Football News

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ

နည်းပြ ဒီဇာဘီရဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေနဲ့အတူ ကာလရှည်ဒဏ်ရာကနေ ပြန်လာတဲ့ မက်ဒီဆန်ရဲ့ သွင်းဂိုးအပါအဝင် ကိုဗင်ထရီကို အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ စပါးအသင်း သုံးသပ်ချက်။

စပါးနည်းပြ ဒီဇာဘီက နိုင်ပွဲရအောင်နည်းမျိုးစုံ ကြံစည်ခဲ့ပါတယ်။

ကွင်းထဲမှာ အစွမ်းပြနိုင်အောင် နည်းဗျူဟာအစီအစဉ်တွေသာမကဘဲ ကွင်းပြင်ပ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်တွေပါ ဒီဇာဘီ ဖန်တီးပေးခဲ့တယ်။

ဒီဇာဘီက စိတ်ပညာရှင် ခေါ် ပြီး စပါးကစားသမားတွေရဲ့ညစ်နွမ်းနေတဲ့စိတ်ကို ပြုပြင်ပေးတယ်။

ညစာအတူစားပြီး ရယ်မောပျော်ရွှင်စေတယ်။ ပြီးတော့Marbella ကမ်းခြေလိုက်ပို့ပြီး အပန်းဖြေစေခဲ့ပါတယ်။

အဲဒီလုပ်ရပ်တွေရဲ့အကျိုးကျေးဇူးအဖြစ် စပါးက ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲ ပိုင်ဆိုင်ခဲ့ပါပြီ။

တန်းတက်ကိုဗင်ထရီအသင်းကို အနိုင်ယူပြီး စပါးနိုင်ပွဲမရသေးတဲ့အမည်းစက်ကို ဖယ်ရှားလိုက်ပြီ။

စပါးရဲ့နိုင်ပွဲမှာသူရဲကောင်းဖြစ်ခဲ့သူက ၁၈ လကြာမှ ပထမဆုံးပွဲထွက်ကစားခွင့်ရသူ မက်ဒီဆန်ပါ။

မက်ဒီဆန်က ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတယ်။

အခု အသင်းဟောင်းကိုဗင်ထရီနဲ့ပွဲမှာ မက်ဒီဆန်က ဂိုးသွင်းယူပြီး သူ့ရဲ့Trademark မြားပစ်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

ပြီးတော့ စပါးအသင်းအမှတ်တံဆိပ်ကို မြတ်နိုးစွာနမ်းရှိုက်ပြလိုက်ပါတယ်။

မက်ဒီဆန်က အခုလိုမျိုးအောင်ပွဲမခံရတာ ကြာပါပြီ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကစားတဲ့ မန်ယူနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် မက်ဒီဆန် ဂိုးပေါက်ပျောက်ခဲ့တာပါ။

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းကစားတဲ့ လီဗာပူးလ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် မက်ဒီဆန် နောက်ဆုံးပါဝင်ခဲ့ပြီး

အဲဒီကာလအတွင်း စပါးအသင်းက ပရီးမီးယားလိဂ် ၄၉ ပွဲမှာ ၁၁ ပွဲသာနိုင်ပြီး ၂၃ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ကိုဗင်ထရီကို နိုင်ခဲ့တာဟာ စပါးအတွက် ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး ၃၇ ပွဲမှာ ၆ ပွဲမြောက် နိုင်ပွဲ၊

၂၀၂၆ ခုနှစ်အတွင်း၄ ပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ  ဖြစ်ခဲ့ပါတယ်။

အခုလိုမျိုး ၃ ဂိုးအထိ သွင်းယူနိုင်တာကလည်း ပြီးခဲ့တဲ့ရာသီအစ ဘန်လေအသင်းနဲ့ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

စပါးအတွက် ဂိုးပြတ်နိုင်ပွဲအပြင် ကျေနပ်စရာကောင်းတဲ့အရာတွေက မာမွတ်ရှ် ဂိုးပေါက်တွေ့ခဲ့တာ၊ ကာလရှည်အနားယူနေရတဲ့ ကူလူဆက်ဗ်စကီး ပြန်ကစားနိုင်ခဲ့တာတွေပါ။

စပါးအသင်းနည်းပြ ဒီဇာဘီက ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲအတွက် ဂုဏ်ယူနေပြီး " အခုထက်ပိုကောင်းအောင်

ကြိုးစားသွားမယ်၊ နိုင်ပွဲတွေထပ်ယူပြမယ်" လို့ ကြွေးကြော်လိုက်ပါတယ်။

相关新闻

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်
Football News

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်

ဟာဇယ်လာလက်ထက်မှာ ထက်မြက်တဲ့ တိုက်စစ်စွမ်းရည်တွေနဲ့အတူ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လာနိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ
Football News

လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ

လိဒ်စ်ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ခံစစ်ဦးစားပေး ကစားခဲ့ပြီး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့ ရုန်းကန်နေရပေမဲ့ ရလဒ်အပေါ် ကျေနပ်နေတဲ့ မန်ယူနည်းပြ ကာရစ်နဲ့ မက်ဂွိုင်းယားတို့အကြောင်း သုံးသပ်ချက်။

阅读更多
အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?
Football News

အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?

ယာမိုလုခ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲအလှည့်အပြောင်းဖြစ်သွားပြီး ဘရန့်ဖို့ဒ်ကို နောက်ကလိုက်ကာ အနိုင်ယူနိုင်ခဲ့တဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ပွဲစဉ်သုံးသပ်ချက်။

阅读更多

更多新闻

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်
Players News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။

阅读更多
ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?
Players News

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?

အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။

阅读更多
ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?
Football News

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။

阅读更多
El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု
Players News

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

阅读更多
Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း
Players News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။

阅读更多
ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး
Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

阅读更多

Official Channels

ONEX2 banner