဲ့သူငယ်ချင်းတွေရှိတဲ့
ပွဲကြည့်စင်ဘက် လှည့်ပြီးအနမ်းပေးကာ အောင်ပွဲခံခဲ့တယ်။
ဆမ်ဘာက ဘောလုံးမျိုးရိုးကဆင်းသက်လာသူပါ။ သူ့အဖေက တစ်ချိန်တုန်းက ဘလက်ဘန်းအသင်းမှာ အစွမ်းပြခဲ့တဲ့ ခရစ္စတိုဖာဆမ်ဘာဖြစ်ပါတယ်။
သူ့အဖေက မာဂုဏ်မြင့်ခံစစ်ကစားသမားဖြစ်ခဲ့ပြီး အခုသားဖြစ်သူက ထက်မြက်တိုက်စစ်ကစားသမား ဆိုတာ သက်သေပြနေပါတယ်။
ဆမ်ဘာရဲ့ဂိုးက နောဝစ်ချ်အသင်းဘက်ကို ဂိုးရအောင် ရုန်းကန်နေရတဲ့မန်စီးတီးအတွက် ဖိအားလျော့စေခဲ့တယ်။
တကယ်ဆိုရင် ဆမ်ဘာက နောဝစ်ချ်နဲ့ပွဲကျမှ No. 9 Role မှာ ပထမဆုံးကစားဖူးပေမယ့် အစွမ်းပြခဲ့တာပါ။
မန်စီးတီးနည်းပြ မာရက်စ်ကာက ဆမ်ဘာရဲ့အရည်အသွေးကိုသဘောကျနေပါတယ်။
ဂိုးသွင်းစွမ်းရည်သာမကဘဲ ကစားဟန်ကိုပါ မာရက်စ်ကာချီးကျူးခဲ့တယ်။
ငယ်ရွယ်ပြီး ပေါက်ကွဲအားပြင်းထန်သူ ဆမ်ဘာက ဟာလန်းတစ်ယောက်တည်းရှိနေတဲ့
မန်စီးတီးရဲ့No. 9 Role နေရာအတွက် အားထားရသူဖြစ်လာမှာပါ။ မာရက်စ်ကာက ဆမ်ဘာကို တဖြေးဖြေးချင်း
အခွင့်အရေးပေးသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။
ဆမ်ဘာကလည်း " အခုမှ အစပဲရှိသေးတယ်၊ နောက်ထပ်ဂိုးတွေ ထပ်သွင်းပြမယ်" လို့ ကြွေးကြော်လိုက်တယ်။