တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊
Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။
ကြွေးထူမန်ယူ
မန်ယူအသင်းရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က အသုံးစရိတ်တွေ စံချိန်တင်လျှော့ချနေပေမယ့်
မန်ယူအသင်းရဲ့ကြွေးမြီပမာဏက ပေါင် ၁ ဘီလီယံကျော်ရှိနေဆဲပါ။
တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊
Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။
၂၀၂၃-၂၄ ရာသီမှာ ပေါင် ၁၁၃ ဒဿမ ၂ သန်းရှုံးရာကနေ အခုလိုမျိုးဝင်ငွေတိုးလာတာပါ။
ဒါပေမဲ့ ဂလေဇာပိုင်ဆိုင်ပြီးနောက် ၂၀၀၅ ခုနှစ်မှာ စတင်တဲ့ ကြွေးမြီပမာဏက အတိုးနှုန်းတွေကြောင့် ပေါင် ၁ ဘီလီယံကျော်အထိမြင့်တက်လာပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းရှိနေပေမယ့် မန်ယူအသင်းရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က
ကွင်းသစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေပါတယ်။
လက်ရှိအချိန်မှာ မန်ယူအသင်းက ကွင်းသစ်စီမံကိန်း အတွက် ပေါင် ၆၃ ဒဿမ ၅ သန်းတန်မြေနေရာ ဝယ်ယူထားပါတယ်။
အိုးလ်ထရက်ဖို့ဒ်နဲ့ ကိုက် ၃၅၀ အကွာမှာ ကွင်းသစ်စီမံကိန်းဆောင်ရွက်သွားဖို့
မန်ယူ စီစဉ်ထားပြီး ပေါင် ၂ ဘီလီယံသုံးစွဲမှာလည်း ဖြစ်ပါတယ်။
မန်ယူအသင်းပရိသတ်တွေကတော့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၁၄၈ သန်းသာ
သုံးခဲ့လို့မကျေမနပ်ဖြစ်ခဲ့သလို၊ ရာသီအစရလဒ်ဆိုးတွေကြောင့်လည်း အသင်းပိုင်ရှင်တွေကို ဆန္ဒပြနေတယ်။
မန်ယူအသင်းရဲ့နွေရာသီအသုံးစရိတ်က တန်းတက်အစ်ဝစ်ချ်အသင်းထက် နည်းခဲ့ပါတယ်။