နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။
မာဒူအေကေက အာတီတာအယုံကြည်ရဆုံး "Finisher" တစ်ဦးဖြစ်လာပါတယ်။
ပြီးခဲ့တဲ့တပတ်လိဒ်စ်အသင်းနဲ့ပွဲ၊ ဒီတပတ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲတွေမှာ မာဒူအေကေက အာဆင်နယ်အတွက် နိုင်ပွဲတွေဖန်ဆင်းပေးခဲ့တယ်။
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ မာဒူအေကေက အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးသွင်းပေးပြီး သူရဲကောင်းဖြစ်ခဲ့တယ်။
တစ်မှတ်တန်မျှော်လင့်ချက်အတွက် ပိတ်ဆို့ကစားနေတဲ့ နော်တင်ဟမ်ဖောရက်စ်ဘက်ကို မိနစ် ၈၀ မှာ အနိုင်ဂိုးသွင်းပြီး မာဒူအေကေ အသည်းခွဲခဲ့တာပါ။
ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်သာရပြီး အဲဒီတစ်ကြိမ်ကနေ အာဆင်နယ်ဂိုးရခဲ့တာပါ။
အာဆင်နယ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကစားသမားတစ်ဦး အသည်းအသန် ရှာဖွေခဲ့ပေမယ့် မရခဲ့ပါဘူး။
ဗင်နီစီယက်စ်၊ အယ်လ်ဗာရက်ဇ်၊ မော်ဂန်ရော်ဂျာစ်တို့ကို လိုချင်ပေမယ့်မရခဲ့ဘူး။ ဇိုလစ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။
ဇိုလစ်က ရာသီအစမှာ အစွမ်းပြခဲ့ပေမယ့် ဒဏ်ရာရသွားလို့ အာတီတာခေါင်းကိုက်ခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ မာဒူအေကေက အာဆင်နယ်တိုက်စစ်အတွက် ကယ်တင်ရှင်ဖြစ်လာပါတယ်။
သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အာဆင်နယ်တိုက်စစ်ရဲ့ အရေးပါဆုံးလူတစ်ဉီးဖြစ်လာခဲ့တယ်။
မာဒူအေကေက တစ်ဦးချင်းကျော်ဖြတ်မှုတွေ သိပ်ပြီးကောင်းမွန်ပါတယ်။ အရင်တုန်းက Finishing လိုအပ်ချက်တွေရှိပေမယ့် အခုပိုပြီးတိုးတက်လာတယ်။
ဒီနေရာမှာမမေ့မလျော့ပြောခဲ့ချင်တာက မာဒူအေကေ အစွမ်းပြလာတာမှန်ပေမယ့် ဆာကာနဲ့ မခိုင်းနှိုင်းသင့်ဘူးဆိုတာပါ။
ဆာကာက အာဆင်နယ်အသင်း နိမ့်ပါးစဉ် အချိန်ကာလကတည်းက ပါရမီဖြည့်လာသူပါ။
ဆာကာက အာဆင်နယ်အတွက် နှစ်ကာလများစွာ ထူးချွန်လာသူဖြစ်ပြီး မာဒူအေကေက အခုမှအစပဲ ရှိသေးတယ်။
မာဒူအေကေ အခုထက်ပိုပြီးလုပ်ပြရဦးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာဒူအေကေကြောင့် အာတီတာရဲ့ တိုက်စစ် Option ရွေးချယ်စရာ ပိုများလာတယ်။