Players News

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။ အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း  တစ်ဉီးအဖြစ် ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။ ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။

အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း  တစ်ဉီးအဖြစ် ရပ်တည်နေတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။

ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။

သွင်းဂိုးပါဝင်ပတ်သက်မှုမှာလည်း မာလန်က ၂၂ ဂိုးနဲ့အထူးချွန်ဆုံးဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ် (၂၀ ဂိုး)၊ ယမားလ် (၁၉ ဂိုး)တို့ထက် ပိုများခဲ့တယ်။

ရိုးမားဟာ မာလန်အတွက် နတ်ရေကန်ဖြစ်ခဲ့တယ်။ ရုန်းကန်ရသူ၊ အရောင်မှိန်သူဘဝကနေ ကြယ်တပွင့် ဖြစ်လာပါတယ်။

ဗီလာကစားသမားဘဝ ၄၆ ပွဲမှာ သွင်းဂိုး ၁၀ ဂိုး၊ ဂိုးဖန်တီးမှု ၂ ကြိမ်သာပြုလုပ်နိုင်ပြီး  မိနစ် ၁၅၀ နီးပါးကျမှ

တစ်ဂိုးသွင်းနိုင်ခဲ့သူ မာလန်က ရိုးမားရောက်တဲ့အခါ ၉၆ မိနစ်တစ်ဂိုးနှုန်း ပိုင်ဆိုင်နေပါတယ်။

ဗီလာမှာ အထောင်တိုက်စစ်မှူးအဖြစ် အထီးကျန်ဆန်ခဲ့သူဟာ ရိုးမားရောက်တော့ ကွင်းလယ်နဲ့တိုက်စစ်ဇုန်ထဲ လွတ်လပ်စွာကစားခွင့်ရတယ်။

ဒီလိုနဲ့ပဲ စီးရီးအေက ပရီးမီးယားလိဂ် ဒုတိယတန်းစားကစားသမားတွေအတွက် ပြန်လည်မွေးဖွားတဲ့အရပ်ဖြစ်လာတယ်။

နေပယ်လ်ရောက် တွမ်မီနေးလိုမျိုး နာပိုလီနဲ့အတူ စီးရီးအေချန်ပီယံဆု၊ ဂိုးသွင်းဘုရင်ဆုတွေ မျှော်လင့်ခွင့်ရှိလာတယ်။

ရောမမြို့ဟာ ဒဏ္ဍာရီလာ သူရဲကောင်းတွေ မွေးဖွားရာအရပ်ဆိုပြီး ထင်ရှားပါတယ်။

မာလန်က အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့ ဘောလုံးရပ်ဝန်းထဲသူရဲကောင်းဖြစ်လာခဲ့တယ်။

ဆက်စပ်သတင်းများ

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား
Players News

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်ရဲ့ Safety First ကစားဟန်က ဝေဖန်ခံရတယ်။ အာတီတာက စွန့်စားမှုနည်းနိုင်သမျှ နည်းပြီး ထိရောက်မှုဉီးစားပေးဟန်ကို အချိန်ယူတည်ဆောက်ထားတာပါ။ ပရိသတ်အတော်များများက အာဆင်နယ်ကို မကြည့်ချင်ကြဘူး၊ပျင်းစရာကောင်းတယ်ဆိုပြီး ပြစ်တင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က (၁-၀) ရလဒ်တွေနဲ့ တည်ကန်ဘောဂိုးတွေများခဲ့လို့ အခုလိုမျိုး ဝေဖန်ခံရတာပါ။ 

ရာဖင်ညာရဲ့The Best ကာလ
Players News

ရာဖင်ညာရဲ့The Best ကာလ

ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။ ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။ ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့  " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊ အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

နောက်ထပ် သတင်းများ

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ
Football News

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့် မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး
Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
Players News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား

တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။  ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။  တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။ 

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
Players News

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း

ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ
Football News

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ

အာတီတာနဲ့ အာဆင်နယ်ကြား နောက်ထပ်နှစ်ကာလများစွာ သက်တမ်းတိုးဖို့ သေချာသလောက် ဖြစ်လာပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အာတီတာဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ။  စာချုပ်သက်တမ်းတိုးပြီးရင် အာတီတာက လစာအများဆုံးနည်းပြတစ်ဉီး ဖြစ်လာမှာပါ။

တရားဝင်ချန်နယ်များ:

ONEX2 banner