ဘာပေက ချန်ပီယံလိဂ်သမိုင်းရဲ့အခမ်းနားဆုံးကစားသမားဖြစ်ပြီးရင်းဖြစ်လာပါတယ်။
အချိန်တိုအတွင်းမှာပဲ ဘာပေက ချန်ပီယံလိဂ်သမိုင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့အဆင့်ငါးနေရာရောက်လာခဲ့ပြီ။
ဘာပေရဲ့Ballon d'Or မျှော်လင့်ချက်
ဘာပေက ချန်ပီယံလိဂ်သမိုင်းရဲ့အခမ်းနားဆုံးကစားသမားဖြစ်ပြီးရင်းဖြစ်လာပါတယ်။
အချိန်တိုအတွင်းမှာပဲ ဘာပေက ချန်ပီယံလိဂ်သမိုင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့အဆင့်ငါးနေရာရောက်လာခဲ့ပြီ။
ပြီးခဲ့တဲ့အင်တာမီလန်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဘာပေရဲ့ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်က
၇၁ ဂိုးအထ်ရှိလာပါတယ်။ ဘာပေကချန်ပီယံလိဂ်မှာ ၉၉ ပွဲကစားပြီး ၇၁ ဂိုးအထိသွင်းယူထားတာဖြစ်လို့
ဂုဏ်ယူစရာကောင်းလွန်းပါတယ်။
စီရော်နယ်လ်ဒို (၁၄၀ ဂိုး)၊ မက်ဆီ (၁၂၉ ဂိုး)၊ လီဝန်ဒေါစကီး (၁၀၉ ဂိုး)၊ ဘန်ဇီမာ (၉၀ ဂိုး)တို့ရဲ့နောက်
ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးအဖြစ် ဘာပေရပ်တည်လာတာပါ။
ဘာပေက ရီးယဲလ်ဂန္ထဝင် ရာအူးလ်ရဲ့ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်ကိုလည်း လိုက်မီခဲ့တာဖြစ်ပါတယ်။
ဘာပေက အင်တာမီလန်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ Ballon d'Or လိုချင်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာဘာပေက ရီးယဲလ်အတွက် ၄၄ ပွဲကစား၊ ၄၂ ဂိုးအထိသွင်းယူခဲ့သလို၊
၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ၁၀ ဂိုးသွင်းပြီးဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့သူ
ဘာပေက " ကျွန်တော့်အတွက်အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့လို့ Ballon d'Or ဆု ပိုင်ဆိုင်ချင်ပါတယ်။
ဒါပေမဲ့လူတွေက ကိုယ်ထင်ရာကိုယ် မဲပေးရွေးချယ်ကြတာပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားက ကျွန်တော်ပါ" လို့ ပြောပါတယ်။
ဘာပေက PSG အသင်းကစားသမားဘဝ ၂၀၂၃ ခုနှစ်မှာ
Ballon d'Or Ranking အဆင့်သတ်မှတ်ချက် တတိယနေရာရပ်တည်ဖူးပါတယ်။
၂၀၂၆ Ballon d'Or ဆုကို ဟာရီကိန်းက ရရှိဖို့ထိပ်ဆုံးကရေပန်းစားနေပြီး ယမားလ်နဲ့ ရိုဒရီကဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။