Football News

လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ

လိဒ်စ်နဲ့ သရေကျတာ ပျော်နေတာလား မန်ယူ

လိဒ်စ်ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ခံစစ်ဦးစားပေး ကစားခဲ့ပြီး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့ ရုန်းကန်နေရပေမဲ့ ရလဒ်အပေါ် ကျေနပ်နေတဲ့ မန်ယူနည်းပြ ကာရစ်နဲ့ မက်ဂွိုင်းယားတို့အကြောင်း သုံးသပ်ချက်။

မန်ယူက ဒီတခါလည်း မနိုင်ပြန်ဘူး၊ စိတ်ပျက်စရာ စွမ်းရည်နဲ့ ခံယူချက်ကို မြင်ရပြန်တယ်။

ထပ်ပြီးရှုံးလို့မဖြစ်တဲ့ အခြေအနေကြောင့် ကာရစ်က အကြောက်တရားတွေလွှမ်းမိုးခံရတယ်။

မန်ယူအသင်းပွဲထွက်လူစာရင်းမှာ တိုက်စစ်ကစားမယ့်သူ သုံးယောက်ပဲပါခဲ့တယ်။ အမ်ဘူမို၊ အာမက်ဒီယာလိုနဲ့ ဘရူနိုဖာနန်ဒက်စ်ပါ။

လိဒ်ယူနိုက်တက်ကို မန်ယူကအဲဒီလိုမျိုးကြောက်ခဲ့ပါတယ်။ မန်ယူအတွက် ကြောက်ရမယ့်အသင်းတွေက တစ်ရာသီပြီးတစ်ရာသီ များသထက်များလာတယ်။

အိမ်နိမ့်စံမန်ယူက အငုံ့စိတ်တွေနဲ့ ရှင်သန်နေရပါတယ်။ ပြီးတော့ မန်ယူကစားသမားတွေဆီမှာ ယုံကြည်စိတ် မရှိတော့ဘူး။

ဦးဆောင်ဂိုးတွေရပေမယ့် အနိုင်ရလဒ်ကိုမထိန်းထားနိုင်တာ အသင်းငယ်လေးတွေရဲ့ဒုက္ခ ဖြစ်ပါတယ်။

လက်ရှိရာသီမှာ မန်ယူက ဦးဆောင်ဂိုးတွေ ပြန်ပြန်ပေးနေရပြီး အသင်းငယ်တစ်သင်းဆန်လာပြီ။

ပရီးမီးယားလိဂ် ၇ ပွဲကစား၊ ၇ မှတ်သာရထားပြီး နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးရွားဆုံးရာသီအစ ရလဒ်နဲ့မန်ယူ ရင်ဆိုင်နေရတယ်။

လက်ရှိရလဒ်တွေကို မိုက်ကယ်ကာရစ် မကယ်တင်နိုင်တော့ဘူးလား။

မိုက်ကယ်ကာရစ်ကတော့ အခုအချိန်အထိ သူ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေဆဲပဲ။

မန်ယူကစားသမားတွေက စိတ်ဓာတ်၊ စုစည်းမှုနဲ့ အတူတကွတည်ရှိမှုကို ပြသခဲ့တယ်လို့ မိုက်ကယ်ကာရစ် ချီးကျူးခဲ့တယ်။

မိုက်ကယ်ကာရစ်က " ကျွန်တော်တို့အသင်းက အင်အားကြီးမားတဲ့အစုအဖွဲ့ဖြစ်နေဆဲပါ" လို့ ပြောခဲ့တာပါ။

မန်ယူအသင်းနောက်ခံလူမက်ဂွိုင်းယားကလည်း " လိဒ်စ်က လက်ရှိရာသီပရီးမီးယားလိဂ်မှာ အမြင့်ပျံနေပေမယ့်ကျွန်တော်တို့အကောင်းဆုံး

တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့တယ်" လို့ ပြောခဲ့ပြန်တယ်။

အဲဒီစကားတွေကိုကြည့်ရင် လိဒ်စ်အသင်းနဲ့ သရေကျခဲ့တာအတွက် မန်ယူနည်းပြ မိုက်ကယ်ကာရစ်နဲ့ မက်ဂွိုင်းယားတို့ကျေနပ်သာယာနေပုံပါပဲ။

မန်ယူအသင်းက အလယ်အလတ်အဆင့်တောင် မရှိတော့ပါဘူး။

相关新闻

အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?
Football News

အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ် ကံကောင်းခဲ့တာလား ?

ယာမိုလုခ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲအလှည့်အပြောင်းဖြစ်သွားပြီး ဘရန့်ဖို့ဒ်ကို နောက်ကလိုက်ကာ အနိုင်ယူနိုင်ခဲ့တဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ပွဲစဉ်သုံးသပ်ချက်။

阅读更多
ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?
Football News

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။

阅读更多
မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး
Football News

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး

နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။

阅读更多

更多新闻

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?
Players News

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?

အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။

阅读更多
El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု
Players News

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

阅读更多
Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း
Players News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။

阅读更多
ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး
Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

阅读更多
မာတီနက်ဇ် ပြန်တောင်းပန်ရပြီ
Football News

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ

အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး
Football News

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner