ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။
ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။
အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။
ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း
ဘိုင်ယန်မြူးနစ်ပွဲကစားတိုင်း ဟာရီကိန်းက စံချိန်တစ်ခု ပိုင်ဆိုင်တာ အစဉ်အလာဖြစ်နေပြီ။
အခုလည်း ယူနီယံဘာလင်ကို ဘိုင်ယန်မြူးနစ် ၇ ဂိုးဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဟာရီကိန်းက နှစ်ဂိုးသွင်းပြီး သွင်းဂိုးစံချိန်တစ်ခု ပိုင်ဆိုင်ခဲ့ပြန်တယ်။
ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။
ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။
အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။
ဟာရီကိန်းက ယူနီယံဘာလင်နဲ့ ဆုံတွေ့တိုင်း ဂိုးမြူးလေ့ရှိပြီး ၇ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ ဟာရီကိန်း ဂိုးအများဆုံးသွင်းထားတဲ့အသင်းက စတုဂတ်ဖြစ်ပြီး ၁၀ ဂိုးအထိသွင်းယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီ ၅၁ ပွဲမှာ ၆၁ ပွဲအထိသွင်းယူခဲ့သူ ဟာရီကိန်းက လက်ရှိရာသီမှာလည်း ဂိုးမြူးနေပြီး Ballon d'Or ရဖို့ရေပန်းစားနေတယ်။
ဟာရီကိန်းက " အချိန်တိုအတွင်းမှာ အခုလိုမျိုး ဂိုး ၁၀၀ ပြည့်စံချိန်တင်နိုင်လို့ကျေနပ်မိတယ်။
ဘိုင်ယန်မြူးနစ် ကစားသမားဘဝစက္ကန့်တိုင်းကို ကျေနပ်မိပြီး အသင်းဖော်တွေကြောင့် အခုလိုစံချိန် ပိုင်ဆိုင်ခဲ့တာပါ။
ဒီအသင်းမှာ သိပ်ပြီးပျော်ရွှင်နေသလို ပရိသတ်တွေနဲ့ဆက်ဆံရေးကလည်း ကောင်းမွန်ပါတယ်" လို့ပြောတယ်။
စပါးအသင်းနဲ့အတူ စံချိန်တင်ဂိုးတွေဖန်ဆင်းပြပေမယ့် ဆုဖလားအောင်ပွဲ မရတဲ့ဟာရီကိန်းက ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ
သွင်းဂိုးစံချိန်တွေ၊ ဆုဖလားအောင်ပွဲတွေ သိမ်းပိုက်ထားပြီး Ballon d'or ဆုနဲ့ ပိုလို့နီးစပ်လာပါတယ်။
ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်းဖြစ်လာပါပြီ။