၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။
၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့
စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။
အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို
၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။
၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့
စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။
စီရော်နယ်လ်ဒိုက ပေါ် တူဂီအသင်းအတွက် သူ အရေးတကြီး လိုအပ်သေးတယ်လို့ ယုံကြည်နေတယ်။
စီရော်နယ်လ်ဒိုက ပေါ် တူဂီအတွက်အောင်မြင်မှု ယူပေးချင်နေတယ်။ သူ့ရဲ့သွင်းဂိုး ၁၀၀၀ ရည်မှန်းချက်ကို အသက်သွင်းချင်နေတယ်။
ကမ္ဘာ့ဖလားပြီးရင် ပေါ် တူဂီအသင်းကနေ အနားယူမယ် ပြောပြီးမှပြန်ကစားတာနဲ့ပတ်သက်လို့
စီရော်နယ်လ်ဒိုက " ကျွန်တော့်ဆုံးဖြတ်ချက်တွေကို အမြဲတမ်းပြန်စဉ်းစားပါတယ်။
ပေါ်တူဂီအသင်းသမ္မတ၊ ပေါ်တူဂီအသင်းနည်းပြတို့နဲ့ စကားပြောဖြစ်ပါတယ်။
သူတို့ လိုချင်တဲ့ အောင်မြင်မှုတွေရဖို့ ကျွန်တော်ကူညီပေးနိုင်ပါတယ်။
နေးရှင်းလိဂ်ချန်ပီယံဆုကို ပေါ်တူဂီနဲ့အတူ နှစ်ကြိမ်မြောက်ရယူဖူးတဲ့ စီရော်နယ်လ်ဒိုက တတိယအကြိမ်ရယူချင်နေပါတယ်။
" ဂိုးတစ်ထောင်ပြည့်ရည်မှန်းချက်ရယ်၊ နေးရှင်းလိဂ်ချန်ပီယံဆုရယ်နှစ်ခုစလုံးက ကျွန်တော့်အတွက်အရေးကြီးဆုံးအရာတွေပါ" လို့
စီရော်နယ်လ်ဒိုပြောပါတယ်။
စီရော်နယ်လ်ဒိုက ဖီဂိုတို့ခေတ်ကတည်းက ပေါ်တူဂီအတွက်ကစားလာပြီး အခုနောက်ထပ် မျိုးဆက်သစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရမှာပါ။
စီရော်နယ်လ်ဒိုက " မျိုးဆက်တွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော်လုပ်ရမယ့်အရာက ဂိုးသွင်းဖို့နဲ့
ပေါ်တူဂီအသင်းအနိုင်ရအောင်ကစားပေးဖို့ပါ" လို့ ပြောတယ်။
စီရော်နယ်လ်ဒိုက သူဟာ မျိုးဆက်သစ်တွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်နေဆဲလို့ယုံကြည်နေတယ်။
ဒါပေမဲ့ စီရော်နယ်လ်ဒိုမပါရင် ပေါ်တူဂီအသင်းပိုကောင်းတယ်ဆိုပြီး ဝေဖန်သူတွေလည်းရှိပါတယ်။
စီရော်နယ်လ်ဒိုက မျိုးဆက်သစ်တွေကို နေရာမဖယ်ပေးဘဲ သူ့အတ္တအတွက် ပေါ်တူဂီအသင်းမှာ ဆက်ကစားသလိုဖြစ်နေပါတယ်။